ဖျူစီဒစ်အက်စစ် (Fusidic acid)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

Antibiotic

အသုံးပြုနိုင်သောရောဂါများ

  • ဘက်တီးရီး ယားပိုးဝင်ခြင်းများ

တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ

Fucidin, Foban, Fusiderm, Fudic

ဤဆေးဝါးကို အောက်ပါအမည်ဖြင့်လည်း သိကြပါသည်။: 
 Sodium fusidate

အကျဥ်းချုပ်

Fusidic acid (ဖျူစီဒစ်အက်စစ်) သည်Sodium Fusidate လို့လည်းခေါ်ပါသည်။

ပဋိဇီဝဆေး (antibiotic) တစ်မျိုးဖြစ်ပြီး ဘက်တီးရီးယားပိုးများ ကြီးထွားမှုကို တားဆီးပေးခြင်းဖြင့် လုပ်ဆောင်ပါသည်။

အသုံးပြုသည့်ရောဂါများ အရေပြားပိုးဝင်ခြင်းများ (ဥပမာ - cellulitis, impetigo) မျက်စိပိုးဝင်ခြင်း (conjunctivitis - နီရဲ၊ ယားယံသော မျက်စိများ)

Fusidic acid ကို တချို့နိုင်ငံများတွင် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ရနိုင်ပါသည်။ ၎င်းကို ခရင်မ် (cream) ဆေးလိမ်းမျှင် (ointment) မျက်စဆေး (eye drops) အဖြစ် ရရှိနိုင်ပါသည်။ စတီးရွိုက်ဆေးနှင့် ရောစပ်ထားသော ခရင်မ်ပုံစံလည်း ရှိပါသည်။

ထို့အပြင် ထိုးဆေး (injection), သောက်ဆေးရည် (liquid), သောက်ဆေးပြား (tablets) အဖြစ်လည်း ရနိုင်သော်လည်း ထိုပုံစံများကို များသောအားဖြင့် ဆေးရုံများတွင်သာ အသုံးပြုလေ့ရှိပါသည်။

အရေးကြီးသော အချက်များ

  • မျက်စဥ်းဆေး (eye drops) – တစ်နေ့ ၂ ကြိမ် (မနက်/ည) သုံးရန်။ ✔ ခရင်မ် သို့မဟုတ် လိမ်းဆေး – တစ်နေ့ ၃ ကြိမ် မှ ၄ ကြိမ် အထိ လိမ်းနိုင်ပါသည်။
  • ဘေးထွက်ဆိုးကျိုးများ မျက်စဥ်းဆေး : မျက်စိခြောက်ခြင်း၊ နာခြင်း၊ ယားခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ အမြင်ဝါးခြင်း။ ခရင်မ်/ လိမ်းဆေး : ဘေးထွက်ဆိုးကျိုးများ ရှားပါးသော်လည်း အချို့တွင် အရေပြားယားယံခြင်း ဖြစ်တတ်ပါသည်။
  • ခရင်မ်လိမ်းဆေး : ၁ ပတ်မှ ၂ ပတ် (တခါတရံ ပိုကြာနိုင်)။
  • မျက်စဥ်းဆေး : သက်သာပြီး မျက်စိပုံမှန်ဖြစ်သည့်တိုင် နောက်ထပ် ၄၈ နာရီ (၂ ရက်) ဆက်သုံးရန်။
  • ဆေးကုသမှုကို ပြည့်ဝစွာ ပြီးဆုံးအောင် သုံးပါ၊ ပိုးမပြန်ဖြစ်စေရန် အရေးကြီးပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
17 March 2025
ဖလူကလော့စာဆီလင် (Flucloxacillin)
Medicine Guide