ဤလမ်းညွှန်တွင် ဘေးအန္တရာယ်ဖြစ်ပြီးနောက် အစားအစာပျက်စီးခြင်း သို့မဟုတ် မစားသုံးသင့်သောအခြေအနေများကို နားလည်စေရန် ရည်ရွယ်ပါသည်။ မည်သည့်အစားအစာများကို စွန့်ပစ်ရမည် ကြာရှည်ခံသောအစားအစာများ အစားအစာရှားပါးချိန်တွင် ဘာလုပ်ရမည် အစာအဆိပ်သင့်ခြင်း လက္ခဏာများ
ဘေးအန္တာယ်ဖြစ်ပြီးနောက် မသန့်ရှင်းသောအစားအစာများ စားမိပါက ပြင်းထန်သောရောဂါများ ဖြစ်ပွားနိုင်ပါသည်. ဤလမ်းညွှန်သည် သင့်အား အောက်ပါအချက်များကို ဘေးကင်းစွာ ဆုံးဖြတ်နိုင်စေရန် ကူညီပေးမည် - မည်သည့်အစားအစာများကို သိမ်းဆည်းထားသင့်သည် မည်သည့်အစားအစာများကို စားသုံးသင့်သည် မည်သည့်အစားအစာများကို ရှောင်ကြဉ်ရမည်
လျှပ်စစ်မီးပြတ်ပြီးနောက် အစားအစာဘေးကင်းမှုစစ်ဆေးနည်း
အစားအစာကို မြည်းစမ်းခြင်းဖြင့် ဘေးကင်းမကင်း မစစ်ပါနှင့် - သံသယရှိပါက မစားဘဲထားပါ။
ရေခဲသေတ္တာ/အအေးခန်းရှိပါက
- တံခါးများကို တတ်နိုင်သမျှ ပိတ်ထားပါ
- မီးမရှိလျှင်: ရေခဲသေတ္တာက ၄ နာရီအထိ အစားအစာကိုလုံခြုံစွာထားနိုင်သည်
- အပြည့်ထားသောအအေးခန်းက ၄၈ နာရီ၊ တစ်ဝက် ခဲ ထားလျှင် ၂၄ နာရီခံသည်
- အစားအစာပူနေ/ပျော့နေလျှင်၊ အနံ့/အရသာပြောင်းနေလျှင် မစားပါနှင့်
- အေးနေသေးလျှင် ချက်ပြုတ်ပြီး ပြန်အေးခဲနိုင်သည်
အအေးခန်းမရှိပါက
- အလွယ်တကူပုပ်သိုးနိုင်သောအစာများ (အသား၊ နို့ထွက်ပစ္စည်း၊ ချက်ထားသောဆန်) ကို ၂ နာရီအတွင်းစားပါ
- ရေခဲရှိလျှင် အအေးခံရန် အသုံးပြုပါ
- အရိပ်၊ အေးပြီး လေဝင်လေထွက်ကောင်းသောနေရာတွင် သိမ်းဆည်းပါ
- ပိုးမွှားများမဝင်စေရန် လုံခြုံသောဘူးများတွင်ထည့်ပါ.
- ကျန်အစားအစာများကို အခိုးထွက်သည်အထိ အပူပြန်ပေးပြီးမှစားပါ
မစားသင့်သောအစားအစာများ
မစားသင့်:ပါ
- မီးပြတ်တောက်မှုကြောင့် အေးခဲမှုမကောင်းခဲ့သောအစာများ
- ရေလွှမ်းမိုးမှုနှင့်ထိတွေ့ခဲ့သောအစာများ
- အနံ့၊ အရောင် သို့မဟုတ် အနေအထားပြောင်းနေသောအစာများ
- အက်ကြောင်းရှိသော ဖန်ဘူးများထဲက အစာများ
- ဖောင်းနေ၊ ပွင့်နေ သို့မဟုတ် ပျက်စီးနေသောဘူးများထဲက အစာများ (ချိုင့်နေသောသံဘူးများတွင် ဘက်တီးရီးယားပေါက်နိုင်သည်)
ရေလွှမ်းမိုးမှုနှင့်ထိတွေ့သော အစားအစာများ
မစားသင့်သောအစားအစာများ:
- အနံ့၊ အရောင် သို့မဟုတ် အနေအထား ပြောင်းနေသောအစာများ
- ဖောင်းနေ၊ ပွင့်နေ သို့မဟုတ် ချိုင့်နေသောသံဘူးများထဲက အစာများ
- ရေမလုံသောဘူးများထဲက အစာများ
- အိမ်တွင်ဖုတ်ထားသော သစ်သီးခြောက်ဘူးများ
- ကဒ်ထူဘူးများထဲက အစာများ (ဖျော်ရည်၊ နို့မှုန့်၊ ကလေးနို့ဘူးများ အပါအဝင်)
- အဖုံးလိမ်၊ အဖုံးပိတ်၊ အဖုံးကပ်ထားသောဘူးများထဲက အစာများ
ရေလွှမ်းမိုးပါက စွန့်ပစ်ရမည့်ပစ္စည်းများ :
- သစ်သားစဥ့်တီတုံး များ
- ကလေးနို့သီးခေါင်းများနှင့် နို့စို့ပလာစတာများ
ရေလွှမ်းမိုးမှုနှင့်ထိတွေ့သော အစားအစာများ
အစာမချက်ပြုတ်မီ မစားမီ လုပ်ဆောင်ရန် :
- လက်များ၊ ပန်းကန်များနှင့်မီးဖိုချောင် သုံးကိရိယာများကို သန့်ရှင်းသောရေဖြင့် ဆေးကြောပါ
- အိမ်သာသုံးပြီးနောက် သို့မဟုတ် တိရစ္ဆာန်များကိုကိုင်ပြီးနောက် ဆပ်ပြာနှင့်ရေဖြင့် စက္ကန့် ၂၀ ကြာ လက်ဆေးပါ
- ဆပ်ပြာမရှိပါက:
- လက်သန့်ဆေးရည် (အယ်ကိုဟော ၆၀% ပါဝင်သော) သုံးပါ သို့မဟုတ်
- သန့်ရှင်းသောရေဖြင့် လက်ဆေးပြီး အခြောက်ခံပါ (ဆပ်ပြာလောက် မထိရောက်သော်လည်း ရောဂါပိုးအချို့ကို ဖယ်ရှားနိုင်သည်) .
အစားအစာရှားပါးချိန်တွင် စားသောက်နည်း
- ကျန်းမာသောလူကြီးများအနေဖြင့် ပုံမှန်စားနှုန်း၏ တစ်ဝက်ဖြင့် ရက်အတန်ကြာ ရှင်သန်နိုင်သည်
- ကလေးများနှင့် ကိုယ်ဝန်ဆောင်များ သည် အစာမကျွေးဘဲမထားသင့်
- တစ်နေ့လျှင် အနည်းဆုံး တစ်နပ်ကို အာဟာရပြည့်ဝစွာ စားပါ
- တတ်နိုင်သမျှ ဖြ ည့်စွက်အာဟာရများ (ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတင်း) ကို ဖြည့်စွက်စားပါ
ရေရှားပါးချိန်:
- ငန်သောအစာများ ရှောင်ပါ (ရေဆာစေသည်)
- အစားထိုးစားနိုင်သောအစာများ:
- ဆန်ပြုတ်
- အရည်ပါသော စည်သွပ်ဘူးများ
- ရရှိပါက ပြုတ်ထားသော ဟင်းသီးဟင်းရွက်များ
အစားအစာကို ချွေတာနည်း :
- အစားနည်းနည်းနှင့် အကြိမ်ရေများများ စားပါ (ဆန်၊ ပဲ၊ ဆီ၊ စည်သွပ်ငါးကဲ့သို့ စွမ်းအင်များသောအစာများ)
- မိသားစုအတူတကွ စားပါ (အစားအလဟဿမဖြစ်စေရန်)
- ပဲခြောက်ကဲ့သို့သော အစာများကို ရေစိမ်ထားပါ (ချက်ပြုတ်ချိန်နှင့် လောင်စာသက်သာစေရန်)
- ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ နာမကျန်းသူများနှင့် သက်ကြီးရွယ်အိုများကို ဦးစားပေးကျွေးပါ
ကြာရှည်ခံသော အစားအစာများ
ဗိုက်ပြည့်စေပြီး စွမ်းအင်ပေးကာ မြန်မြန်မပုပ်သိုးသော အစားအစာများကို ရွေးချယ်ပါ။
ခြောက်သွေ့သောအစားအစာများ
- ဆန်
- ပဲခြောက်၊ မတ်ပဲ၊ ကုလားပဲ
- မြေပဲ
- ငါးခြောက်
- ခေါက်ဆွဲခြောက်
မြေအောက်ဥများ :
- ကန်စွန်းဥ
- မျှစ်ဥ
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ပိန်းဥ
စည်သွပ်ဘူးအစားအစာများ:
- ငါး သေတ္တာ
- အသား စည်သွပ်
- ဟင်းသီးဟင်းရွက်စည်သွပ်
- ပဲစည်သွပ် (သို့) ကုလားပဲစည်သွပ်
အခြားအသုံးဝင်သောအစားအစာများ:
- လက်ဖက် (လက်ဖက်ခြောက်)
- အုတ်ဂျုံ (သို့) အသင့် စား ဆန်ပြုတ်
- ထန်းလျက် (သို့) ကြံသကာ
အစာအဆိပ်သင့်ခြင်း လက္ခဏာများ
အောက်ပါလက္ခဏာများ တွေ့ရှိပါက အစာအဆိပ်သင့်နိုင်ပါသည်:
- ပျို့အန်ခြင်း
- ဝမ်းလျှောခြင်း
- ဗိုက်အောင့်ခြင်း
- အဖျားတက်ခြင်း
- အလွန်နုံးချိခြင်း
လက္ခဏာများသည် စားပြီး နာရီအနည်းငယ်မှ ရက်အနည်းငယ်အတွင်း ပေါ်လာနိုင်ပြီး အချို့အခြေအနေများတွင် ရက်သတ္တပတ်အနည်းငယ်ကြာမှ ပြသနိုင်သည်။
အစာအဆိပ်သင့်ခြင်းသည် တစ်ခါတစ်ရံ အသက်အန္တရာယ်ရှိနိုင်ပါသည်။ . အိမ်တွင် ကုသနည်းများနှင့် ဆေးကုသမှုချက်ချင်းလိုအပ်သော လက္ခဏာများအတွက် အစာအဆိပ်သင့်ခြင်းလမ်းညွှန် တွင် ဖတ်ရှုပါ။ အစာအဆိပ်သင့်ခြင်းလမ်းညွှန် .