Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Selective Serotonin Re-uptake Inhibitor (SSRI)
ပါဝင်သောအကြောင်းအရာများ
အသုံးပြုနိုင်သောရောဂါများ
- စိတ်ဖိစီးခြင်း
- စိုးရိမ်ထိတ်လန့်ခြင်း
တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ
Celexa, Citopam
အကျဥ်းချုပ်
Citalopram သည် စိတ်ဖိစီးမှုလျော့နည်းစေသောဆေး အမျိုးအစားတစ်ခုဖြစ်ပြီး သဘာဝအဖြစ်ရွေးချယ်ထားသော serotonin ပြန်လည်သုံးစွဲမှုကို ကန့်သတ်ရန် (SSRI) ဟု အမည်ရသည်။
၎င်းကို စိတ်ဖိစီးမှု အတွက် အများဆုံး အသုံးပြုကြပြီး၊ တခါတလေ စိုးရိမ်ထိတ်လန့်ခြင်း များကိုလည်း ကုသရန် အသုံးပြုသည်။ Citalopram သည် များသောအားဖြင့် စိတ်ဖိစီးမှု သက်သာစေပြီး၊ အခြားဆေးများထက် ဘေးထွက်ဆိုးကျိုးနည်းသည်။
Citalopram ကို အချို့နိုင်ငံများတွင် ဆရာဝန်၏ ဆေးစာဖြင့်သာ ရရှိနိုင်ပါသည်။
အရေးပါသော အချက်များ
- Citalopram ၏ ဆေးအာနိသင် အပြည့်အစုံ အကျိုးသက်ရောက်မှုကို ရရန် ၄ မှ ၆ ပတ်ကြာရနိုင်သော်လည်း၊ ၁ မှ ၂ ပတ်အတွင်း စတင်သက်သာလာနိုင်သည်ကို တွေ့ရှိရနိုင်ပါသည်။
- ဘေးထွက်ဆိုးကျိုးများမှာ ပင်ပန်းခြင်း၊ စိတ်ဂဏာမငြိမ်ဖြစ်ခြင်း ၊ အာခြောက်ခြင်း,ချွေးထွက်ခြင်း များဖြစ်ပြီး၊ ၂ ပတ်အတွင်း ပျောက်လေ့ရှိသည်။.
- Citalopram ကို မသောက်ရန် ဆုံးဖြတ်ပါက၊ ဆရာဝန် သည် ဆရာဝန်သည် နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများမဖြစ်စေရန်ဆေးပမာဏကိူနည်းနည်းချင်းလျှော့ချပြီးမှ ဆေးကိုရပ်နိုင်ပါသည်။
- Citalopram ကို သောက်နေစဉ်တွင် St John's wort ပါသည့် ဆေးများမသောက်သင့်ပါ။ ၎င်းသည် Citalopram၏ဘေးထွက်ဆိုးကျိုးများပို ဖြစ်နိုင်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.