Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ပါဝင်သောအကြောင်းအရာများ
အကျဥ်းချုပ်
အတက်ရောဂါသည် ဦးနှောက်ကို တိုက်ရိုက်သက်ရောက်စေပြီး မကြာခဏ အတက်ဖြစ်ပွားစေသော ရောဂါတစ်ခု ဖြစ်သည်။
တက်ခြင်းဆိုသည်မှာ ဦးနှောက်တွင်း လျှပ်စစ်လှိုင်းများ လျှင်မြန်စွာ ပေါက်ကွဲမှုဖြစ်ရာမှသည် ဦးနှောက်၏ လုပ်ဆောင်ချက်ကို ယာယီအချိန်အတွင်း သက်ရောက်စေသည်။ ၎င်းတို့သည် လက္ခဏာ မျိုးစုံဖြစ်ပေါ်စေနိုင်ပါသည်။
အတက်ရောဂါသည် မည်သည့် အသက်အရွယ်တွင်မဆို စတင်ဖြစ်ပေါ်နိုင်သော်လည်း၊ အများအားဖြင့် ကလေးအရွယ်၌ သို့မဟုတ် အသက် ၆၀ ကျော်သူများတွင် စတင်ဖြစ်လေ့ရှိသည်။
၎င်းသည် အများအားဖြင့် ရေရှည်ဖြစ် သော ရောဂါဖြစ်သော်လည်း အချို့အခါတွင် အချိန်ကြာလျှင်တ ဖြည်းဖြည်း တိုးတက်ကောင်းမွန်လာနိုင်ပါသည်။
လက္ခဏာများ
အတက်ဖြစ်ခြင်းသည် ဦးနှောက်၏ မည်သည့်အပိုင်းကို သက်ရောက်သည်ကို အခြေခံပြီး လူတိုင်းကို မတူညီသည့် နည်းလမ်းများဖြင့် သက်ရောက်နိုင်ပါသည်။
ဖြစ်နိုင်သော ရောဂါလက္ခဏာများမှာ:
- ထိန်းချုပ်လို့မရသော တုန်ယိမ်းခြင်းနှင့်တက်ခြင်း
- သတိလစ်ပြီး အာရုံမပြုဘဲ ငြိမ်စေ့နေခြင်း
- ကိုယ်ခန္ဓာ တောင့်တင်းခြင်း
- ထူးဆန်းသော ခံစားမှုများ၊ ဥပမာ ဝမ်းခေါင်းအိမ်၌ "တက်လာသော" ခံစားမှု၊ ထူးဆန်းသောအနံ့များ သို့မဟုတ် အရသာများ၊ လက်သို့မဟုတ် ခြေထောက်တွင်ခပ်စူးစူးခံစားရခြင်း
- သတိမေ့ခြင်း
တစ်ခါတစ်လေ သတိလစ်ပြီး ဖြစ်ရပ်များကို မမှတ်မိခြင်း။
ဖြစ်ပွားရသောအကြောင်းအရင်း
အတက်ရောဂါတွင် ဦးနှောက်၏ လျှပ်စစ်လှိုင်းအချက်ပြချက်များ ပေါင်းထွေးမှုရှိလာပြီး တစ်ခါတရံ လျှပ်စစ်လှိုင်းများ မတော်တဆ အလျင်စလို ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။ ၎င်းသည် အတက်ဖြစ်ခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပါသည်။
များသောအားဖြင့်၊ ၎င်းဖြစ်ရခြင်း၏ အကြောင်းရင်းကို ထင်ရှားစွာ မသိရပါ။ သို့သော် ၎င်းသည် သင်၏ ဦးနှောက်၏ လုပ်ဆောင်ချက်ကို သက်ရောက်စေသော မျိုးရိုးဗီဇဆိုင်ရာ အခြေအနေများနှင့် ပတ်သက်မှုရှိနိုင်ပါသည်။ အတက်ရောဂါရှိသူ ၃ ယောက်တွင် ၁ ယောက်မှာ မိသားစုအတွင်း၌ ဤရောဂါရှိသူတစ်ဦးနှင့် ဆက်စပ်မှုရှိသည်။
တစ်ခါတရံ အတက်ရောဂါသည် ဦးနှောက်ထိခိုက်မှုကြောင့် ဖြစ်ပေါ်နိုင်ပါသည်၊ ဥပမာ:
- လေဖြတ်ခြင်း
- ဦးနှောက်အကျိတ်
- ခေါင်းကို ပြင်းထန်စွာ ထိခိုက်မှု
- မူးယစ်ဆေးဝါးအလွဲသုံးမှု သို့မဟုတ် အရက်သောက်ခြင်း
- ဦးနှောက်ပိုးဝင်ခြင်း
- မွေးဖွားစဉ်တွင် အောက်ဆီဂျင်မလုံလောက်ခြင်း
ရောဂါရှာဖွေခြင်း
သင့်အား အတက်ဖြစ်မှုတစ်ကြိမ်ကြုံတွေ့ခဲ့ရပါက GP ဆရာဝန်မှ ၎င်း၏ အကြောင်းရင်းကို ရှာဖွေရန် ကျွမ်းကျင်ဆရာဝန်ထံ ပို့ဆောင်နိုင်ပါသည်။
သင့်ရဲ့ ဆရာဝန်မှာ – ဦးနှောက်၊ အာရုံကြောရောဂါအထူးကု (neurologist) ဖြစ်ပါသည်။ဆရာဝန်သည် သင့်အတက်ဖြစ်မှုနှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းကာ အတက်ရောဂါရှိမရှိ စမ်းသပ်မှုများကို အကြံပြုနိုင်ပါသည်။
အတက်ရောဂါအတွက် စမ်းသပ်မှုများ
ကျွမ်းကျင်ဆရာဝန်မှ ဦးနှောက်လျှပ်စစ်လုပ်ဆောင်မှု (EEG) စစ်ဆေးမှု သို့မဟုတ် ဦးနှောက်ရှိ ပြဿနာများကို စမ်းသပ်ရန် ဦးနှောက်စကင်ပုံကြည့်ခြင်း အကြံပြုနိုင်ပါသည်။
သို့သော် ဤစမ်းသပ်မှုများတွင် ဘာမှမတွေ့ရှိလျှင်လည်း သင့်အား သင့်ရောဂါလက္ခဏာအပေါ်အခြေခံပြီး အတက်ရောဂါဟု သတ်မှတ်နိုင်ပါသည်။
ဦးနှောက်လျှပ်စစ်လုပ်ဆောင်မှု စစ်ဆေးခြင်း (EEG)
EEG သည် အတက်ရောဂါရှိသူများတွင် ဖြစ်ပေါ်နိုင်သည့် ဦးနှောက်လျှပ်စစ်အလုပ်အသွင်အပြင်များကို စစ်ဆေးရန် အသုံးပြုသည်။
ဦးနှောက်စကင်
ဦးနှောက်ရှိ ပြဿနာများကို ဖော်ထုတ်ရန် ဦးနှောက်စကင်ကို အသုံးပြုနိုင်သည်။ ဥပမာ:
- ပုံမှန်မဟုတ်သောကြီးထွားခြင်း (ဦးနှောက်အကျိတ်)
- လေဖြတ်ခြင်းကဲ့သို့သော ဦးနှောက်ထိခိုက်မှု
- ဦးနှောက်တွင်း အနာဖြစ်နေခြင်း
ကုသမှု
အတက်ရောဂါရှိသူများအများစုအတွက် ကုသမှုသည် အတက်ဖြစ်ခြင်းများ လျှော့ကျစေရန် သို့မဟုတ် အလုံးစုံရပ်တန့်စေရန် အထောက်အကူဖြစ်စေပါသည်။
ကုသမှုများတွင်:
- အတက်ရောဂါဆေးများ (anti-epileptic drugs) – ၎င်းသည် အဓိကကုသမှုဖြစ်သည်။
- အတက်ရောဂါဖြစ်စေသည့် ဦးနှောက်အပိုင်းငယ်ကို ဖယ်ရှားရန် ခွဲစိတ်မှု
- ဦးနှောက်ထိန်းချုပ်ရေးအတွက် လျှပ်စစ်ပစ္စည်းငယ်တစ်ခုကို ခန္ဓာတွင်းတွင် ထည့်သွင်းခြင်း
- အတက်ဖြစ်ခြင်းကို ထိန်းချုပ်နိုင်သော ketogenic အစားအစာစနစ်
တစ်ချို့သောလူများအတွက် ကုသမှုသည် တစ်သက်တာလိုအပ်နိုင်ပါသည်။ သို့သော် အတက်ဖြစ်ခြင်းများ အချိန်ကြာလျှင် ပျောက်ကင်းသွားပါက ကုသမှုရပ်နားနိုင်ခြေရှိပါသည်။
ဆရာဝန်နှင့်ပြသ ရန်အချိန်
သင် အတက်ဖြစ်ခြင်းကို ပထမဆုံး ကြုံတွေ့ရသည်ဟု ထင်ပါက ဆေးရုံသို့ သွားရောက်ပြသပါ။
၎င်းသည် သင်မှာ အတက်ရောဂါရှိသည်ဟု မဆိုလိုပါ၊ အတက်ဖြစ်ခြင်းသည် အကြောင်းရင်းများစွာကြောင့် ဖြစ်ပေါ်နိုင်ပြီး တစ်ခါတစ်ရံ အတက်ဖြစ်ခြင်းသည် တစ်ကြိမ်ဖြစ်စဉ်သာ ဖြစ်နိုင်ပါသည်။ သို့သော် ဖြစ်ရခြင်းအကြောင်းရင်းကို ရှာဖွေရန် ဆရာဝန်နှင့် တွေ့ဆုံရန် လိုအပ်ပါသည်။
အောက်ပါအခြေအနေများရှိပါက အရေးပေါ်ကားခေါ်ပါ :
- ပထမဆုံးအကြိမ်အတက်ဖြစ်ခြင်း
- ၅ မိနစ်ထက်ပိုကြာအောင်တက်တာမရပ်ခြင်း
- တစ်ခါတစ်ခါ ဆက်တိုက်တက်ခြင်း
- အသက်ရှူရခက်ခြင်း သို့မဟုတ် ပြင်းထန်စွာ ထိခိုက်ပျက်စီးမှုရှိခြင်း
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.