ဖိုင်နာစတီရိုဒ် (Finasteride)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

Drug Class

5a-Reductase Inhibitor

အသုံးပြု နိုင်သောရောဂါများ

  • ဆီးကျိတ်ကြီးခြင်း  ၊အမျိုးသားများတွင် ဆံပင်ကျွတ်ခြင်း

တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ

Finast, Finstal, Firide, Stercia

အကျဥ်းချုပ်

Finasteride သည် ဆီးကျိတ်ကြီးခြင်း (benign prostate enlargement) ကို ကုသရန်အတွက် အသုံးပြုသော ဆေးဝါးတစ်မျိုးဖြစ်ပါသည်။ ဤဆေးသည် အောက်ပါလက္ခဏာများကို သက်သာစေနိုင်ပါသည်:

  • ဆီးသွားရန် အစပျိုးရခက်ခြင်း
  • ဆီးအလွန်အမင်းသွားချင်စိတ်ဖြစ်ခြင်း သို့မဟုတ် ဆီးခဏခဏသွားခြင်း
  • ဆီးအိမ်ထဲရှိ ဆီးကို အပြည့်အဝသွားရန် ခက်ခဲခြင်း

Finasteride ကို အချို့နိုင်ငံများတွင် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ရရှိနိုင်ပြီး၊ ဆေးပြားအဖြစ် သောက်သုံးရပါသည်။

ထို့အပြင် ဤဆေးကို အမျိုးသားများတွင် ဆံပင်ကျွတ်ခြင်း (male pattern baldness) ကုသရန်အတွက်လည်း အသုံးပြုနိုင်ပါသည်။

ဤဆေးကို အမျိုးသမီးများအတွက် မညွှန်းလေ့မရှိပါ။ အလွန်ရှားပါးသော အခြေအနေများတွင်သာ အထူးကုဆရာဝန်မှ ညွှန်းကောင်းညွှန်းနိုင်ပါသည်။

အရေးကြီးသော အချက်များ

  • Finasteride ဆေးပြားကို တစ်နေ့လျှင် တစ်ကြိမ် သောက်သုံးရပါမည်။
  • ဆီးကျိတ်ကြီးခြင်းအတွက် Finasteride ကို သောက်သုံးပါက အပြည့်အဝသက်ရောက်မှုရှိရန် ၆ လခန့် ကြာနိုင်ပါသည်။
  • အဓိကဘေးထွက်ဆိုးကျိုးများမှာ လိင်စိတ်နည်းပါးလာခြင်း နှင့် လိင်တံထောင်မတ်ရန် ခက်ခဲခြင်းတို့ ဖြစ်တတ်ပါသည်။
  • ရှားပါးသော ဘေးထွက်ဆိုးကျိုးများမှာ စိတ်အတက်အကျဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း နှင့် ကိုယ့်ကိုယ်ကို ထိခိုက်လိုစိတ်ဖြစ်ခြင်းတို့ ပါဝင်ပါသည်။ ထိုလက္ခဏာများခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
  • Finasteride သည် PSA test (ဆီးကျိတ်ကင်ဆာရှိမရှိ စစ်ဆေးသည့် သွေးစစ်ဆေးမှု) ၏ ရလဒ်များကို ထိခိုက်စေနိုင်ပါသည်။ PSA test ပြုလုပ်ရန်လိုအပ်ပါက Finasteride သောက်သုံးနေကြောင်း ဆရာဝန်အား အသိပေးပါ။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
14 March 2025
ဖယ်ရပ်စ်ဆာလ်ဖိတ် (Ferrous Sulfate)
Medicine Guide