သွေးတွင်းအဆီများခြင်း (High Cholesterol)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

Overview

သွေးတွင်းအဆီများခြင်း ဆိုသည်မှာ သွေးထဲတွင်ကို လက်စထရောလ် (cholesterol) ဟုခေါ်သော အဆီပမာဏ များပြားလွန်းခြင်းကို ဆိုလိုသည်။

ကျန်းမာသော အစားအသောက်သုံးဆောင်ခြင်းနှင့် လှုပ်ရှားမှုများ တိုးခြင်းဖြင့် သင့်ရဲ့ လက်စထရောလ်ကို လျှော့ချနိုင်သည်။ အချို့သောသူများအတွက် ဆေးသောက်ရန်လည်း လိုအပ်နိုင်သည်။

လက်စထရောလ် များလွန်းသည့်အခါ သွေးကြောများပိတ်နိုင်ပြီး နှလုံးပြဿနာများ သို့မဟုတ် လေဖြတ်ခြင်း ဖြစ်နိုင်သော အန္တရာယ် ပိုမိုများစေသည်။

Symptoms

သွေးတွင်းအဆီများခြင်းသည် ပုံမှန်အားဖြင့် လက္ခဏာများမဖြစ်စေပါ။ သင့်မှာ ရှိမရှိကို သွေးစစ်ဆေးမှုမှသာ သိနိုင်ပါသည်။

Causes

သွေးတွင်းအဆီများခြင်း၏ အဓိကအကြောင်းရင်းများမှာ အဆီများသော အစားအသောက်သုံးဆောင်ခြင်း၊ လှုပ်ရှားမှုမလုံလောက်ခြင်း၊ ကိုယ်အလေးချိန် များခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းတို့ဖြစ်သည်။ ၎င်းသည် မိသားစုအတွင်းတွင် ဆက်လက်ဖြစ်ပွားနိုင်ပါသည်။

Diagnosis

သွေးတွင်းအဆီများခြင်းသည် ပုံမှန်အားဖြင့် လက္ခဏာများ မဖြစ်စေပါ။ သင့်မှာ ရှိမရှိကို သွေးစစ်ဆေးမှုမှသာ သိနိုင်ပါသည်။

သင့်ရဲ့ လက်စထရောလ်ပမာဏ မြင့်မမြင့် စစ်ဆေးရန် GP သင့်ကို သွေးစစ်ဆေးမှုလုပ်ရန် အကြံပြုနိုင်ပါသည်။

၎င်းသည် သင့်အသက်အရွယ်၊ ကိုယ်အလေးချိန် သို့မဟုတ် သင့်မှာ သွေးပေါင်မြင့်ခြင်း (သို့) ဆီးချိုရောဂါကဲ့သို့သော ရောဂါတစ်ခုရှိခြင်းကြောင့် ဖြစ်နိုင်ပါသည်။


ကိုလက်စထရောလ် စစ်ဆေးခြင်း

လက်စထရောလ် စစ်ဆေးရန် နည်းလမ်း ၂ မျိုးရှိသည်

လက်မောင်းမှ သွေးယူခြင်း

သင့်လက်မောင်းမှ သွေးဖောက်ပြီး သွေးနမူနာ ယူပါမည်။

သွေးနမူနာကို ဓာတ်ခွဲခန်းသို့ ပို့ပြီး လက်စထရောလ် ပမာဏ စစ်ဆေးပါမည်။ရလာဒ်ကို ရက်အနည်းငယ်အတွင်း သိနိုင်ပါသည်။

အချို့သောသူများအတွက် စစ်ဆေးမီ ၁၂ နာရီခန့် အစားအသောက် မစားရန် (စာရှောင်ရန်) ပြောနိုင်သော်လည်း ပုံမှန်အားဖြင့် မလိုအပ်ကြပါ။

လက်ဖောက်သွေးစစ်ဆေးမှု

ဤစစ်ဆေးမှုသည် နှလုံးရောဂါနှင့် ဆီးချိုရောဂါကဲ့သို့သော ပြဿနာများကို စောစောမပြုမိနိုင်ရန်အတွက်အသုံးဝင်သည်။

လက်ထိပ်ကို ဖော၍ သွေးစစ်ဆေးသည်။ သွေးစက်တစ်စက်ကို စက္ကူပြားငယ်တစ်ခုသို့ ထည့်ပြီး စက်ထဲသို့ ထည့်ကာ ကိုလက်စထရောလ်ပမာဏကို မိနစ်အနည်းငယ်အတွင်း စစ်ဆေးနိုင်သည်။

Treatment Options

သွေးတွင်းအဆီများခြင်း (High Cholesterol) ကို ထိန်းချုပ်ရန် ဆေးများ

သင့်အတွက် ဆေးသောက်ရန် လိုအပ်နိုင်သည်:

  • အစားအသောက်နှင့် နေထိုင်မှုပုံစံ ပြောင်းလဲပြီးသည်နှင့်ပင် လက်စထရောလ် ပမာဏ မလျော့သွားပါက
  • နှလုံးဖောခြင်း သို့မဟုတ် ေလဖြတ်ခြင်း ဖြစ်နိုင်ခြေ မြင့်မားပါက

သင့်အတွက် သင့်လျော်သော ဆေးများအကြောင်း ဆရာဝန်ထံ မေးမြန်းပါ။

စတက်တင် (Statins)

သွေးတွင်းါလက်စထရောလ်ကို လျော့ချပေးနိုင်သော ဆေးများထဲမှ အများဆုံး သုံးသောဆေးအုပ်စု ဖြစ်သည်။

လက်စထရောလ် ထွက်ရှိမှုကို ကိုယ်ခန္ဓာတွင် လျော့ချပေးသည်။

တစ်နေ့ တစ်လုံး သောက်ရန် လိုအပ်သည်။ ပုံမှန်အားဖြင့် ဆက်လက် သောက်ရန် လိုအပ်သည်။

အခြား လက်စထရောလ် လျော့စေသော ဆေးများ

စတက်တင်များ သက်သာမှုမရှိလျှင် (သို့) သောက်လိုမှု မရှိပါက အခြားဆေးများ အသုံးပြုနိုင်သည်

၎င်း တို့မှာ :

  • အခြား ဆေးပြားများ – Ezetimibe, Fibrates, Bile Acid Sequestrants (Resins) နှင့် Bempedoic Acid
  • ထိုးဆေးများ – Alirocumab, Evolocumab နှင့် Inclisiran

Prevention Tips

သွေးတွင်းအဆီများခြင်း (High Cholesterol) ကို လျော့ချရန် နည်းလမ်းများ

အဆီများပါသော အစားအစာများကို လျှော့ချရန်

ကိုလက်စထရောလ် လျော့ချရန် အဆီများပါသော အစားအစာများကို အထူးသဖြင့် ပြည့်ဝအဆီများ (saturated fat) ပါဝင်သော အစားအစာများကို အနည်းငယ်သာစားပါ။လျှော့ချရန် လိုအပ်သည်။

Unsaturated fat (သန့်ရှင်းသော အဆီများ) ပါဝင်သော အစားအစာများကို စားသုံးနိုင်ပါသည်။

အစားအစာအညွှန်းများ (food labels) ကို ကြည့်၍ မည်သည့် အမျိုးအစားအဆီ ပါဝင်ကြောင်း စစ်ဆေးပါ။

ပိုမို စားသုံးသင့်သော အစားအစာများ :

  • ဆီပြန်ငါးများ – ဥပမာ မက်ကရယ်၊ ဆားမွန်
  • သံလွင်ဆီ၊ ပြောင်းဖူးစေ့ဆီ (Rapeseed oil) နှင့် ထိုဆီများမှ ပြုလုပ်သော (Spreads)
  • ဆန်လုံးညို (Wholegrain) မုန့်နှင့် Wholewheat ခေါက်ဆွဲများ
  • အစေ့အဆံများ
  • အသီးအရွက်များ
  • အနည်းငယ်သာ စားသုံးသင့်သော အစားအစာများ:
  • အသားထုပ် (meat pies), ဝက်အူချောင်း (sausages) နှင့် အဆီများသော အသားများ
  • နွားနို့ထွက်ပစ္စည်းများ ထောပတ် , lard and ghee
  • ခရင် နှင့် ချိစ်များ
  • ကိတ် နှင့်ဘီစကွတ်များ 
  • အုန်းဆီနှင့် စားအုန်းဆီ

ပိုမို လှုပ်ရှားကြံ့ခိုင်စေရန်

အနည်းဆုံး တစ်ပါတ်လျှင် ၁၅၀ မိနစ် (၂.၅ နာရီ) ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် ကြိုးစားပါ။

စတင်လိုက်သောအခါ စမ်းကြည့်သင့်သော လှုပ်ရှားမှုများ:

  • လမ်းလျှောက်ခြင်း – နှလုံးခုန်မြန်လာအောင် တက်တက်ကြွကြွ လမ်းလျှောက်ပါ။
  • ရေကူးခြင်း
  • စက်ဘီးစီးခြင်း

မိမိနှစ်သက်သော အားကစားကို ရှာဖွေကြည့်ပါ။ နှစ်သက်သော လေ့ကျင့်ခန်းများကို ဆက်လက်လုပ်နိုင်ခြင်းက အရေးကြီးပါသည်။

ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ပါ

ဆေးလိပ်သည် သွေးတွင်းအဆီများခြင်း (High Cholesterol) ကို မဖြစ်မနေ တိုးမြှင့်စေနိုင်သည်။နှလုံးရောဂါ (heart attack), ေလဖြတ်ခြင်း (stroke) နှင့် ကင်ဆာ (cancer) ဖြစ်နိုင်ခြေ ပိုမိုမြင့်တက်စေနိုင်သည်။ ဆေးလိပ်ကို ရပ်တန့်ခြင်းသည် သွေးကြောများကို ပိုမိုကျယ်ဝန်းစေပြီး သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပါသည်။

အရက်သောက်မှုကို လျှော့ချပါ

ကြိုးစားပါ။:

  • တစ်ပါတ်လျှင် ၁၄ ယူနစ်ထက် ပိုမသောက်ရန် ကြိုးစားပါ။
  • တစ်ပါတ်အတွင်း အရက်မသောက်သော နေ့များ ရှိအောင် လုပ်ပါ။
  • အချိန်တိုအတွင်း အရက်များများမသောက်ပါနဲ့ (Binge Drinking ကို ရှောင်ရှားပါ။)

When To See A Doctor

သွေးတွင်းအဆီများခြင်း (High Cholesterol) စစ်ဆေးရန် GP ကို မေးမြန်းပါ :

  • သင်သည် အသက် ၄၀ ကျော်,အဝလွန်ခြင်း သို့မဟုတ် သွေးတွင်းအဆီများခြင်း သို့မဟုတ် နှလုံးရောဂါ များလုံးတွင် မိသားစုဝင်များရှိပါက

သင်သည် သွေးတွင်းအဆီများခြင်း ရှိနေနိုင်ခြေ ပိုမိုမြင့်တက်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
17 November 2024
သွေးတိုးရောဂါ (Hypertension | High Blood Pressure)
Patient Guide