Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
အကျဥ်းချုပ်
ခါးနာခြင်း (အထူးသဖြင့် ခါးအောက်ပိုင်း) သည် အဖြစ်များသော ပြဿနာတစ်ခုဖြစ်ပါသည်။အများအားဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာသွားတတ်သော်လည်း
တစ်ခါတစ်ရံ ပိုကြာတတ်ပြီး ပြန်ဖြစ်လေ့ရှိပါသည်။
နာကျင်မှုသက်သာစေရန် သင်ကိုယ်တိုင်လုပ်ဆောင်နိုင်သော နည်းလမ်းများရှိပါသည်။
ဖြစ်ပွားရသောအကြောင်းအရင်း
ခါးနာခြင်းသည် အလိုအလျောက်သက်သာတတ်ပြီး အကြောင်းရင်းကို အတိအကျမသိနိုင်သည့်အခါများလည်းရှိပါသည်။
အဖြစ်များသောအကြောင်းရင်းမှာ ကြွက်သားဆွဲခြင်း (strain) ကဲ့သို့သော ထိခိုက်မှုများဖြစ်သည်။
တစ်ခါတစ်ရံတွင် ခါးရိုးဆစ်ရွေ့ခြင်း (slipped disc)၊ ခါးအာရုံကြောညပ်ခြင်း (sciatica) သို့မဟုတ် အဆစ်ရောင်နာကျင်မှု (ankylosing spondylitis) တို့ကြောင့်လည်း ဖြစ်နိုင်သည်။
အလွန်ရှားပါးစွာ၊ ခါးနာခြင်းသည် အရိုးကျိုးခြင်း၊ ကင်ဆာ သို့မဟုတ် ပိုးဝင်ခြင်း ကဲ့သို့သော ပြင်းထန်သည့်ပြဿနာတစ်ခု၏ လက္ခဏာလည်းဖြစ်နိုင်သည်။
ကုသမှုနည်းလမ်းများ
နာကျင်မှုပြင်းထန်ပါက (သို့) မသက်သာပါက ဆရာဝန်မှ နာကျင်မှုသက်သာဆေး ကြွက်သားပြေလျော့ဆေး များ ညွှန်းပေးနိုင်သည်။
ရက်သတ္တပတ်အနည်းငယ်ကြာသည်အထိ မသက်သာပါက အောက်ပါနည်းလမ်းများကို အကြံပြုနိုင်သည်:
- အုပ်စုလိုက်လေ့ကျင့်ခန်းများနှင့် ရုပ်ပိုင်းဆိုင်ရာကုထုံး (physiotherapy)
- လက်ဖြင့်ကုသခြင်း (manual therapy) – လေ့ကျင့်သင်ကြားထားသော ကုထုံးပညာရှင်မှ ခါးရိုးများနှင့် ကြွက်သားများကို နှိပ်နယ်ပေးခြင်း
- စိတ်ပိုင်းဆိုင်ရာကုထုံး (CBT) – နာကျင်မှုကို ရင်ဆိုင်နိုင်ရန် အထောက်အကူပြုခြင်း
- အာရုံကြောပိတ်ဆို့ခြင်း (nerve block) – နာတာရှည်ခါးနာခြင်းအတွက်သာ
ခါးရိုးဆစ်ရွေ့ခြင်း (slipped disc) ကဲ့သို့သော အခြေအနေများတွင် အခြားကုထုံးများ အလုပ်မဖြစ်ပါက ခွဲစိတ်ကုသမှုကို ရွေးချယ်နိုင်သည်။
ခါးနာသက်သာစေရန် အိမ်တွင် ကုသနည်းများ
- နေ့စဉ်လှုပ်ရှားမှုများ ဆက်လုပ်ပါ
- အကိုက်အခဲပျောက်ဆေးသောက်ပါ အိုင်ဗျူပရိုဖန် (ibuprofen) ကဲ့သို့ ရောင်ရမ်းမှုကျဆေးမျိုး ပါရာစီတမော (paracetamol) ကို တစ်မျိုးတည်းမသောက်ဘဲ အခြားဆေးနှင့် တွဲသောက်ပါ
- ရေခဲ/အပူကပ်ပါ ရောင်ရမ်းနာကျင်ပါက: ရေခဲအိတ်ကို အဝတ်စဖြင့်ထုပ်ပြီး ၁၅-၂၀ မိနစ်ကပ်ပါ
- ကြွက်သားတောင့်ပါက: ရေနွေးအိတ်ကပ်ပါ
- ခါးနာသက်သာစေသော လေ့ကျင့်ခန်းများ ပြုလုပ်ပါ ခါးဆန့်သည့် သိပ်သည်းမှုနည်းသော လေ့ကျင့်ခန်းများ (ဥပမာ - ခါးကိုဖြည်းဖြည်းဆန့်ခြင်း)
- အိပ်ရာထဲတွင် အချိန်ကြာမြင့်စွာ မနေပါနှင့်
ဆရာဝန်နှင့်ပြသရန်အချိန်
ဆရာဝန်နှင့် ပြသင့်သည့်အခြေအနေများ :
- အိမ်တွင် ကုသပြီး ၂ ပတ်ကြာသည့်တိုင် မသက်သာပါက
- နာကျင်မှုကြောင့် နေ့စဉ်လုပ်ငန်းများ မလုပ်နိုင်တော့ပါက
- နာကျင်မှုပြင်းထန်လာပါက
- စိုးရိမ်လွန်ပါက
အရေးပေါ်ဆရာဝန်နှင့် ချက်ချင်းပြသင့်သည့်အခြေအနေများ :
ခါးနာခြင်းနှင့်အတူ ဤလက္ခဏာများရှိပါက:
- အဖျားတက်ခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- ခါးတွင် အလုံးပေါ်ခြင်း (သို့) ပုံစံပြောင်းခြင်း
- အနားယူသည့်တိုင် နာကျင်မှုမသက်သာခြင်း (သို့) ညဘက်ပိုဆိုးခြင်း
- ချောင်းဆိုး၊ နှာချေ၊ ဝမ်းသွားစဉ် ပိုနာခြင်း
- ခါးအပေါ်ပိုင်း (ပခုံးကြား) နာခြင်း
လူနာတင်ယာဥ် ခေါ်ခြင်း (သို့) အရေးပေါ်ဌာနသို့ အမြန်သွားရမည့် အခြေအနေများ :
ခါးနာခြင်းနှင့်အတူ ဤလက္ခဏာများရှိပါက:
- ခြေထောက်နှစ်ဖက် တွင် နာ/ထုံ/အားနည်းခြင်း
- လိင်အင်္ဂါ/တင်ပါးတဝိုက် ထုံကျင်ခြင်း
- ဆီးသွားရခက်ခြင်း
- ဆီး/ဝမ်းမထိန်းနိုင်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- မတော်တဆမှုကြီးနောက်ပိုင်း စနာခြင်း (ဥပမာ - ကားတိုက်မှု)
ကိုယ်တိုင်ကားမောင်းမသွားပါနှင့်။ မိသားစုဝင်၊ မိတ်ဆွေ သို့မဟုတ် အကူအညီရနိုင်သူတစ်ဦးကို ကားမောင်းပို့ခိုင်းပါ သို့မဟုတ် အရေးပေါ် ဌာနသို့ ဖုန်း ခေါ် ၍ လူနာတင် ယာဥ် ခေါ် ပါ။
သောက်နေသောဆေးများကို ယူဆောင်သွားပါ။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.