Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
Drug Class
Histamine Analogue (Antivertigo)
အသုံးပြု နိုင်သောရောဂါများ
- Ménière's disease ၏ လက္ခဏာများကို ကုသရန်
တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ
Merislon, Zigo, Benolene, Serc
အကျဥ်းချုပ်
Betahistine သည် Ménière's disease ၏ လက္ခဏာများကို ကုသရန် အသုံးပြုသော ဆေးဝါးတစ်မျိုးဖြစ်ပါသည်။
ဤရောဂါ၏ လက္ခဏာများမှာ:
- ခေါင်းမူးခြင်းနှင့် ခေါင်းထဲတွင် လည်နေသကဲ့သို့ ခံစားရခြင်း (vertigo)
- နားထဲတွင် အသံမြည်ခြင်း (tinnitus)
- နားလေးခြင်း (သို့) ကြားရခက်ခြင်း
- ပျို့အန်ချင်စိတ်ဖြစ်ခြင်း
ဤဆေး၏ အပြည့်အစုံအမည်မှာ betahistine dihydrochloride ဖြစ်ပါသည်။
ဤဆေးသည် နားအတွင်းပိုင်းရှိ အရည်များ စုပုံမှုကို လျှော့ချပေးခြင်းဖြင့် လုပ်ဆောင်သည်ဟု ယူဆရပါသည်။ထိုသို့ဖြင့် Ménière's disease ခေါင်း မူးခြင်းလက္ခဏာများ ဖြစ်ပွားနှုန်းကို လျှော့ချပေးပြီး လက္ခဏာများ ပိုမိုပျော့ပျောင်းစေပါသည်။
ဤဆေးကို ဆေးပြားအဖြစ် သောက်သုံးရပြီး အချို့နိုင်ငံများတွင် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ရရှိနိုင်ပါသည်။
အရေးကြီးသော အချက်များ
- Betahistine ကို တစ်နေ့လျှင် ၃ ကြိမ် သောက်ရန်လိုအပ်ပြီး၊ ဆေးသောက်ချိန်များကြားတွင် ၆ နာရီမှ ၈ နာရီခြား ထားရပါမည်။
- Betahistine စသောက်ပါက သက်သာမှုကို သိသာစွာ ခံစားရန် ရက်သတ္တပတ်အနည်းငယ် ကြာတတ်ပါသည်။
- ဘေးထွက်ဆိုးကျိုးများမှာ ခေါင်းကိုက်ခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း နှင့် အစာမကြေခြင်းတို့ ဖြစ်တတ်ပါသည်။ သို့သော် ယေဘုယျအားဖြင့် ပျော့ပျောင်းပြီး ကြာရှည်မခံပါ။
- ဆေးကို အစာစားပြီးမှ (သို့) အစာနှင့်တွဲဖက်၍ သောက်သုံးပါက အစာအိမ်အတွက် ပိုမိုသက်သာစေပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.