Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ပါဝင်သောအကြောင်းအရာများ
အကျဥ်းချုပ်
အသည်းရောဂါများအမျိုးမျိုး ရှိပါသည်။ အချို့သောအသည်းရောဂါများကို ကာကွယ်နိုင်ရန် သင့်အား ကိုယ်အလေးချိန်ကျန်းမာစွာ ထိန်းသိမ်းထားခြင်းနှင့် အရက်သောက်တတ်လျှင် အကြံပြုထားသော အရက်သောက်သုံးမှုပမာဏအတွင်းသောက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။
လက္ခဏာများ
အသည်းရောဂါအမျိုးအစားအများစုသည် အစောပိုင်းအဆင့်များတွင် အခြားသိသာသော ရောဂါလက္ခဏာများမရှိပါ။
အသည်းရောဂါ၏ ရောဂါလက္ခဏာများကို စတင် ခံစားလာသောအခါတွင် သင့်အသည်းမှာအနာဖြစ်ပြီး ထိခိုက်ပျက်စီးပြီးသားဖြစ်ပါသည်။ ဤအခြေအနေကို အသည်းခြောက်ခြင်း ဟု ခေါ်သည်။
အသည်းခြောက်ခြင်း၏ ရောဂါလက္ခဏာများတွင်:
- အမြဲပင်ပန်းနွမ်းနယ်နေခြင်းနှင့်အားနည်းခြင်း
- အစားအသောက်စားချင်စိတ်မရှိခြင်း – အလေးချိန်ကျဆင်းစေနိုင်သည်
- လိင်ဆန္ဒ (libido) လျော့ကျခြင်း
- အသားအရောင်နှင့် မျက်လုံးများဝါခြင်း
- အသားယားခြင်း
- နေထိုင်မကောင်းဖြစ်ခြင်း
ဖြစ်ပွားရသောအကြောင်းအရင်း
အသည်းရောဂါဖြစ်စေသော အဓိကအကြောင်းရင်း ၃ချက်မှာ :
- ကိုယ်အလေးချိန်အလွန်များခြင်း
- အသည်းရောင်အသားဝါရောဂါ ကူးစက်ပြီး ကုသမှုမရှိခြင်း
- အရက်အလွန်အကျွံသောက်သုံးခြင်း
ကုသမှု
အသည်းရောဂါကုသမှုသည် သင့်မှာရှိသော အသည်းရောဂါအမျိုးအစားနှင့် ရောဂါ၏အခြေအနေပေါ်မူတည်ပါသည်။
ကျန်းမာသော နေထိုင်စားသောက်မှု ပြောင်းလဲခြင်းသည် အသည်းရောဂါအချို့အတွက် အထောက်အကူပြုနိုင်ပါသည်။ ဥပမာအားဖြင့် အရက်ကြောင့်ဖြစ်သောအသည်းအဆီဖုံးရောဂါသည် အရက်သောက်သုံးခြင်းကို ရပ်ဆိုင်းလျှင် သက်သာသွားနိုင်ပါသည်။
အသည်းရောဂါအချို့ (ဥပမာ အသည်းရောင်အသားဝါရောဂါအချို့) ကို ဆေးဝါးဖြင့် ကုသရန် လိုအပ်နိုင်ပါသည်။
သင်၏အသည်းတွင် အပြင်းစား ထိခိုက်ပျက်စီးမှုနှင့် အနာဖြစ်ခြင်း (အသည်းခြောက်ခြင်း) ရှိပါက အသည်းအစားထိုးကုသမှု လိုအပ်နိုင်ပါသည်။
ကာကွယ်ရန်အချက်များ
အသည်းရောဂါအမျိုးမျိုးဖြစ်ပွားမှုအန္တရာယ်ကို လွယ်ကူသော ရှင်းလင်းသော လိုက်နာမှုများဖြင့် လျော့ချနိုင်ပါသည်၊ ဥပမာ:
- ကျန်းမာသော ကိုယ်အလေးချိန် ထိန်းသိမ်းရန် ကြိုးစားခြင်း
- အရက်ကို အလွန်အကျွံမသောက်သုံးခြင်း
အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး၊ အန္တရာယ်ရှိသော အခြေအနေများရှိပါက ထိုးသင့်ပါသည်။
ဆရာဝန်နှင့်ပြသ ရန်အချိန်
သင်အသည်းရောဂါ သို့မဟုတ် အသည်းခြောက်ခြင်းရှိနိုင်သည်ဟု ထင်ပါက ဆရာဝန်နှင့်ပြပါ။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.