How To Protect Yourself From Electrical Hazards

Disaster Guide

ဤလမ်းညွှန်တွင် ပါဝင်သောအကြောင်းအရာများ ✔ ရေနှင့် ပျက်စီးမှုများကြောင့် လျှပ်စစ်ကြိုး၊ ပလပ်ပေါက်နှင့် လျှပ်စစ်ပစ္စည်းများ ဘယ်လိုအန္တရာယ်ရှိနိုင်သည် ✔ အိမ်တွင်းနှင့် အိမ်ပြင်တွင် ဘယ်လိုနေထိုင်ရမည် ✔ လျှပ်စစ်ဓာတ်လိုက်သူကို ဘယ်လိုကူညီရမည်

လျှပ်စစ်ဓာတ်လိုက်ခြင်းသည် အသက်အန္တရာယ်ရှိနိုင် — ဤလမ်းညွှန်ကို သေချာလိုက်နာခြင်းဖြင့် - ✔ ပြင်းထန်ဒဏ်ရာရခြင်းမှ ကာကွယ်နိုင်သည် ✔ သင့်ကိုယ်တိုင်နှင့် မိသားစုကို ဘေးကင်းစေသည်

အိမ်အပြင်ဘက်တွင် လျှပ်စစ်ဘေးအန္တရာယ်ကာကွယ်ရန် :

  • ပြုတ်ကျနေသော လျှပ်စစ်ကြိုးကို ဘယ်သောအခါမှ မထိပါနှင့်-  ကြိုးသည် ဘေးကင်းနေသည်ဟု ထင်ရသည့်တိုင်
  • သန့်ရှင်းရေးလုပ်ငန်းများပြုလုပ်နေစဉ် လျှပ်စစ်ကြိုးများနှင့် ဝေးဝေးနေပါ
  • လျှပ်စစ်ကြိုးများပြုတ်ကျနေပါက ရေလွှမ်းနေသောနေရာများကို လမ်းမလျှောက်ပါနှင့်/ကားမမောင်းပါနှင့်
  • ကားပေါ်သို့ လျှပ်စစ်ကြိုးပြုတ်ကျလာပါက :
    • ကားအတွင်း၌သာနေပါ - အကယ်၍ဖြစ်နိုင်ပါက ဖြည်းဖြည်းချင်းမောင်းထွက်ပါ
    • ကားပိတ်မိနေပါက  , မည်သည့်သတ္ထုပစ္စည်းကိုမှ မထိပါနှင့်
    • အင်ဂျင် ရပ်သွားပါက အင်ဂျင်စက်ကို မပိတ်ပါနှင့်
    • အခြားသူများကို ဝေးဝေးနေရန် သတိပေးပြီး အကူအညီတောင်းပါ

အိမ်တွင်းဘက်တွင် လျှပ်စစ်ဘေးအန္တရာယ်ကာကွယ်ရန်

ရေနှင့်လျှပ်စစ်ထိတွေ့မိပါက :

  • လျှပ်စစ်ခလုတ်ကို ကိုယ်တိုင်ဖွင့်/ပိတ်မလုပ်ပါနှင့်
  • လျှပ်စစ်ပစ္စည်းများနှင့်နီးသော ရေအိုင်များကို ရှောင်ပါ
  • ဖြစ်နိုင်ပါက လျှပ်စစ်ပညာရှင်ကိုခေါ်ပါ

လျှပ်စစ်ပစ္စည်းများ အပြည့်အဝမခြောက်သွေ့မီနှင့် စစ်ဆေးမှုမပြုမီ အသုံးမပြုပါနှင့်

မီးပြန်လာချိန်တွင် မီးပွား၊ မီးလောင်အနံ့ သို့မဟုတ် အသံများကြားပါက :

  • ချက်ချင်း အဓိကမိန်းလျှပ်စစ်ခလုတ်ကို ပိတ်ပါ

အိမ်သုံးလျှပ်စစ်ဓာတ်အားပေးစက်များ သင့်အိမ်၏လျှပ်စစ်စနစ်သို့ တိုက်ရိုက်မချိတ်ဆက်ပါနှင့် - မှားယွင်းစွာချိတ်ဆက်ပါက မီးလောင်ခြင်း သို့မဟုတ် လျှပ်စစ်ဝန်ထမ်းများထိခိုက်နိုင်သည်

အရေးပေါ်ပြုစုနည်း

လျှပ်စစ်ဓာတ်လိုက်သူကိုတွေ့ပါက :

  1. လူနာကို ချက်ချင်းမထိပါနှင့် - လျှပ်စစ်နှင့် ထိတွေ့နေဆဲဖြစ်နိုင်သည်
  2. အရေးပေါ်ဆေးဘက်ဆိုင်ရာအကူအညီတောင်းပါ
  3. လျှပ်စစ်အရင်းအမြစ်ကို ပိတ်ပါ သို့မဟုတ် ခြောက်သွေ့သော သစ်သား၊ ကတ်ထူပြား သို့မဟုတ် ပလတ်စတစ်ဖြင့် ဖယ်ရှားပါ
  4. ဘေးကင်းပြီးနောက် အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်းကိုစစ်ဆေးပါ - လိုအပ်ပါက CPR (နှလုံးအသက်ကယ်နည်း) စတင်ပါ
  5. လူနာသည် ဖြူဖတ်ဖြူရော် သို့မဟုတ် သွေးခုန်နှုန်းမြန်နေပါက လူနာကိုလှဲအိပ်စေကာ ခြေထောက်များကိုမြှောက်ထားပါ
  6. မီးလောင်ဒဏ်ရာများကို မထိပါနှင့်၊ အရည်ကြည်ဖုများကို မဖောက်ပါနှင့်၊ မီးလောင်နေသောအဝတ်အစားများကို မချွတ်ပါနှင့် - အတွင်းပိုင်းမီးလောင်ဒဏ်ရာဖြစ်နိုင်သောကြောင့် ဆေးဘက်ဆိုင်ရာအကူအညီရယူပါ
Drinking Water: What’s Safe and How to Make It Safer
Disaster Guide