ဖီဇိုဖီနာဒင်း (Fexofenadine)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

Antihistamine

အသုံးပြုနိုင်သောရောဂါများ

  • ဓာတ်မတည့်မှု

တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ

Telfast, Alerday, Alerfast, Faxoday, Fexfed, Exofin, Alagra, Allegra, Fenafex, Bosnum

အကျဥ်းချုပ်

Fexofenadine သည် antihistamine အမျိုးအစားဆေးဖြစ်ပြီးဓာတ်မတည့်မှု ဖြစ်ပေါ်သော လက္ခဏာများကို ကုသရန် အသုံးပြုသည်။

၎င်းကို အောက်ပါပြသနာများကို ကုသရန် အသုံးပြုပါသည်။

  • hay fever (ပန်းဝတ်မှုန်နှင့်ဓာတ်မတည့်ခြင်း)
  • conjunctivitis (မျက်သားရောင်ခြင်း)
  • eczema (အရေပြား ရောဂါ)
  • hives (urticaria) (အင်ပြင်)
  • insect bites and stings (အင်းစက်ပိုးကိုက်ခြင်း ပျားတုပ်ခြင်း)
  • food allergies (အစားအသောက်ဓာတ်မတည့်မှုများ)

Fexofenadine ကို non-drowsy antihistamine ဟု သိကြပြီး၊ အခြား antihistamine ဆေးများထက် အိပ်ငိုက်ခြင်း ဖြစ်စေနိုင်မှုနည်းပါသည်။

အရေးကြီးသောအချက်များ

  • Fexofenadine ကို တစ်နေ့လျှင် ၁ ကြိမ် သောက်သုံးပါ။ ကလေးများ (၁၂ နှစ်အောက်) ကို ပြင်းအားနည်းသော ဆေးပမာဏကို တစ်နေ့လျှင် ၂ ကြိမ် သောက်သုံးပါ။
  • Fexofenadine သည် Non-drowsy အမျိုးအစားဖြစ်သော်လည်း အချို့လူများအတွက် အိပ်ငိုက်ခြင်း ဖြစ်စေနိုင်ပါသည်။
  • ဘေးထွက်ဆိုးကျိုးများမှာ ခေါင်းကိုက်ခြင်း ၊ အိပ်ငိုက်ခြင်း၊ အာခြောက်ခြင်း ခေါင်းမူးခြင်း များ ဖြစ်နိုင်ပါသည်။
  • ဂရိဖရု့ဖျော်ရည်၊ ပန်းသီးရည်သို့မဟုတ် လိမ္မော်ရည် သောက်ခြင်းက Fexofenadine ရဲ့ ဘေးထွက်ဆိုးကျိုးများပိုမို ဖြစ်ပေါ်စေနိုင်ပါသည်။
  • Fexofenadine သောက်သုံးနေစဉ် အရက် မသောက်သင့်ပါ၊ အိပ်ငိုက်ခြင်း ဖြစ်စေပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
19 December 2024
စီတီရီဇင်း (Cetirizine)
Medicine Guide