ငလျင်လှုပ်ပြီးနောက်

Disaster Guide
2025- မတ် 30 by
ငလျင်လှုပ်ပြီးနောက်
neelamjhalley9

ဤလမ်းညွှန်ချက်သည် ငလျင်အပြီး ပထမရက်အနည်းငယ်အတွင်း သင့်ကိုယ်ရေလုံခြုံမှု၊ အခြားသူများကိုကူညီနည်းနှင့် အန္တရာယ်များကို ရှောင်ရှားနည်းများကို ဖော်ပြထားပါသည်။ အိမ်တွင်း (သို့) အပြင်တွင် ရှိနေစေကာမူ ဤအဆင့်များကို လိုက်နာခြင်းဖြင့် နောက်ဆက်တွဲငလျင်၊ အဆောက်အအုံပြိုကျမှု၊ မီးဘေးနှင့် အခြားအန္တရာယ်များမှ ကာကွယ်နိုင်မည်ဖြစ်သည်။  

ဤလမ်းညွှန်ချက်ကို အသုံးပြု၍မိမိကိုယ်ကို ကာကွယ်ပါအခြားသူများကို ကူညီပါ ပြင်းထန်သော ထိခိုက်မှုများကို ရှောင်ရှားပါ

ငလျင်ဖြစ်ပြီးနောက်

နောက်ဆက်တွဲငလျင် (Aftershocks) အတွက် ပြင်ဆင်ပါ

  • ငလျင်ကြီးလှုပ်ပြီးနောက် မိနစ်၊ ရက်၊ ပတ် သို့မဟုတ် လများအထိ နောက်ဆက်တွဲငလျင်များ ဆက်လှုပ်နိုင်သည်။

  • If you feel shaking, DROP(ဝပ်ချ), COVER( ကာထား) , and HOLD ON(ကိုင်ထား).

ပိတ်မိနေပါက အကူအညီတောင်းပါ

  • စာတို (SMS) ပို့ခြင်း၊ နံရံ/ပိုက်ကို ရိုက်ခြင်း၊အသုံးပြုခြင်း ဖြင့် ကယ်ဆယ်ရေးသမားများအား သတိပေးပါ။

  • နှာခေါင်း၊ ပါးစပ်၊ မျက်လုံးများကို ဖုန်မှုန့်မှ ကာကွယ်ပါ။Protect your mouth, nose, and eyes from dust.

ဒဏ်ရာများကို အမြန်ကုသပါ

  • သေးငယ်သောအနာများပင် ပိုးဝင်နိုင်သည်။
  • သန့်ရှင်းသောရေ (သို့) ပတ်တီးဖြင့် သန့်စင်အုပ်ထားပါ။fe water if available. Cover with a clean cloth or bandage.
  • Learn more about properwound care after a disasterhere.

အခြားသူများကို ကူညီပါ

  • ဦးစွာ မိမိကိုယ်ကို ဒဏ်ရာရှိ/မရှိ စစ်ဆေးပါ။
  • ထို့နောက် အနီးရှိ ကလေး၊ သက်ကြီးရွယ်အို နှင့် ဒဏ်ရာရသူများကို ကူညီပါ။

5. သတင်းအချက်အလက်ရယူပါ

  • Use a battery-powered radio or phone (if working) to get updates.
  • အရေးပေါ်အခြေအနေမှလွဲ၍ ဖုန်းခေါ်ဆိုမှုကို ရှောင်ပါ။ SMS သို့မဟုတ် ရေဒီယိုက ပိုစိတ်ချရသည်။

ကမ်းခြေအနီးတွင် ရှိပါက :

  • ကမ်းခြေအနီးတွင် ရှိပါက: ငလျင်သည် ဆူနာမီကို ဖြစ်စေနိုင်သည်။ ချက်ချင်း ကုန်းတွင်းပိုင်းနှင့် မြေမြင့်သို့ ရွှေ့ပါ (သတိပေးချက်မရှိသေးလည်း)။

ပျက်စီးနေသော အဆောက်အအုံအတွင်းတွင် ရှိပါက

အန္တရာယ်ရှိမရှိ စစ်ဆေးပါ

  • နံရံကြောင့်ကြေခြင်း၊ ကြမ်းပြင်/လှေကားပျက်စီးခြင်း → အဆောက်အဦသည် မလုံခြုံပါ။
  •  အဆောက်အအုံရဲ့ နံရံ ကြမ်းပြင် တံခါး ပြတင်းပေါက်,လှေကားများကိုစစ်‌ဆေးပါ။
    • အုတ်မြစ်ကွဲခြင်း၊ ထောက်ကန်တိုင်ပျက်ခြင်း များ့တွေ့ပါက အပြင်သို့ အမြန်ထွက်ပါ။

ဓာတ်ငွေ့နံ့ (သို့) အဆောက်အဦပျက်စီးမှုကို သတိပြုပါ 

  • မီး၊ ဓာတ်မီး၊ လျှပ်စစ်ခလုတ်များ မသုံးပါနှင့် (မီးစမှ ပေါနိုင်သည်)။
  • ဓာတ်ငွေ့၊ လျှပ်စစ်၊ ရေပိုက်လိုင်းများ စစ်ဆေးပါ။
  • ဓာတ်ငွေ့နံ့/ "ဟီး" သံကြားပါက ချက်ချင်းထွက်ပါ။
  • အကူအညီ‌ေတာင်းပါ။ 

လျှပ် စစ်မီးပြတ်တောက်နေပါက ဖယောင်းတိုင်အစား ဓာတ်မီးသုံးပါ။

  • ဖယောင်းတိုင်အစား ဓာတ်မီးသုံးပါ။
    • ဖယောင်းတိုင်သုံးရန် လိုအပ်ပါက ဖယောင်းတိုင်ကို လူမပါဘဲ မထားပါနှင့် မီးစွဲလွယ်သော ပစ္စည်းများနှင့် ဝေးရာတွင် ထားပါ
  • မီးသတ်တူး အသုံးပြုနည်း :
      1. ပင်ကို ဆွဲထုတ်ပါ မီးသတ်တူးကို နှုတ်သီးကိုယ်ဘက်သို့မလှည့်ဘဲ ကိုင်ပြီး သော့ခလောက်ဖြေပါ
      2. မီး၏အောက်ခြေကို ပစ်မှတ်ထားပါ
      3. လီဗာကို ဖြေးညှင်းစွာ ညှစ်ပါ
      4. နှုတ်သီးကို ဘယ်မှညာ ရွေ့လျားဖျန်းပါ


ကာဗွန်မိုနောက်ဆိုဒ် (CO) အန္တရာယ်

  • မီးဖိုချောင်/အိမ်တွင်း၌ မီးသွေးမသုံးပါနှင့်။
  • အပြင်တွင် ချက်ပြုတ်ပါ (တဲများနှင့် ဝေးသောနေရာ)။
  • CO ဓာတ်ငွေ့သည် အနံ့/အရောင်မရှိဘဲ အသက်အန္တရာယ်ဖြစ်စေနိုင်သည်။

အဆောက်အအုံအပြင်တွင် ရှိပါက

ပျက်စီးနေသော အဆောက်အဦများမှ ဝေးဝေးနေပါ

  • ပျက်စီးနေသောအဆောက်အအုံထဲသို့ မဝင်ပါနှင့်။
  • အသံမမှန်များ (ဥပမာ - ကျိုးကျေသံ) ကြားပါက ချက်ချင်းထွက်ပါ။

ပြိုကျနေသော ဓာတ်ကြိုးများကို ရှောင်ပါ