Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
Drug Class
Antibiotic
(Fluoroquinolone)
ပါဝင်သောအကြောင်းအရာများ
အသုံးပြု နိုင်သောရောဂါများ
- ဘက်တီးရီးယားပိုးဝင်ခြင်း
တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ
Ciproxin, Ciprocin, Ciflox
အကျဥ်းချုပ်
Ciprofloxacin သည် ဘက်တီးရီးယားပိုးများကို ဖျက်ဆီးနိုင်သော အန်တီဘိုင်အိုတစ် ဖြစ်ပြီး၊ (Fluoroquinolones) အုပ်စုတွင် ပါဝင်သည်။
Ciprofloxacin ( broad spectrum antibiotic ) ဖြစ်ပြီး အောက်ပါဘက်တီးရီးယားပိုးကြောင့် ဖြစ်သော ရောဂါများကုသရန် အသုံးပြုနိုင်ပါသည် -
- ပုံမှန်မဟုတ်သော ဆီးလမ်းကြောင်းရောဂါများ (UTIs)
- နမိုးနီးယား (Pneumonia) အပါအဝင် အဆုတ်ရောဂါများ
- အရေပြားနှင့် အရိုးပိုးဝင်ခြင်းများ
- လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ (STIs)
- မျက်လုံးရောင်ရမ်းခြင်း (Conjunctivitis)
- မျက်စိပိုးဝင်ခြင်း
- နားရောဂါများ
- အခြားအန်တီဘိုင်အိုတစ်များ ဖြင့်ကုသလို့မရသောရောဂါများ
ဦးနှောက်အမြှေးပါးရောင်ခြင်း (Meningitis) ကို ကာကွယ်ရန် (ရောဂါပိုးပျံ့နှံ့မှုကြောင့် အနီးကပ်ထိတွေ့သူများအတွက်)လည်းသုံးနိုင်သည်။
Ciprofloxacinသည် အချို့နိုင်ငံများတွင် ဆရာဝန်၏ ဆေးညွှန်ချက်ဖြင့်သာ ရရှိနိုင်ပါသည်။
Ciprofloxacin ဆေးပြားနှင့် အရည်ဆေးများကို အခြားပိုးသတ်ဆေးများ အဆင်မပြေသောအခါတွင်သာ အသုံးပြုကြသည်၊ ပြင်းထန်သောနှင့် ရေရှည် သက်ဆိုင်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွားနိုင်သောကြောင့် ဖြစ်သည်။
အရေးကြီးသောအချက်များ
- အဖြစ်များဆုံးဘေးထွက်ဆိုးကျိုးမှာ ပျို့အန်ခြင်းနှင့် ဝမ်း လျှောခြင်းဖြစ်နိုင်ပါသည်။
- ဆေးပြားနှင့် အရည်ကို နို့၊ ချိစ်၊ ယာခတ်နှင့် ကယ်လ်စီယမ်ပါသော အစားအစာများနှင့် အတူ မသောက်သုံးသင့်ပါ။ဤအစားအစာများက ဆေးကို အစာအိမ်မှ ကိုယ်အတွင်းသို့ ဝင်ရောက်မှုကို လျှော့ချနိုင်ပါသည်။
- Ciprofloxacinကို သောက်ပြီးနောက် မောပန်းခြင်း၊ အာရုံစူးစိုက်မှုလျော့နည်းခြင်း ဖြစ်နိုင်ပါသည်။မသက်သာသေးခင်အထိ ယာဉ်မောင်းခြင်း၊ စက်ပစ္စည်းကြီးများထိန်းချုပ်ခြင်း မပြုလုပ်ပါနှင့်။
- အလွန် ရှားပါးဆိုးကျိုးအနက် စိတ်ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ပါသည်။စိတ်ခံစားချက် သို့မဟုတ် အပြုအမူအပေါ် ထိခိုက်မှုရှိပါကဆရာဝန်အား ချက်ချင်း ဆက်သွယ်ပါ။
- Ciprofloxacin သည် ချက်ချင်း အလုပ်လုပ်ပါသည်။ ရောဂါအမျိုးအစားပေါ်မူတည်ပြီး ၂-၃ ရက်အတွင်း သက်သာလာနိုင်ပါသည်။ ၂-၃ ရက်ထက်ပိုပြီးကြာပါက ဆရာဝန်နှင့်တိုင်ပင်ပါ။
- ဤဆေးကို သတ်မှတ်ထားသော အချိန်ထိ ရက်ပြည့်အောင် သောက်ပါ။ သက်သာသော်လည်း ဆေးကို မရပ်ပါနှင့်။ ဆေးကုသမှုကို မပြီးသေးပဲ ရပ်လိုက်ပါက ပိုးဝင်ရောဂါ ပြန်လည်ဖြစ်နိုင်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.