Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
အကျဥ်းချုပ်
ငှက်ဖျား ရောဂါဆိုတာ ခြင်ကိုက်ရာမှကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ငှက်ဖျားဖြစ်ပြီဆိုတာနဲ့ ချက်ချင်းကုသမှု ခံယူဖို့လိုပါတယ်။ အကယ်၍ မကုသပဲထားမယ်ဆိုရင် အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါတယ်။
လက္ခဏာများ
ငှက်ဖျားရောဂါရဲ့ လက္ခဏာတွေကတော့:
- ကိုယ်ပူချိန်တက်ခြင်း, ချွေးစေပြန်ခြင်း, ချမ်းတုန်ခြင်း
- ခေါင်းကိုက်ခြင်း, စိတ်ရှုပ်ထွေးခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း, အိပ်ငိုက်ခြင်း( ကလေးများတွင်ပိုဖြစ်နိုင်ပါတယ်)
- နေထိုင်မကောင်းဖြစ်ခြင်း , ဗိုက်နာခြင်း, ဝမ်းေ လျှာခြင်း
- အစာစားချင်စိတ်မရှိခြင်း
- ကြွက်သားနာခြင်း
- အသားဝါခြင်း , မျက်လုံးဝါခြင်း
- လည် ချောင်းနာခြင်း,ချောင်းဆိုးခြင်း, အသက်ရှူရခက်ခြင်း
ရောဂါလက္ခဏာတွေက ငှက်ဖျားပိုးရှိတဲ့ ခြင်ကိုက်ခံရပြီး ၇ရက်ကနေ ၁၈ ရက် အတွင်း ပြနုိင်ပါတယ်။
တချို့တွေမှာတော့ လပေါင်းများစွာကြသည့်တုိင် လက္ခဏာမပြတာလည်းရှိပါတယ်။
ဖြစ်ပွားရသောအကြောင်းအရင်း
ငှက်ဖျားရောဂါဖြစ်စေရတဲ့ အကြောင်းအရင်းကတော့ ရောဂါပိုးရှိတဲ့ ခြင်ကိုက်တာကနေဖြစ်တာပါ။
အဆိုပါရောဂါသည် ကမ္ဘာ၏ အချို့နေရာများတွင် အလွန်များလေ့ရှိသည်။
အပူပိုင်းဒေသတွေမှာ အဖြစ်များပြီး:
- အာဖရိက, အာရှ
- အမေရိက အလယ်ပိုင်း နဲ့ တောင်ပိုင်း
- ဒိုမီနီကန်သမ္မတနိုင်ငံနှင့် ဟေတီ
- အရှေ့အလယ်ပိုင်း
- ပစိဖိတ်ကျွန်းစု
အန္တရာယ်တိုးစေသောအကြောင်းရင်းများ
ငှက်ဖျားဖြစ်နိုင်ခြေရှိတဲ့ ဒေသတွေကို ခရီးထွက်တော့မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးအကြံဉာဏ်ရယူဖို့အ ရေးကြီးပါတယ်။
အောက်ပါများပါဝင်သည်:
- ကိုယ်ဝန်ဆောင်
- ကလေးငယ်များ
- အသက်၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ
- ကိုယ်ခံအားနည်းသူ
- သရက်ရွက်ထုတ်ထားသူ တေွမှာ ငှက်ဖျားပိုဖြစ်နိုင်ခြေရှိပါတယ်။
သင် ငှက်ဖျား ဖြစ် နိုင် ချေ နည်းသည့် ဒေသသို့ ခရီးသွားရန်ရှိပါက ငှက်ဖျားဆေးများကို ဆရာဝန်ထံမှ သောက်ရန် ညွှန်းနိုင်ပါသည်။
ကုသမှု
ငှက်ဖျားဖြစ်ပြီ ဆိုတာနဲ့ မြန်မြန် ကုသမူခံယူဖို့လိုအပ်ပါတယ်
ငှက်ဖျားပျောက်ဆေးများဖြင့် ကုသရပါတယ်။
ငှက်ဖျားရောဂါအတွက် လိုအပ်တဲ့ ဆေးကုသမှုများလုပ်ပြီး ဆေးရုံတက်ပြီး အနီးကပ်စောင့်ကြည့်ဖို့လိုနိုင်ပါတယ်။
ငှက်ဖျား ရောဂါက ပြန်ဖြစ်နိုင်ပြီး ဖြစ်တဲ့ အခါ ဆေးကုသမှု ထပ်မံ ခံယူရန်လိုအပ်ပါတယ်။
ကာကွယ်ရန်အချက်များ
ငှက်ဖျား ဖြစ်တတ်တဲ့ ဒေသတွေကိုသွားတော့မယ်ဆိုရင် ငှက်ဖျားဆေးများကို ဆရာဝနင့်တိုင်ပင်ပြီး သယ်သွားတာ, ငှက်ဖျားမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာ တွေကို အကြံဥာဏ်ရယူနိုင်ပါတယ်။
ငှက်ဖျားရောဂါမဖြစ်အောင်ဘယ်လိုရှောင်မလဲ
- ဆရာဝန်ညွှန်ပေးတဲ့ ငှက်ဖျားဆေးများကို ဆောင်သွားခြင်း – သင် ခရီးသွားရန် အများအားဖြင့် ဆေးဝါးကို သွားမည့်ရက်မတိုင်မီ ရက်အနည်းငယ် အတွင်း စတင်ဖို့ လိုအပ်ပါသည်၊ ပြီးတော့ ခရီးသွားပြီး တဲ့အချိန်ရက်အနည်းငယ်အထိ ဆက်သုံးရပါမည်
- ခြင်မကိုက်အောင် insect repellent များဆောင်သွားခြင်း– 50% DEET-based ဖြစ်ရန်လိုအပ်ပါသည်။
- အိပ်တဲ့ အခါ ပိုးသတ်ဆေးစိမ်ထားတဲ့ ခြင်ထောင်ဖြင့်အိပ်ခြင်း
- ညနေခင်းဘက်တွေမှာ အင်္ကျီရှည်,ဘောင်းဘီရှည်ဝတ်ခြင်း စတာတွေလိုက်နာပြီး ကာကွယ်နိုင်ပါတယ်။
ဆရာဝန်နှင့်ပြသ ရန်အချိန်
ဆရာဝန်နှင့် အရေးပေါ် ပြသပါ။
- သင် ငှက်ဖျားတွေ့ရှိနိုင်တဲ့ နိုင်ငံသို့ ခရီးသွားပြီးနောက် ငှက်ဖျားရောဂါလက္ခဏာများ ပေါ်လာပါက၊
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.