Handwashing & Personal Hygiene

Disaster Guide

ဤလမ်းညွှန်ချက်သည် သဘာဝဘေးအန္တရာယ်ဖြစ်ပြီးနောက် ဆပ်ပြာ၊ ရေနှင့် အိမ်သာများ ရှားပါးသည့်အခြေအနေမျိုးတွင် သန့်ရှင်းစွာနေထိုင်ကာ ရောဂါများကို ကာကွယ်နိုင်ပုံကို ရှင်းပြထားပါသည်။ ဤတွင် ရေမလိုသော လက်ဆေးနည်းများ၊ ခန္ဓာကိုယ်သန့်စင်နည်းများနှင့် အမျိုးသမီး လစဥ် သုံး ပစ္စည်းများ ရာသီသွေးစီမံခန့်ခွဲနည်းများ ပါဝင်ပါသည်။

ကောင်းမွန်သော သန့်ရှင်းရေးသည် ဝမ်းလျှောရောဂါ၊ အရေပြားရောဂါများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကဲ့သို့သော ပြင်းထန်သည့်ရောဂါပိုးမွှားများမှ သင့်ကိုယ်သင် နှင့် အခြားသူများကို ကာကွယ်ပေးနိုင်ပါသည် — အခြေအနေအခက်ခဲဆုံးအချိန်မျိုးတွင်ပင်။

လက်ကို ဘယ်အချိန်နဲ့ ဘာကြောင့် ဆေးကြောသင့်သလဲ

သင့်လက်ကို မှန်ကန်စွာ ဆေးကြောခြင်းဟာ ရောဂါကူးစက်မှုကို ကာကွယ်ရာမှာ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ် — အထူးသဖြင့် ဘေးအန္တရာယ်တစ်ခုခု ဖြစ်ပြီးနောက်မှာပေါ့။

ဝမ်းလျှောခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများနဲ့ အရေပြားပြဿနာတွေကို ဖြစ်စေတဲ့ ပိုးမွှားတွေဟာ လူထူထပ်တဲ့နေရာတွေ၊ ညစ်ညမ်းတဲ့ရေ၊ အစားအစာ (သို့) မျက်နှာပြင်တွေကနေ အလွယ်တကူ ပျံ့နှံ့နိုင်ပါတယ်။

သင့်လက်ကို ဒီအချိန်တွေမှာ ဆေးကြောပါ -:

  • အိမ်သာသုံးပြီးတဲ့အခါ (သို့) လူနဲ့ တိရစ္ဆာန်တို့ရဲ့ အညစ်အကြေးတွေကို သန့်စင်ပြီးတဲ့အခါ
  • အစာမစားခင် (သို့) အစားအစာကို ကိုင်တွယ်မချက်ပြုတ်ခင်
  • အစားအစာချက်ပြုတ်ချိန် (သို့) တစ်စုံတစ်ဦးကို အစားအသောက် ပြင်ဆင်ပေးမည့်အချိန်
  • အမှိုက်၊ အညစ်အကြေး (သို့) ညစ်ပတ်နေတဲ့ မျက်နှာပြင်တွေကို ထိမိပြီးတဲ့အခါ
  • သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ (သို့) နေမကောင်းသူတစ်ဦးဦးကို ကူညီပြီးတဲ့အခါ
  • ကလေး အနှီးလဲပြီးတဲ့အခါ (သို့) ကလေးကို အိမ်သာသွားဖို့ ကူညီပြီးတဲ့အခါ
  • သွေး၊ အန်ဖတ် (သို့) ရာသီသွေးနဲ့ ထိတွေ့မိပြီးတဲ့အခါ

လက်ဆေးခြင်းဟာ သင့်ကိုယ်သင်၊ သင့်မိသားစုနဲ့ သင့်ရပ်ရွာကို ရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။

ဆပ်ပြာနဲ့ ရေအစားထိုးသုံးနိုင်သော အရာများ

သင့်မှာ ရေနဲ့ ဆပ်ပြာ မရှိဘူးဆိုရင် ဒီအရာတွေကို အစားထိုးသုံးနိုင်ပါတယ်။

ရေအစားထိုးသုံးနိုင်သောအရာများ:

  • ထမင်း
  • မြစ်ရေ (သို့) ပင်လယ်ရေ (ညစ်ညမ်းမနေဘူးဆိုရင်)
  • အဝတ်လျှော်ရေ၊ ပန်းကန်ဆေးရေ (သို့) ဟင်းသီးဟင်းရွက်ပြုတ်ရေ

ဆပ်ပြာအစားထိုးသုံးနိုင်သောအရာများ:

  • ပြာ (သို့) သဲ
  • ဆား
  • ကော်ဖီမှုန့်
  • သဘာဝပစ္စည်းများ (ဥပမာ - အရွက်၊ အခေါက်၊ အုန်းခွံ)

ပိုက်ခေါင်းရေမရှိဘဲ လက်ဆေးနည်း

လက်ဆေးရန် အဆင့်များ:

  1. ရရှိသောရေဖြင့် လက်ကို စိုစွတ်အောင်လုပ်ပါ
  2. ဆပ်ပြာ (သို့) အစားထိုးပစ္စည်း (ပြာ၊ သဲ စသည်) ဖြင့် ပွတ်တိုက်ပါ
  3. လက်ရဲ့ အစိတ်အပိုင်းအားလုံးကို စက္ကန့် ၂၀ ကြာ ပွတ်တိုက်ဆေးကြောပါ
  4. သင့်မှာရှိတဲ့ အသန့်ရှင်းဆုံးရေဖြင့် ပြောင်အောင် ဆေးကြောပါ
  5. သန့်ရှင်းတဲ့ အဝတ်နဲ့ သုတ်ပါ (သို့) လေသလပ်ခြောက်အောင် ထားပါ

ခန္ဓာကိုယ်သန့်ရှင်းရေး

ရေကို သောက်သုံးဖို့ မသင့်တော်ရင်တောင် သန့်ရှင်းရေးအတွက် အသုံးပြုနိုင်ပါတယ် — ဒါပေမယ့် အချို့သော အခြေအနေတွေမှာပဲ ဖြစ်ပါတယ်။ နေမကောင်းဖြစ်ခြင်းမှ ရှောင်ရှားနိုင်ဖို့ ဒီအချက်တွေကို လိုက်နာပါ:

ဘေးကင်းစွာ သန့်စင်နည်းများ:

  • မိုးရေ၊ သန့်ရှင်းသောရေ (သို့) အရင်က ကျိုချက်ပြီး အေးသွားတဲ့ရေကို အသုံးပြုပါ
  • ရေကို မမျိုချပါနဲ့၊ မျက်လုံး၊ ပါးစပ် (သို့) ဒဏ်ရာတွေထဲ မဝင်အောင် ရှောင်ပါ
  • ရရှိပါက ဆပ်ပြာ၊ ပြာ၊ သဲ (သို့) ဆားရေဖြင့် ညင်သာစွာ ပွတ်တိုက်ပါ
  • တစ်ကိုယ်လုံး ရေချိုးဖို့ မဖြစ်နိုင်ရင် စိုစွတ်တဲ့ အဝတ်၊ သန့်ရှင်းတဲ့ အဝတ်စ (သို့) ခွက် (သို့) ပုလင်းထဲက ရေအနည်းငယ်ဖြင့် ခန္ဓာကိုယ်ကို သုတ်ပါ။ ဒီနေရာတွေကို အဓိက ဂရုစိုက်ပါ :
    • မျက်နှာ၊ လက်၊ ချိုင်း၊ ပေါင်ခြံ၊ ခြေထောက်နဲ့ ရင်သားအောက်ပိုင်း

မချိုးသင့်သောရေ :

  • ရေကြီးရေ (သို့) မိလ္လာရေ၊ အမှိုက်၊ ဓာတုပစ္စည်းများနှင့် ရောနှောနေသောရေ
  • ကျေးရွာ၊ ဈေးများ၊ အိမ်သာများ (သို့) တိရစ္ဆာန်များရှိရာနေရာများအနီးရှိ မြစ်၊ အင်း၊ အိုင် — ၎င်းတို့တွင် ပိုးမွှားညစ်ညမ်းနိုင်သည်
  • အနံ့ဆိုးသော၊ အရောင်ပြောင်းနေသော (သို့) ဆီသင့်/ညစ်ပတ်နေသောရေ

ရာသီသွေးသန့်ရှင်းရေး (Period Hygiene)

ခေတ်မီသန့်စင်ခန်းများ မရှိလည်း သင့်ရာသီသွေးကို ဘေးကင်းစွာစီမံနိုင်ပြီး သန့်ရှင်းနေနိုင်ပါသည် :

  • အမျိုးသမီးအင်္ဂါအား သန့်ရှင်းသောရေဖြင့် တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ် (မနက်၊ ည) ဆေးကြောပါ။
  • ဆပ်ပြာရှိလျှင် အသုံးပြုပါ၊ သို့သော် မွေးလမ်းကြောင်း အတွင်းပိုင်းကို မဆေးကြောရ (အပြင်ဘက်သာ ဆေးပါ)။
  • အိမ်သာသုံးပြီးတိုင်း ရှေ့မှ နောက်သို့သာ သုတ်ပါ။
  • ဂွမ်းထုပ်(သို့) ရာသီခံအဝတ်လဲချိန်တွင် လက်ကို မလဲခင်၊ လဲပြီး နှစ်ကြိမ်စလုံး ဆေးကြောပါ။
  • ပြန်လည်အသုံးပြုနိုင်သော အဝတ်များကို နေရောင်တွင် အပြည့်အဝခြောက်အောင်လှန်းပါ (နေရောင်မရလျှင် နွေးသောလေနှင့် မီးသွေးမီးတောက်နားတွင် ခြောက်အောင်ထားပါ)။
  • သန့်ရှင်းသော ဂွမ်းထုပ်(သို့) ရာသီခံများကို အဝတ်တစ်သျှူး (သို့) အိတ်ဖြင့် ထုပ်ပြီး သိမ်းဆည်းပါ။
  • ညစ်ပတ်/စိုစွတ်နေသော အဝတ်များကို ပြန်မသုံးရ၊ အခြားသူများနှင့် မျှဝေမသုံးစွဲရ။

သာမန်ရခံပစ္စည်းများ မရှိပါက တစ်သျှူးစက္ကူ၊ သန့်ရှင်းသောဝါဂွမ်း (သို့) အဝတ်စ တို့ကို အစားထိုးသုံးနိုင်သည်။ သို့သော် မကြာခဏလဲပြီး သင့်တော်စွာ စွန့်ပစ်ပါ။

အရေးပေါ်အခြေအနေတွင် ရာသီသွေးကိုကိုင်တွယ်နည်း (ဘေးကင်းသောပစ္စည်းများ၊ သန့်စင်နည်းနှင့် စွန့်ပစ်နည်းအပါအဝင်) အတွက် အသေးစိတ်အချက်အလက်များကို "အရေးပေါ်အခြေအနေများတွင် ရာသီသွေးသန့်ရှင်းရေး" စာမျက်နှာတွင် ဝင်ရောက်ဖတ်ရှုပါ။ အရေးပေါ်အခြေအနေများတွင် ရာသီသွေးသန့်ရှင်းရေး.

Menstruation (Periods) During Emergencies
Disaster Guide