အသည်းခြောက်ခြင်း(Cirrhosis)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

Overview

အသည်းခြောက်ခြင်းသည် အသည်းပြင်းထန်စွာ ပျက်စီးသွားသော အခြေအနေတစ်ခုဖြစ်ပြီး၊ အသက်အန္တရာယ်ရှိနိုင်သော်လည်း၊ ကုသမှုများနှင့် လူနေမှုပုံစံပြောင်းလဲခြင်းများဖြင့် ပိုမိုဆိုးရွားလာခြင်းကို ကာကွယ်နိုင်ပါသည်။  

Symptoms

အသည်းခြောက်ခြင်းရှိသူများစွာသည် လက္ခဏာမပြဘဲ ရှိနေတတ်ပါသည်၊ အထူးသဖြင့် အစောပိုင်းအဆင့်တွင် ဖြစ်ပါသည်။

အစောပိုင်းလက္ခဏာများ :

  • အမြဲတမ်း ပင်ပန်းနွမ်းနယ်ခြင်း၊
  • အစားစားချင်စိတ်မရှိခြင်း သို့မဟုတ် ကြိုးစားမှုမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း၊
  • ပျို့အန်ခြင်း၊
  • ဗိုက်အောင့်ခြင်း၊
  • အရေပြားပေါ်တွင် သွေးကြောများ မြင်ရခြင်း၊
  • လက်ဖဝါးများ နီရဲခြင်း – အသားညိုသူများတွင် နီရဲမှုကို သိသာမှုနည်းနိုင်ပါသည်။

အသည်းခြောက်ခြင်း ပိုဆိုးလာပါက၊ အောက်ပါလက္ခဏာများ ပေါ်လာနိုင်ပါသည်:

  • သွေးအလွယ်တကူထွက်ခြင်း သို့မဟုတ် သွေးခြည်ဥခြင်း၊
  • အရေပြားယားယံခြင်း၊
  • လက်ချောင်းများ ပိုကျယ်လာခြင်း၊ ကောက်သွားခြင်း (clubbed) သို့မဟုတ် လက်သည်းဖြူခြင်း၊
  • အသားဝါခြင်း နှင့် မျက်လုံးဖြူသားဝါခြင်း (jaundice) – အသားညိုသူများတွင် အသားဝါခြင်းကို သိသာမှုနည်းနိုင်ပါသည်၊
  • ဗိုက်၊ ခြေထောက်၊ ခြေကျင်းဝတ် သို့မဟုတ် ခြေဖဝါးများ ရောင်ခြင်း၊
  • လက်များ တုန်ခြင်း၊
  • စကားပြောရာတွင် လျှာထစ်ခြင်း၊
  • စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊
  • သွေးအန်ခြင်း၊
  • ဝမ်းအမည်းရောင် သို့မဟုတ် အနက်ရောင်ဖြစ်ခြင်း။

အမျိုးသားများတွင်၊ ရင်သားများ ပုံမှန်ထက် ကြီးလာခြင်း (gynaecomastia) သို့မဟုတ် ဝှေးစေ့များ သေးသွားခြင်း ဖြစ်နိုင်ပါသည်။

Causes

အသည်းခြောက်ခြင်းသည် အသည်းကို ရေရှည်ထိခိုက်မှုများကြောင့် ဖြစ်ပွားပါသည်။

Risk Factors

ဖြစ်နိုင်ခြေမြင့်စေသော အကြောင်းရင်းများ :

  • အရက်ကို မကြာခဏ အလွန်အကျွံသောက်ခြင်း (အမျိုးသားများအတွက် တစ်ပတ်လျှင် ၅၀ ယူနစ်ထက် ပိုသောက်ပါက၊ အမျိုးသမီးများအတွက် ၃၅ ယူနစ်ထက် ပိုသောက်ပါက)၊
  • ဘီပိုး (hepatitis B) သို့မဟုတ် စီပိုး (hepatitis C) ရှိခြင်း၊
  • အဝလွန်ခြင်း၊
  • ဆီးချိုရောဂါ အမျိုးအစား ၂ (type 2 diabetes) ရှိခြင်း၊
  • အရက်မသောက်ဘဲ အသည်းအဆီဖုံးရောဂါ (non-alcoholic fatty liver disease - NAFLD) ရှိခြင်း၊
  • ကိုယ်ခံအားကြောင့် အသည်းရောဂါများ (autoimmune hepatitis, primary biliary cholangitis, primary sclerosing cholangitis) ရှိခြင်း၊
  • မျိုးရိုးဗီဇဆိုင်ရာ ရောဂါများ (haemochromatosis, Wilson's disease, alpha-1 antitrypsin deficiency, cystic fibrosis) ရှိခြင်း။

Treatment Options

အသည်းခြောက်ခြင်းကို လုံးဝပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသော်လည်း၊ ပိုမိုဆိုးရွားလာခြင်းကို နှေးကွေးစေရန် သို့မဟုတ် ရပ်တန့်စေရန် ကုသမှုများ ရှိပါသည်။

အကြောင်းရင်းကို ကုသခြင်း ဥပမာ၊ ဘီပိုး သို့မဟုတ် စီပိုးကြောင့် ဖြစ်ပါက၊ ဗိုင်းရပ်စ်ဆေးဝါးများ ပေးခြင်း။

နောက်ဆက်တွဲပြဿနာများကို ကာကွယ်ခြင်းနှင့် ကုသခြင်း :

  • ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားရန် ဝမ်းနှုတ်ဆေး (laxative medicine)၊
  • သွေးထွက်ခြင်းကို လျှော့ချရန် beta blockers ကဲ့သို့သော ဆေးများ၊
  • ရောင်ရမ်းခြင်းကို လျှော့ချရန် ဆီးရွှင်ဆေး၊
  • ပိုးဝင်ခြင်းနှင့် သွေးယိုခြင်းကို ကုသရန် ပဋိဇီဝဆေးများ (antibiotics)၊
  • အရိုးပါးခြင်းအတွက် ကုသမှု၊
  • အသည်းအစားထိုးကုသမှု (liver transplant) – အသည်းခြောက်ခြင်း အလွန်ပြင်းထန်ပါက။

လူနေမှုပုံစံပြောင်းလဲခြင်း အရက်သောက်ခြင်းကို လုံးဝရပ်တန့်ရန် အကြံပြုထားပါသည်။

အသည်းအထူးကု (hepatologist)၊ အစာခြေစနစ်အထူးကု (gastroenterologist)၊ အာဟာရပညာရှင် (nutritionist/dietician)၊ အရက်ဖြတ်ရန် ပံ့ပိုးမှုဝန်ဆောင်မှုများ ပါဝင်နိုင်ပါသည်။

Prevention Tips

အသည်းခြောက်ခြင်းအတွက် သင့်ဘာသာ လုပ်ဆောင်နိုင်သော အရာများ

အသည်းခြောက်ခြင်း ပိုမိုဆိုးရွားလာခြင်းကို ကာကွယ်ရန်နှင့် ကျန်းမာရေးကောင်းမွန်စေရန် အောက်ပါအချက်များကို လိုက်နာနိုင်ပါသည်။

Do:

  • ကျန်းမာရေးနှင့် ညီညွတ်သော၊ မျှတသော အစားအစာများ စားပါ။
  • ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
  • ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းပါ။
  • ဆေးဝါးများ (သဘာဝဆေးများ အပါအဝင်) မသောက်မီ၊ ဆေးဝါးကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ – အသည်းခြောက်ခြင်းရှိပါက၊ ဆေးများသည် မသင့်တော်နိုင်ပါ။
  • တုပ်ကွေးကာကွယ်ဆေး (flu vaccine) နှင့် နမိုးနီးယားကာကွယ်ဆေး (pneumococcal vaccine) ကဲ့သို့သော ကာကွယ်ဆေးများကို မှန်မှန်ထိုးပါ။

မလုပ်သင့်သည်များ

  • အရက်မသောက်ပါနှင့်။
  • ဆေးလိပ်မသောက်ပါနှင့်။

နောက်ဆက်တွဲပြဿနာများ

  • အာဟာရချို့တဲ့ခြင်း (malnutrition)၊
  • အရိုးများ အားနည်းပြီး ကျိုးလွယ်ခြင်း (osteoporosis)၊
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs) နှင့် နမိုးနီးယားကဲ့သို့သော ပိုးဝင်ခြင်းများ၊
  • သွေးဆိပ်သင့်ခြင်း (sepsis)၊
  • အသားဝါခြင်း (jaundice)၊
  • ဗိုက်တွင် အရည်များစုခြင်း (ascites)၊
  • ဦးနှောက်ပြောင်းလဲမှုများကြောင့် စိတ်ရှုပ်ထွေးခြင်းကဲ့သို့သော ပြဿနာများ၊
  • ခန္ဓာကိုယ်အတွင်း သွေးယိုခြင်း၊
  • အသည်းပျက်စီးခြင်း (liver failure)၊
  • အသည်းသို့ သွေးပို့သော သွေးကြောတွင် သွေးခဲခြင်း၊
  • အသည်းကင်ဆာ (liver cancer)။

When To See A Doctor

ဆရာဝန်နှင့် ပြသပါ:

  • သင့်တွင် အသည်းခြောက်ခြင်း ရှိမည်ဟု သံသယရှိပါက။

See a GP urgently if:

အသည်းခြောက်ခြင်း ရှိပြီး အောက်ပါလက္ခဏာများ ရှိပါက - :

  • အသားဝါခြင်း သို့မဟုတ် မျက်လုံးဖြူသားဝါခြင်း၊
  • အသက်ရှူရခက်ခဲခြင်း – ပုံမှန်ထက် အသက်ရှူမဝခြင်း၊
  • ဗိုက်၊ ခြေထောက်၊ ခြေကျင်းဝတ် သို့မဟုတ် ခြေဖဝါးများ ရောင်ခြင်း။

လူနာတင်ယာဥ် ခေါ်ခြင်း(သို့ ) အရေးပေါ်ဌာနသို့ ချက်ချင်းသွားပါ :

အသည်းခြောက်ခြင်း ရှိပြီး အောက်ပါလက္ခဏာများ ရှိပါက - :

  • သွေးအန်ခြင်း၊
  • ဝမ်းအမည်းရောင် သို့မဟုတ် အနက်ရောင်ဖြစ်ခြင်း၊
  • ရုတ်တရက် စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် စကားပြောရာတွင် လျှာထစ်ခြင်း။
Do not drive to emergency department. Ask someone to drive you or call emergency and ask for an ambulance. Bring any medicines you take with you.

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
07 Mar 2025
အရေပြားနှင့် တစ်ရှူးရောင်ရောဂါ(Cellulitis)
Patient Guide