ကော်လ်ချီစင် (Colchicine)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

Drug Class

Antigout Agent (Plant Alkaloid)

အသုံးပြု နိုင်သောရောဂါများ

  • ဂေါက်ရောဂါ

တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ

Colinix, Chicine, Colchin, Colshine

အကျဥ်းချုပ်

Colchicine သည် ရောင်ရမ်းနာကျင်မှု (inflammation) ကိုကုသရန် အသုံးပြုသော ဆေးတစ်ခုဖြစ်သည်။ Gout ရောဂါတွင် uric acid များသည် အရိုးများတွင် စုစည်းတက်လာပြီး အရိုးတွင်း ရောင်ရမ်းခြင်း ဖြစ်စေပြီး၊ Colchicine သည် အဆိုပါရောင်ရမ်းခြင်း ကိုလျော့ချပေးကာ နာကျင်မှုကိုလည်း သက်သာစေသည်။

Colchicine ၏ အသုံးပြုမှု:

  • Gout ကိုကုသရန်
  • Gout ပြန်လည်ဖြစ်ပေါ်ခြင်းကိုကာကွယ်ရန်၊ allopurinol ဆေးများကိုစတင်အသုံးပြုသည့်အခါ
  • Familial Mediterranean fever (FMF) inherited inflammatory condition ၏ လက္ခဏာများကာကွယ်ရန်လည်း Colchicine ကို အသုံးပြုနိုင်သည်။

Colchicine  အချို့နိုင်ငံများတွင် ဆရာဝန်ဆေးစာဖြင့်သာရနိုင်ပါသည်။ ‌ဆေးပြားပုံ စံဖြင့် ရနိုင်သည်။ 

အရေးကြီးသောအချက်များ

  • Colchicine သည် ၃၀ မိနစ်မှ ၂ နာရီအတွင်း အကျိုးပြုစတင်ပြီ ဖြစ်သော်လည်း၊ နာကျင်မှုသည် တစ်ရက်မှ နှစ်ရက်အတွင်းကြာပြီးမှသာ ကောင်းမွန်နိုင်သည်။
  • ဆရာဝန်ညွှန်ကြားထားသောပမာဏကိုသာ သောက်ပါ။ အနည်းငယ်မျှ ပိုမိုသောက်ခြင်းသည် အန္တရာယ် ဖြစ်နိုင်ပါသည်။
  • Grapefruit သို့မဟုတ် grapefruit juice ကို Colchicine နှင့်အတူ သောက်ရခြင်းက Colchicine ကို ခန္ဓာကိုယ်တွင် ပိုမိုများစေနိုင်သည်။
  • Colchicine ကို အစာနှင့်အတူ သိုမဟုတ်အစာစားပြီးသောက်သင့်ပါသည်။
  • အရက်အလွန်သောက်ခြင်းသည် uric acid အလျင်မြန်ဆုံး တက်စေပြီး gout ကို ပိုမိုဆိုးရွားစေနိုင်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
19 December 2024
ဖျူရိုဆီမိုက် (Furosemide)
Medicine Guide