နှာခေါင်းအတွင်းရောင်ရမ်းခြင်း(Sinusitis | Sinus Infection)

Patient Guide
2024- ဒီဇင်ဘာ 11 by
နှာခေါင်းအတွင်းရောင်ရမ်းခြင်း(Sinusitis | Sinus Infection)
Zwe Htoo
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

ထိပ်ကပ်နာရောဂါဆိုသည်မှာ လူဦးခေါင်းခွံတွင် နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ နှာခေါင်းလှိုဏ် (Sinus) ပိတ်ဆို့ရာကနေ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုတဲ့ နှာခေါင်းလှိုဏ် တွေ ပိုးဝင်ရောင်ရမ်းခြင်းဖြစ်ပါတယ်။ထိပ်ကပ်နာရောဂါသည် ရုတ်တရက်ဖြစ်နိုင်ပြီး အချိန်တို ၄ ပတ် လောက်ပဲဖြစ်ပြီးပြန်ကောင်းနိုင်ပါတယ်။ ကြာရှည်ဖြစ်နေပြီဆိုရင်တော့ ဆေးဝါးများနှင့် ကုသနုိင်ပါတယ်။

လက္ခဏာများ

ထိပ်ကပ်နာရောဂါရဲ့ လက္ခဏာတွေကတော့:

  • ပါးနှစ်ဖက်, မျက်လုံးနှင့် နှဖူးတွင် တင်းပြီး ရောင်ရမ်းနာကျင်ခြင်း
  • နှာပိတ်ခြင်း, နှာရည်ကျခြင်း
  • အနံ့ခံအာရုံလျော့နည်းခြင်း
  • အစိမ်းရောင် သို့မဟုတ် အဝါရောင် နှပ်များထွက်ခြင်း
  • ကိုယ်ပူချိန်မြင့်ခြင်း

အခြားလက္ခဏာတွေကတော့:

  • ခေါင်းကိုက်ခြင်း
  • သွားကိုက်ခြင်း
  • ခံတွင်းနံ့ဆိုးခြင်း
  • ချောင်းဆိုးခြင်း
  • နားအူခြင်း

ဟောက်ခြင်း စကားပြောတဲ့ အခါ နှာသံပေါက်ခြင်း

ကလေးငယ် တွေမှာလည်း ဂျီကျတာ, အစားကျွေးရခက်တာ ပါးစပ်နဲ့ အသက်ရှူတာမျိုးတွေဖြစ်နိုင်ပါတယ်။

ကုသမှု

ထိပ်ကပ်နာအပျော့စားဖြစ်တာဆိုရင် မိမိဘာသာသက်သာအောင်လုပ်လို့ရတဲ့ နည်းတွေရှိပါတယ်။:

  • အနားယူပါ။
  • အရည်,ရေများများသောက်ပါ။
  • နာကျင်မှုသက်သာအောင် ပါရာစီမောသောက်နိုင်ပါတယ်။
  • ဓာတ်မတည့်မှုဖြစ်စေသော အရာများကိုရှောင်ပါ။
  • ဆေးလိပ်မသောက်ပါနှင့်။
  • နှာခေါင်းကို ဆားရည်ဖြင့် သန့်ရှင်းရေးလုပ်ပါ။

အဖျားရှိတယ်ဆိုရင် နေအိမ်မှာပဲနေပါ။

ဆရာဝန်ကလည်းဆေးဝါးအချို့ကိုညွှန်ပေးနိုင်ပါတယ်။ :

  • စတီးရွိက်ပါတဲ့ နှာခေါင်းတွင်းထည့်တဲ့ဆေး- လအနည်းငယ်သုံးရန်လိုနိုင်သည်။
  • ဓာတ်မတည့်မှုကြောင့်ဖြစ်တာဆိုရင် anti-histamine ဆေးကို  ညွှန်ပေးနိုင်ပါတယ်။

ပိုးသတ်ဆေးသောက်ရန်လိုအပ်သောအခြေအနေမှာအလွန်ရှားပါသည်။  ထိပ်ကပ်နာသည် virusကြောင့်ဖြစ်ပြီး bacteria ကြောင့်မဟုတ်ပါ။ 

နှားနှာခေါင်းအထူးကုနှင့်ပြသသင့်ပါတယ်။:

  • အကယ်၍ ၃လကြာတဲ့ ထိမသက်သာတာ
  • ဆက်တိုက်ဖြစ်နေတာ
  • နှာခေါင်းတစ်ဖက်တည်းမှာပဲဖြစ်နေတာ

အချို့သူများအတွက် ဆရာဝန်က ခွဲစိတ်မှုလုပ်ဖို့ ညွှန်ကြားနိုင်ပါတယ်။ 

ခွဲစိတ်မှု

နာတာရှည် ထိပ်ကပ်နာအတွက် ခွဲစိတ်ကုသမှုလုပ်တာကို functional endoscopic sinus surgery (FESS)လို့ခေါ်ပါတယ်။

ဒီခွဲစိတ်မှုမှာ မေ့ဆေးပေးပြီး

ဆရာဝန်က

  • နှာခေါင်းတွင်းပိတ်နေတဲ့ တစ်ရှူးအသားစတွေကိုဖယ်ထုတ်ခြင်း
  • ပိတ်နေတဲ့ နှာခေါင်းလှိုဏ်ထဲကို သေးငယ်တဲ့ ပူဖောင်းထည့်မှုတ်ပြီးပြန်ထုတ်ခြင်း စတာလုပ်နိုင်ပါတယ်။

ဆရာဝန်နှင့်ပြသ ရန်အချိန်

ဆရာဝန်နှင့်ပြသဖို့လိုပါတယ်။ :

  • ထိပ်ကပ်နာဖြစ်ပြီး နေထိုင်မကောင်းဖြစ်တယ်ဆိုရင်
  • ဆေးသောက်သော်လည်းမသက်သာပဲ ပိုဆိုးလာတယ်ဆိုရင်
  • ၃ ပတ်ကြာတဲ့ ထိမသက်သာဘူးဆိုရင်
  • ထိပ်ကပ်နာကဆက်တိုက်ဖြစ်နေရင်

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
04 October 2024