ဇီကာဗိုင်းရပ်စ်(Zika Virus)

Patient Guide
2024- ဒီဇင်ဘာ 11 by
ဇီကာဗိုင်းရပ်စ်(Zika Virus)
Zwe Htoo
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

ဇီကာဗိုင်းရပ်စ်သည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး အဓိကအားဖြင့်ခြင်ကြောင့် ပျံ့နှံ့ သောရောဂါ ဖြစ်ပါတယ်။ ရောဂါကမပြင်းထန်သော်လည်း ကိုယ်ဝန်ရှိနေမယ်ဆိုရင် အခြေအနေဆိုးဝါးနိုင်ပါတယ်။

လက္ခဏာများ

လူအများစုမှာ ဇီကာ ဗိုင်းရပ်စ်ပိုးဖြစ်ရင် လက္ခဏာအနည်းငယ်ပဲပြတာ ဒါမှမဟုတ် လုံးဝမပြတာလညး်ဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေ ရှိမယ်ဆိုရင် အများအားဖြင့် မပြင်းထန်ပဲ ၂ ရက်ကနေ ၇ ရက်လောက်ကြာတယ်။

အဖြစ်များဆုံးလက္ခဏာတွေကတော့ :

  • ကိုယ်ပူချိန်မြင့်ခြင်း
  • ခေါင်းကိုက်ခြင်း
  • မျက်လုံးအစ်ခြင်း, နီခြင်း
  • အဆစ်နှင့် ကြွက်သား နာကျင်ခြင်း
  • ခန္ဓာကိုယ်တွင် အကွက်များဖြစ်ပြီး ယားယံခြင်း

ဖြစ်ပွားရသောအကြောင်းအရင်း

ဇီကာဗိုင်းရပ်စ်ပိုးသည် အများအားဖြင့် ရောဂါပိုးရှိသော ခြင်ကိုက်ရာမှ ကူးစက်တာဖြစ်ပါတယ်။

ဗိုင်းရပ်စ်ပိုးရှိသူတစ်ဦးနှင့် လိင်ဆက်ဆံခြင်းဖြင့်လည်းကူးစက်နိုင် ပေမယ့် ဖြစ်နိုင်ခြေအလွန်နည်းပါတယ်။

ဇီကာ ဗိုင်းရပ်စ်ပိုးကို :

  • တောင်နှင့် ဗဟိုအမေရိကတိုက်
  • ကရစ်ဘီယံ
  • ပစိဖိတ်ကျွန်းစု
  • အာဖရိကတိုက်
  • အာရှတိုက် တို့တွင်တွေ့ရပါတယ်။

ကုသမှု

ဇီကာဗိုင်းရပ်စ် အတွက် ကုသမှုမရှိပါဘူး။

ရောဂါလက္ခဏာတွေဖြစ်ပြီဆိုရင်

  • အနားများများယူပါ။
  • ရေများများသောက်ပါ။
  • နာကျင်ကိုက်ခဲတာ သက်သာ‌ စေဖို့ ပါရာစီတမောသောက်ပါ။

ကိုယ်ဝန်ဆောင်မှာ ပိုးကူးစက်ခံရပြီဆိုရင် ဆရာဝန်နှင့်ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုများလုပ်ရန်အရေးကြီးပါတယ်။

စစ်ဆေးမှုများထပ်မံလုပ်ရန် အထူးကုထံသို့ ညွှန်နိုင်ပါတယ်။ 

ကာကွယ်ရန်အချက်များ

ဇီကာ ဗိုင်းရပ်စ် ဖြစ်တတ်တဲ့ ဒေသတွေကိုသွားတော့မယ်ဆိုရင် ဆရာဝနင့်တိုင်ပင်ပြီး ဇီကာ ဗိုင်းရပ်စ်မဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာ တွေကို အကြံဥာဏ်ရယူနိုင်ပါတယ်။

ခရီးသွားရန် အနည်းဆုံး ၄ မှ ၆ ပတ်မတိုင်မီ ဒီအကြံပေးချက်ကို လုပ်ဆောင်သင့်သော်လည်း၊ မလိုလားအပ်သော အခြေအနေများရှိပါက နောက်ဆုံးအချိန်တွင်လည်း အကြံဉာဏ်ရယူနိုင်ပါသည်။

ခရီးသွားစဉ် Zika ဗိုင်းရပ်စ်ကို ကာကွယ်ရန် လုပ်ဆောင်နိုင်သော အရာများ ရှိပါသည်။

  • ခြင်မကိုက်အောင် insect repellent များဆောင်သွားခြင်း
  • အိပ်တဲ့ အခါ ပိုးသတ်ဆေးစိမ်ထားတဲ့ ခြင်ထောင်ဖြင့်အိပ်ခြင်း
  • ညနေခင်းဘက်တွေမှာ ‌အင်္ကျီရှည်,ဘောင်းဘီရှည်ဝတ်ခြင်း

ဆရာဝန်နှင့်ပြသ ရန်အချိန်

မကြာသေးခင်က ဇီကာ ဗိုင်းရပ်စ် အန္တရာယ်ရှိတဲ့ နိုင်ငံတစ်ခုကို သွားခဲ့ပြီး :

  • မကျန်းမာတယ်လို့ ခံစားရတယ်
  • ကိုယ်ဝန်ဆောင်ဆိုရင်
  • ခြေလက်များထုံခြင်း, ကြွက်သားအားနည်းခြင်း ခြေလက် တစ်လျှောက်နာကျင်ခြင်းစတာတွေဖြစ်ရင် ဆရာဝန်နှင့် ချက်ချင်းပြသဖို့လိုအပ်ပါတယ်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
07 October 2024