ဆစ်ဖလစ် (Syphilis)

Patient Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

ဆစ်ဖလစ်(ကာလသား) ရောဂါသည် လိင်မှတစ်ဆင့်ကူးစက်သောရောဂါဖြစ်ပြီး မကုသပဲထားရင် ဆိုးရွားနိုင်ပြီး အသက်ဆုံးရှုံးသည်အထိအန္တရာယ်ရှိနိုင်ပါတယ်။

လက္ခဏာများ

ကာလသားရောဂါ ၏ လက္ခဏာများသည်အနည်းငယ်သာရှိပြီး သတိပြုမိရန်ခက်ခဲပါသည်။ ၎င်းတို့သည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်နိုင်သည်။

ကာလသားရောဂါ ၏ လက္ခဏာများမှာ:

  • လိင်အင်္ဂါနှင့် စအိုတစ်ဝိုက်တွင် သေးငယ်သောအနာဖု များဖြစ်ခြင်း- ၎င်းများသည် ပုံမှန်အားဖြင့် နာကျင်ခြင်းမရှိပါ၊ သင်သည် ၎င်းတို့အနက် တစ်ခုသာရှိနိုင်သည်။
  • ပါးစပ်,နှုတ်ခမ်း သို့မဟုတ် လက်များ သို့မဟုတ် ကျောအနားတွင် အနာဖုများဖြစ်ခြင်း
  • လိင်အင်္ဂါတွင် ကြွက်နို့ကဲ့ သို့ အဖုများဖြစ်ခြင်း
  • ခြေဖဝါးနှင့် လက်ဖဝါး တွင် အနာအဖုများဖြစ်ပြီး ကိုယ်ခန္ဓာတွင် ပျံ့နှံ့သွားနိုင်သည် - ၎င်းသည် ပုံမှန်အားဖြင့် ယားယံမှုမရှိပါ။
  • ပါးစပ်တွင် အဖြူရောင် အဖတ်များဖြစ်ခြင်း။
  • တုပ်ကွေး လက္ခဏာများ (flu-like symptoms) - အထူးသဖြင့် ကိုယ်ပူချိန်မြင့်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မောပန်းခြင်း။
  • ဂလင်းများရောင်ရမ်းခြင်း။
  • အမွှေးများ ကျွတ်ခြင်း

ကာလသားရောဂါလက္ခဏာတွေက ရောဂါကူးစက်ပြီး ၃ ပတ်နှင့် အထက်ကြာပြီးမှပြနိုင်ပါတယ်။

အချို့အခါများတွင် လက္ခဏာများ သက်သာစေပြီး သက်သာသည်ဟု ခံစားနိုင်သော်လည်း၊ သင်ကုသခြင်းမပြုခဲ့လျှင် ရောဂါသည် သင်၏ ကိုယ်ခန္ဓာတွင် ဆက်လက်ရှိနေပါသည်။

ဒါက ထပ်မံကူးစက်နိုင်စေပြီး အခြားနောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်ရန် အန္တရာယ်ရှိနေသည်ဆိုလိုပါသည်။

ဖြစ်ပွားရသောအကြောင်းအရင်း

ဆစ်ဖလစ်ကို ရရှိရသည့် အများဆုံး နည်းလမ်းမှာ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံခြင်းဖြစ်သည်။

ဆစ်ဖလစ်အနာများရှိပါက ထိုမှတစ်ဆင့်ထိတွေ့မိတဲ့အဖါ ကူးစက်နုငိ်ပါတယ်။

ဆစ်ဖလစ်ကို အခြားနည်းလမ်းများဖြင့်လည်း ကူးစက်နိုင်သည်:

  • ကိုယ်ဝန်ဆောင်နေစဉ် သန္ဇေသားထံသို့ကူးစက်ခြင်း (congenital syphilis)
  • ရောဂါရှိသူနှင့် ဆေးထိုးအပ်အတူသုံးခြင်း
  • သွေး သွင်းတာ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသတာစတဲ့ အခြေအနေတွေမှာကူးစက်နိုင်ပါတယ်။

ရောဂါရှာဖွေခြင်း

စမ်းသပ်စဥ် အတွင်း ဘာတေွ လုပ်‌ဆောင်မလဲ 

သင်တွင် ဆစ်ဖလစ်၏ လက္ခဏာများရှိပါက ဆရာဝန် သည် လိင်အင်္ဂါတစ်ဝိုက်တွင် အနာများ (ulcers) ရှိမရှိကို စစ်ဆေးပါမည်။(cotton bud) ကို အသုံးပြုပြီး အနာမှအရည်ကိုယူပြီး စစ်ဆေးနိုင်ပါသည်။

သင့်ကိုယ်ခန္ဓာ၏ အခြား အစိတ်အပိုင်းများတွင် ဆစ်ဖလစ်၏ အခြားလက္ခဏာများဖြစ်သော အနာများ၊ နာကျင်မှုများ သို့မဟုတ် ကြွက်နို့များကို စစ်ဆေးပါမည်။ ၎င်းတို့သည် သွေးနမူနာလည်း ယူနိုင်သည်။

အခြား လိင်မှကူးစက်နိုင်သော ရောဂါများ (STIs) အတွက် စမ်းသပ်မှုများလည်း ရရှိနိုင်ပါသည်။

အဖော် ကို ဆက်သွယ်ခြင်း

မိမိနှင့်လိင်ဆက်ဆံခဲ့ သည့် အဖော်အားဆက်သွယ်ပြီး ဆစ်ဖလစ်ရောဂါရှိမရှိစစ်ဆေးပြီး ကုသမှုခံယူရပါမယ်။

ကုသမှု

ဆစ်ဖလစ်ကို ပဋိဇီဝပိုးသတ်ဆေး(ထိုးဆေး,သောက်ဆေး) များဖြင့် ကုသသည်၊

သင်၏ စမ်းသပ်မှုရလဒ်ကို မသိမီ ကုသမှုကို စတင်နိုင်ပါသည်။ သင်ကုသမှုလိုအပ်သည့် ကာလသည် ဆစ်ဖလစ်၏ အဆင့်အပေါ်မူတည်သည်။

တချို့သောလူများတွင် ကုသမှုသည် တုပ်ကွေး‌ရောဂါ လက္ခဏာများဖြစ်စေနိုင်သည်၊ ဥပမာ အပူချိန်မြင့်၊ ခေါင်းကိုက်ခြင်းနှင့် ကြွက်သားများ နာကျင်မှု။ ၎င်းသည် ပုံမှန်အားဖြင့် ၂၄ နာရီအထိသာ ကြာနိင်ပါတယ်။

သင်သည် ကုသမှုကို စတင်ပြီး ၆ ပတ်နှင့် ၁၂ ပတ်အကြာတွင် ဆေးခန်း ပြန်ပြပြီး ပြန်လည်စမ်းသပ်ရန် လိုအပ်ပါသည်။

အရေးကြီးသောအချက် :

အရေးကြီးသောအချက် မှာသင်နှင့် သင့်အဖော်သည် ကုသမှုကို ပြီးစီးပြီး ရောဂါလုံးဝမရှိတော့သည် အထိ လိင်ဆက်ဆံခြင်း ကိုရှောင်ရှားရပါမယ်။

ကာကွယ်ရန်အချက်များ

ဆစ်ဖလစ်မကူးစက်ခံရဖို့နှင့် အခြားသူများအား ကူးစက်မှုမဖြစ်စေရန် သင်လုပ်ဆောင်နိုင်သော အရာအချို့ရှိပါသည်။ :

  • လိင်ဆက်ဆံသည့်အခါတိုင်းကွန်ုဒုံးသုံးပါ။
  • ပါးစပ်ဖြင့်လိင်ဆက်ဆံသည့်အခါ (oral sex) အကာအကွယ် (dam) အသုံးပြုပါ။
  • သင် (သို) သင့် လိင်ဆက်ဆံဖော်မှာ ဆစ်ဖလစ်ရှိတယ်ဆိုရင် ပျောက်ကင်းသည်အထိကုသပါ။
  • လိင်ကစားစရာများကို မျှဝေသုံးစွဲ ခြင်းမပြုပါနှင့်။ သေချာဆေးကြောပြီး အကာအကွယ်ဖြင့် သုံးစွဲပါ။ 
  • ဆေးထိုးရာတွင် တစ်ခါသုံးအပ်ကိုသာအသုံးုပါ။

ဆရာဝန်နှင့်ပြသ ရန်အချိန်

ဆရာဝန်နှင့်ပြသပါ:

  • သင် သို့မဟုတ် သင့်နဲ့ လိင်ဆက်ဆံဖော်သည် ဆစ်ဖလစ်၏ လက္ခဏာများ ရှိပါက
  • သင့်လိင်ဆက်ဆံဖော်က ဆစ်ဖလစ် သို့မဟုတ် အခြားလိင်မှတစ်ဆင့်ကူးစက်နိုင်သော ရောဂါ (STI) ရှိကြောင်း သင့်အား ပြောပြခဲ့ပါက
  • မကြာသေးခင်က လိင်ဆက်ဆံဖော်အသစ်နှင့် အတူနေခဲ့ပြီး အကာအကွယ်မသုံးမိပါက
  • သင် ကိုယ်ဝန်ဆောင်နေပါက သို့မဟုတ် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်နေပြီး ဆစ်ဖလစ်ဖြစ်နိုင်သည်ဟဟု သံသယရှိပါက
  • ရောဂါရှိသောသူနှင့် ဆေးထိုးအပ်အတူသုံးမိပါက

ဆစ်ဖလစ်ရှိကြောင်း သေချာစေရန် စမ်းသပ်မှုလုပ်ဖို့ အရေးကြီးသည်။ ဆစ်ဖလစ်ရှိပါက ကုသမှုကို အမြန်ဆုံး စတင်ရန် လိုအပ်ပါမည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
09 October 2024
နှာခေါင်းအတွင်းရောင်ရမ်းခြင်း(Sinusitis | Sinus Infection)
Patient Guide