Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Antibiotic
(Penicillin with Beta-lactamase Inhibitor)
ပါဝင်သောအကြောင်းအရာများ
အသုံးပြု နိုင်သောရောဂါများ
- ဘက်တီးရီးယားပိုးဝင်ခြင်း
တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ
Augmentin, Curam, Zisuva, Denk Amoxiclav
အကျဥ်းချုပ်
ကို-အမော့စစ်ကလပ် (Co-amoxiclav) သည် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပေါ်သော ရောဂါများအတွက် သုံးသော အန်တီဘိုင်အိုတစ် တစ်မျိုးဖြစ်ပါသည်။
ကို-အမော့စစ်ကလပ်တွင် အမော့စစ်ဆီလင် (Amoxicillin) နှင့် ကလာဗူလနိတ် အက်ဆစ် (Clavulanic acid) ပေါင်းစပ်ထားပါသည်။ ကလာဗူလနိတ် အက်ဆစ်သည် ဘက်တီးရီးယားများက အမော့စစ်ဆီလင်ကို ပျက်စီးစေခြင်းကို ကာကွယ်ပေး၍ အမော့စစ်ဆီလင်၏ ရောဂါကုသနိုင်စွမ်းကို တိုးတက်စေသည်။
ကို-အမော့စစ်ကလပ်ကို လူကြီးများနှင့် ကလေးများတွင် အောက်ပါ ရောဂါများကို ကုသရန် အသုံးပြုနိုင်ပါသည် -:
- နားအလယ်ပိုင်းနှင့် နှာခေါင်းပိုးဝင်ရောဂါမျာ
- လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်းရောဂါများ
- ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ
- အရေပြားနှင့် တစ်ရှူးများပိုးဝင်ခြင်း
- သွားနှင့်သွားဖုံးပိုးဝင်ခြင်း
- အဆစ်နှင့် အရိုးပိုးဝင်ခြင်း(ဥပမာ - အော်စတီအိုမိုင်လိုင်တစ် (Osteomyelitis))
ကို-အမော့စစ်ကလပ်ကိုအချို့နိုင်ငံများတွင် ဆရာဝန်၏ ဆေးညွှန်ချက်ဖြင့်သာ ရရှိနိုင်ပါသည်။
အရေးကြီးသောအချက်များ
- အများစုသော ရောဂါများတွင် ရက်ပိုင်းအတွင်း သက်သာလာမည်ဖြစ်သည်။
- များသောအားဖြင့် တစ်နေ့ 3 ကြိမ် သောက်ရန် လိုအပ်ပါသည်။
- ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများ ဝမ်းလျှောခြင်း (diarrhoea)၊ မှိုပိုးဝင် ခြင်း (thrush) နှင့်ပျို့အန်ခြင်း ဖြစ်နိုင်ပါသည်။
- ကို-အမော့စစ်ကလပ် အရည်သည် သွားများကို စွန်းထင်းစေပါသည်။ သို့သော် ဤအရာသည် အမြဲတမ်းမဖြစ်ပဲ သွားတိုက်ခြင်းဖြင့် ဖယ်ရှားနိုင်ပါသည်။
- ဆေးသောက်ပြီး အရက်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ အရက်နှင့်အတူသောက်ပါက အသည်းဆိုင်ရာ ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။
- ဤဆေးကို သတ်မှတ်ထားသော အချိန်ထိ ရက်ပြည့်အောင် သောက်ပါ။ သက်သာသော်လည်း ဆေးကို မရပ်ပါနှင့်။ ဆေးကုသမှုကို မပြီးသေးပဲ ရပ်လိုက်ပါက ပိုးဝင်ရောဂါ ပြန်လည်ဖြစ်နိုင်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.