အေတာဗာစတာတင် (Atorvastatin)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

HMG-CoA Reductase Inhibitor (Statin)

အသုံးပြုနိုင်သောရောဂါများ

  • သွေးတွင်းအဆီများခြင်း
  • နှလုံးရောဂါဖြစ်နိုင်‌ သူများတွင် နှလုံးရောဂါကိုကာကွယ်ရန် 

တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ

Atorva, Atozen, Ato, Atocor, Aztor, Lipitor, Lipidan, Lipvas

အကျဥ်းချုပ်

Atorvastatin သည် သွေးတွင်းအဆီကို လျော့ချရန် အသုံးပြုသော Statins အုပ်စုဝင်ဆေးတစ်မျိုးဖြစ်သည်။သွေးတွင်းအဆီများခြင်း (High Cholesterol) သွေးတွင်းအဆီချိန်ညှိရန် အထောက်အကူဖြစ်စေသည်။ နှလုံးရောဂါ၊ (Heart Attack) သို့မဟုတ် လေဖြတ်ခြင်း (Stroke) တို့ကို ကာကွယ်ပေးသည်။

မျိုးရိုးတွင် နှလုံးရောဂါရှိခဲ့သော သမိုင်းကြောင်းရှိသူများ၊ ဒါမှမဟုတ် Type 1/Type 2 Diabetes ဆီးချို သို့မဟုတ် Rheumatoid Arthritis (လေးဖက်နာ) ရောဂါရှိသူများအတွက် atorvastatin ကိုပေးနိုင်ပါသည်။

အချို့နိုင်ငံများ တွင် ဆရာ ာဝန်ဆေးညွှန်းဖြင့်သာရနိုင်ပါသည်။

အရေးကြီးသောအချက်များ

  • နေ့စဉ် တစ်ကြိမ် သောက်ရန်လိုအပ်သည်။.
  • ဘေးထွက်ဆိုးကျိုးများ ခေါင်းကိုက်ခြင်း၊ ဝမ်းမကောင်းခြင်း၊ အအေးမိခြင်း (Cold-like Symptoms) နှင့် ပျို့အန် ခြင်း ဖြစ် နိုင်ပါသည်။
  • အကြောင်းမရှိဘဲ ကြွက်သားနာကျင်မှု၊ နူးညံ့မှု၊ အားနည်းမှု သို့မဟုတ် ကြွက်သားတွန်ဆန့်မှုများ ဖြစ်ပါက ဆေးကိုရပ်ပြီး ချ က်ချင်း ဆရာဝန်နှင့် ဆက်သွယ်ပါ—ဤအရာများမှာ ကြွက်သား ပျက်စီးခြင်းနှင့် ကျောက်ကပ် ပျက်စီးခြင်း၏ သင်္ကေတများ ဖြစ်နိုင်သည်။
  • ကိုယ်ဝန်ဆောင်မသောက်ပါနှင့်။
  • ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးကို သောက်ပါက သင့်ကိုလက်စထရော အဆင့်များသည် ဆေးသောက်၍ ၄ ပတ်အတွင်း လျော့နည်းမည်ဖြစ်သည်။ သက်သာပြီးသော်လည်း ဆေးကိုဆက်လက်သောက်ရန်လိုအပ်ပါသည် ကိုလက်စထရာမြင့်သူများတွင် သိသာထင်ရှားသောလက္ခဏာများမရှိပါ။
  • Grapefruit Juice ကို တစ်နေ့ ၁ လီတာကျော် မသောက်ပါနှင့်။ Grapefruit Juice များသောက်လျှင် Atorvastatin ၏ သွေးထဲရှိပမာဏ မြင့်တက်ပြီး ဘေးထွက်ဆိုးကျိုးအန္တရာယ်ရှိနိုင်သည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
25 November 2024
မွန်တီလူကတ်စ် (Montelukast)
Medicine Guide