မွေးရာပါ သွေးနီဥ ပုံပျက်သော ရောဂါ (Sickle Cell Disease)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

မွေးရာပါ သွေးနီဥ ပုံပျက်သော ရောဂါ (Sickle cell disease) သည် သွေးနီဥများ (red blood cells) ကို ထိခိုက်စေသော မျိုးရိုးလိုက်သည့် ရောဂါ အခြေအနေ (inherited health conditions) ကို ဆိုလိုသည်။ ၎င်းအနက် အပြင်းထန်ဆုံးအမျိုးအစားကို မွေးရာပါ သွေးနီဥ ပုံပျက်သော သွေးအားနည်းရောဂါ (sickle cell anaemia) ဟု ခေါ်သည်။

အာဖရိကန်နှင့် ကာရစ်ဘီယန် မိသားစုနောက်ခံရှိသူများတွင် အထူးသဖြင့် တွေ့ရသည်။

မွေးရာပါ သွေးနီဥ ပုံပျက်သော သွေးအားနည်းရောဂါရှိသူများသည်ပုံမှန်မဟုတ်သော သွေးနီဥများ ကို ထုတ်လုပ်ကြသည်။ ဤသွေးနီဥများသည် ကျန်းမာသော သွေးနီဥများလို ကြာရှည်စွာ မရှင်နိုင်ဘဲ သွေးကြောများကို ပိတ်ဆို့နိုင်သောပြဿနာများ ဖြစ်စေပါသည်။

မွေးရာပါ သွေးနီဥ ပုံပျက်သော ရောဂါ သည် – ပြင်းထန်သော နာတာရှည်ဖြစ်သော ကျန်းမာရေးပြဿနာတစ်ခုဖြစ်သော်လည်း ကုသမှုဖြင့် အမျိုးမျိုးသော ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်ပါသည်။

လက္ခဏာများ

မွေးရာပါ သွေးနီဥ ပုံပျက်သော ရောဂါရှိသော လူများသည် အစောပိုင်းကတည်းက ပြသာနာများရှိတတ်ပါသည်၊ သို့သော် တချို့ကလေးများသည် လက္ခဏာနည်းပြီး အများအားဖြင့် သာမာန်အတိုင်း နေထိုင်နိုင်ပါသည်။

မွေးရာပါ သွေးနီဥ ပုံပျက်သော သွေးအားနည်းရောဂါ၏ အဓိက လက္ခဏာများမှာ:

  • ရက်ပေါင်းများ စွာသို့မဟုတ် ရက်သတ္တပတ်ပေါင်းများ စွာအထိဖြစ်သော sickle cell crises အလွန်ဆိုးရွားခြင်း
  • ရောဂါပိုးပြင်းထန်စွာဝင်လွယ်ခြင်း
  • သွေးနီဥများသည် ကိုယ်တွင်းသို့လုံလောက်စွာ မပို့ဆောင်နိုင်ခြင်းကြောင့် ဖြစ်စေသော သွေးအားနည်းခြင်း(ပင်ပန်နွမ်းနယ်ခြင်းနှင့် အသက်ရှူရခက်ခြင်းစသည့် သေခြင်းနှင့် ခံစားမှုများ)

မွေးရာပါ သွေးနီဥ ပုံပျက်သော ရောဂါသည် အချို့အခြားပြဿနာများကိုလည်း ဖြစ်စေနိုင်ပါသည်။

ဤအချက်များတွင်:

  • ကလေးဘဝတွင် ကြီးထွားမှုနောက်ကျခြင်းနှင့် အရွယ်ရောက်နောက်ကျခြင်း
  • သည်းခြေကျောက်များ၊ ဤသည်က ဗိုက် (အတွင်းသား) နာကျင်ခြင်းနှင့် အသားဝါခြင်းမျက်စိဝါခြင်း(Jaundice) ဖြစ်စေပါသည်။
  • အရိုးနှင့် အဆစ်နာကျင်ခြင်း
  • လိင်အင်္ဂါ ထောင်မတ်ချိန်တွင် နာကျင်ခြင်း (Priapism) တစ်ခါတစ်ရံ တွင် နာရီပေါင်းများစွာ ကြာနိုင်ပါသည်
  • ခြေထောက်တွင် အနာများဖြစ်ခြင်း (Leg Ulcers)
  • လေဖြတ်ခြင်း (Stroke)
  • ပြင်းထန်သော အဆုတ်ရောဂါတစ်မျိုး (Acute Chest Syndrome) အဖျားကြီးခြင်း ,ချောင်းဆိုးခြင်း,ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခြင်း
  • သရက်ရွက်ရောင်ရမ်းခြင်း , နှလုံးခုန်မြန်ခြင်း,အသက်ရှူကြပ်ခြင်း, ဗိုက်နာခြင်း, ဝမ်းဗိုက်ရောင်ခြင်း၊ သေွးအားနည်းခြင်း
  • မျက်စိ  ပြဿနာများ
  • အဆုတ်သွေးလွှတ်ကြောမှာ ဖိအားများခြင်း
  • ကျောက်ကပ်ရောဂါ သို့မဟုတ် ဆီးလမ်းကြောင်းပြဿနာများ, ဆီးသွားးလျှင်သွေးပါခြင်း , အိပ်ယာထဲတွင် ဆီးသွားခြင်း

ဖြစ်ပွားရသောအကြောင်းအရင်း

မွေးရာပါ သွေးနီဥ ပုံပျက်သော ရောဂါသည် သွေးနီဥများဖွံ့ဖြိုးတိုးတက်မှုကိုသက်ရောက်စေသော မျိုးဗီဇမှ ဖြစ်ပေါ်သည်

မိဘနှစ်ဦးစလုံးတွင် ဤမျိုးဗီဇရှိပါက၊ သားသမီးတစ်ဦးချင်းစီအတွက် ဖြစ်ရန် ၁/၄ အလားအလာရှိပါသည်။

မိဘများမှာ မိမိတို့မှာ မွေးရာပါ သွေးနီဥ ပုံပျက်သော သွေးအားနည်းရောဂါမရှိပေမယ့်၊ ဤရောဂါ၏ မျိုးဗီဇကို သယ်ဆောင်ထားသောသူများဖြစ်နိုင်ပါသည်။

ရောဂါရှာဖွေခြင်း

မွေးရာပါ သွေးနီဥ ပုံပျက်သော သွေးအားနည်းရောဂါကို သက်ဆိုင်ရာ ကိုယ်ဝန်ရှိစဉ်တွင် သို့မဟုတ် မွေးဖွားပြီးမကြာခင်တွင် သိရှိနိုင်ပါသည်။

သယ်ဆောင် သူ ဟုတ်မဟုတ် စမ်းသပ်ခြင်း

ဤရောဂါရှိမရှိသို့မဟုတ် သက်ဆိုင်သော ဂျင်ကို သယ်ဆောင်ထားသူဖြစ်မဖြစ် စစ်ဆေးရန် သွေးစစ်ဆေးမှုကို မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်သည်။

ကုသမှု

မွေးရာပါ သွေးနီဥ ပုံပျက်သော ရောဂါရှိသူများအတွက် သက်တမ်းတစ်လျှောက်လုံး ဆက်လက်ကုသမှုများ လိုအပ်ပါသည်။ ယခုကုသမှုများကို အထူးကု ဆေးခန်းများမှ သက်ဆိုင်ရာ ကျွမ်းကျင်သူများမှ ဆောင်ရွက်ပေးလေ့ရှိသည်။

ထို့အပြင် မိမိကျန်းမာရေးကို ကိုယ်တိုင်စောင့်ရောက် ရန် လိုအပ်ပါသည်။ ရောဂါပိုဆိုးနိုင်စေသော အချက်များကိုရှောင်ရန်နှင့် နာကျင်မှု သက်သာစေရန်ပြုလုပ်သင့်သည့် အချက်များကိုလိုက်နာရန်လိုအပ်ပါသည်။ သွေးနီဥ ပုံပျက်သောရောဂါအတွက် ရရှိနိုင်သော ကုသမှုများမှာ:

  • ပရာစီတမော (paracetamol) သို့မဟုတ် အိုင်ဗြူပရိုဖင် (ibuprofen) ကဲ့သို့သော နာကျင်မှုလျော့ကျစေသော ဆေးဝါးများကို သုံးခြင်း (အချို့သောအခါတွင် ဆေးရုံတွင် ပိုမိုပြင်းထန်သော နာကျင်မှုလျော့ချဆေးများဖြင့် ဆေးကုသရန်လိုအပ်နိုင်ပါသည်)
  • ရောဂါပိုးဝင်မှုဖြစ်စေမှုကို လျှော့ချရန် နေ့စဉ် ပိုးသတ်ဆေးများ သောက်သုံးခြင်းနှင့် နောက်ထပ် ကာကွယ်ဆေးထိုးခြင်း
  • Hydroxycarbamide (hydroxyurea) ကဲ့သို့သော ဆေးဝါးသုံးစွဲခြင်း
  • လက္ခဏာများပိုမိုပြင်းထန်ခြင်း သို့မဟုတ် သွေးနီဥ ပျက်စီးမှုများရှိပါက သွေးသွင်းကုသမှုကို ပုံမှန်လုပ်ဆောင်ရန် သွေးအားနည်းမှု ပြင်းထန်လာပါက အရေးပေါ် သွေးသွင်းကုသမှု ဆောင်ရွက်ခြင်း
  • သွေးနီဥ ပုံပျက်သော သွေးအားနည်းရောဂါအတွက် တစ်ခုတည်းသော ကုသနည်းမှာ ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းဖြစ်ပြီး၊ ဤကုသမှုကို အန္တရာယ်များဖြစ်နိုင်သောကြောင့် များသောအားဖြင့် မလုပ်ဆောင်လေ့ရှိပါ။y're not done very often because of the risks involved.

မွေးရာပါ သွေးနီဥ ပုံပျက်သော သွေးအားနည်းရောဂါ (Sickle Cell Disease) ကို ကိုယ်တိုင်စောင့်ရှောက်ခြင်းနည်းလမ်းများ :

  • ရေများများသောက်ပါ
  • အေးမြသောရာသီမှ ကာကွယ်ပါ: ကိုယ်အပူချိန်ကို ထိန်းသိမ်းရန်အတွက် နွေး ထွေး သော အဝတ်အထည်ကိုဝတ်ဆင်ပါ။
  • အပူချိန်ပြောင်းမှုများကို ရှောင်ကြဉ်ပါအေးမြသောရေတွင် ရေကူးခြင်း

ဆရာဝန်နှင့်ပြသ ရန်အချိန်

မွေးရာပါ သွေးနီဥ ပုံပျက်သော ရောဂါကြောင့် ရုတ်တရက် ဖြစ်ပေါ်လာနိုင်သော အရေးပေါ်ပြဿနာများ ရှိနိုင်သဖြင့် ဘယ်အချိန်တွင် ဆရာဝန်ထံသို့ သွားရမည်နှင့် ဘယ်နေရာတွင် ဆေးဘက်ဆိုင်ရာ အကူအညီရယူရမည်ကို သိထားရမည်ဖြစ်သည်။

သတိပြုရမည့် ပြဿနာများတွင် အောက်ပါအရာများပါဝင်သည်:

  • ၃၈ ဒီဂရီစင်တီဂရိတ်ထက် မြင့်သော ကိုယ်ပူချိန်ရှိလျှင် (သို့မဟုတ် ကလေးများတွင် အဖျားကြီးခြင်းဖြစ်လျှင်)
  • အိမ်တွင်း ကုသမှုလုပ်သော်လည်း ပြင်းထန်သော နာကျင်မှုမှာမသက်သာခြင်း
  • ပြင်းထန်သော အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း
  • ပြင်းထန်သော ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း သို့မဟုတ် လည်ပင်းတောင့်ခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • ဖြူဖတ်ဖြူရော်ဖြစ်ခြင်း, နှုတ်ခမ်းဖြူဖျော့ခြင်း
  • ရုတ်တရက် ဝမ်းဗိုက် ဖောရောင်လာခြင်း
  • လိင်တံ ထောင်မတ်ရာတွင် နာကျင်ခြင်း , ၂ နာရီထက်ပိုကြာ‌ အောင် ထောင်မတ်ခြင်း (priapism)
  • စိတ်ရှုပ်ထွေးခြင်း၊ အိပ်ငိုက်ခြင်းသို့မဟုတ် စကားမပီမသဖြစ်ခြင်း
  • တက်ခြင်း
  • ကိုယ်ခန္ဓာ တစ်ဖက်သို့မဟုတ် နှစ်ဖက်လုံးတွင် အားနည်းမှု
  • အမြင်အာရုံ ပြောင်းလဲမှု သို့မဟုတ် ရုတ်တရက် အမြင်ဆုံးရှုံးမှု

အထက်ဖော်ပြပါ လက္ခဏာများထဲမှ ဖြစ်လာပါက ချက်ချင်း GP သို့မဟုတ် ကျန်းမာရေးအဖွဲ့ထံ ဆက်သွယ်ပါ။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
17 November 2024
အတက်ရောဂါ (Epilepsy)
Patient Guide