Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
Drug Class
Non-Steroidal Anti-Inflammatory Drug (NSAID)
ပါဝင်သောအကြောင်းအရာများ
အသုံးပြု နိုင်သောရောဂါများ
- နာကျင်ကိုက်ခဲခြင်း
- ရောင်ရမ်းခြင်း
- သွေးကြဲစေရန်
Common Brand Names
Anadin, Aspilets, Dispirin, Ecosprin, Ascot
ဤဆေးကို အောက်ပါနာမည် အဖြစ်လည်းခေါ်သည်။
Acetylsalicylic acid
အကျဥ်းချုပ်
အက်စ်ပရင် (Aspirin) သည် နေ့စဉ်အသုံးပြုနိုင်သော နာကျင်မှုလျော့ချပေးသောဆေးတစ်မျိုးဖြစ်ပြီး အောက်ပါနာကျင်မှုများအတွက် အသုံးပြုနိုင်သည် - ခေါင်းကိုက်ခြင်း သွားနာခြင်း ဓမ္မတာကြောင့်နာကျင်ခြင်း အအေးမိ၊ တုပ်ကွေးနှင့် အဖျားရှိခြင်း ကဲ့သို့သော လက္ခဏာများအတွက်လည်း အသုံးပြုနိုင်ပါသည်။
Aspirin ကို acetylsalicylic acid ဟုလည်းသိကြသည်။ non-steroidal anti-inflammatory drugs (NSAIDs)အုပ်စု တွင်ပါသောဆေးဖြစ်သည်။
Aspirinကို အအေးမိ တုပ်ကွေးရောဂါအတွက် အခြားဆေးများနှင့်လည်းပေါင်းစပ်ပြီး တွေ့နိုင်သည်။
နှလုံးရောဂါလက္ခဏာ ရှိခြင်း လေဖြတ်ခြင်း သို့မဟုတ် နှလုံးချို့ယွင်းမှု ဖြစ်ပြီးနောက် ဆရာဝန်က အကြံပြုသည့်အခါ low-dose aspirin ကို သောက်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ အတွက်လည်း အနည်းငယ်ပမာဏ သောက်သုံးစေရန် သက်ဆိုင်ရာဆရာဝန်များမှ လမ်းညွှန်နိုင်သည်။
အရေးကြီးသောအချက်များ
- အစာနှင့်အတူ သောက်သုံးပါ။ ဗိုက်နာခြင်း သို့မဟုတ် ဗိုက်အောင့်ခြင်း မဖြစ်အောင် ကာကွယ်ပေးသည်။
- ၁၆ နှစ်အောက် ကလေးများ ကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ အက်စ်ပရင် မပေးပါနှင့်။ Reye's syndrome ဆိုသည့် အလွန်ရှားပါးပြီး အန္တရာယ်ရှိသော အခြေအနေတစ်ခု ဖြစ်ပေါ်နိုင်သည်။
- အက်စ်ပရင် သောက်ပြီးနောက် ၂၀ မှ ၃၀ မိနစ်အတွင်း သက်သာမှု ရရှိနိုင်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.