Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Xanthine Oxidase Inhibitor
ပါဝင်သောအကြောင်းအရာများ
အသုံးပြုနိုင်သောရောဂါများ
- To lower levels of uric acid
တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ
Aloric, Allopac, Esloric, Allopac, Lopnol, Zyrik
အကျဥ်းချုပ်
Allopurinol သည် သွေးထဲရှိ ယူရစ်အက်စစ် (uric acid) ပမာဏကို လျှော့ချပေးသော ဆေးတစ်မျိုးဖြစ်သည်။
ခန္ဓာကိုယ်တွင် ယူရစ်အက်စစ် အလွန်အမင်းများပြားပါက (သို့) ကျောက်ကပ်က လုံလောက်စွာ မစွန့်ထုတ်နိုင်ပါက၊ ထိုအက်စစ်များ စုပုံလာကာ အဆစ်များတွင် ချွန်ထက်သော ခရစ်စတယ်အမှုန်များ (crystals) ဖြစ်ပေါ်စေသည်။ ၎င်းတို့ကြောင့် အဆစ်များ ရောင်ရမ်းနာကျင်ခြင်း (ဂေါက်ရောဂါလက္ခဏာ) ဖြစ်ပွားရသည်။ယူရစ်အက်စစ်ခရစ်စတယ်များ ကျောက်ကပ်အတွင်း စုပုံပါက ကျောက်ကပ်ကို ပျက်စီးစေနိုင်သည်။
အချို့သော ကင်ဆာဆေးများကြောင့် ယူရစ်အက်စစ်များ မြင့်တက်လာနိုင်သောကြောင့် Allopurinol ပေးလေ့ရှိသည်။
Allopurinol ကို ဆေးပြားအဖြစ် ရရှိနိုင်ပြီး အချို့နိုင်ငံများတွင် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ဝယ်ယူနိုင်သည်။
အရေးကြီးသောအချက်များ
- ဆေးအာနိသင်ပြရန် လအနည်းငယ်ကြာနိုင်သည်
- ကုသမှုအစောပိုင်းတွင် ဂေါက်ရောဂါပိုဆိုးနိုင်သည် – Allopurinol စသောက်ချိန်တွင် ယူရစ်အက်စစ်ပမာဏ ကျဆင်းလာစဉ်၊ ဂေါက်ရောဂါအကြိမ်ရေ တိုးလာနိုင်သည်။ ထို့ကြောင့် ဆရာဝန်က ibuprofen (NSAID) သို့မဟုတ် colchicine ဆေးများ ညွှန်းပေးလေ့ရှိသည်။
- အရက်သည် သွေးထဲရှိ ယူရစ်အက်စစ်ပမာဏကို မြင့်တက်စေနိုင်ပြီး ဂေါက်ရောဂါကို ပိုဆိုးစေနိုင်သည်။
- Allopurinol ကို ပုံမှန်သောက်သုံးပါက ဂေါက်ရောဂါအကြိမ်ရေလျော့ကျစေပြီး အဆစ်များ ထိခိုက်မှုကို ကာကွယ်ပေးနိုင်သည်။
- Allopurinol ကို ဂေါက်ရောဂါရှိနာကျင်မှု လုံးဝသက်သာသွားမှသာ စတင်သောက်သုံးရန် ညွှန်ကြားလေ့ရှိသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.