ဟိုက်ဒရိုကော်တီဇုန်း (Hydrocortisone)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

Corticosteroid

အသုံးပြုနိုင်သောရောဂါများ

  • ရောင်ရမ်းခြင်းနှင့် ပြင်းထန်သော ဓာတ်မတည့်မှုများ
  • ကျောက်ကပ်ရောဂါ
  • အရေပြားရောဂါများ

တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ

Hisone

အကျဥ်းချုပ်

Hydrocortisone သည် Steroid (Corticosteroid) ဆေးတစ်မျိုးဖြစ်သည်။

၎င်းသည် သင့်ကိုယ်ခန္ဓာ၏ကိုယ်ခံအားကာကွယ်မှုများကို ငြိမ်စေပြီး နာကျင်မှု၊ ယားယံမှု နှင့် ရောင်ရမ်းမှု (inflammation) များကို လျှော့ချပေးသည်။

ထို့အပြင် stress Hormone ဖြစ်သည့် Cortisol အလုံအလောက် မရှိသူများအတွက် ဟော်မုန်းအစားထိုးဆေး အဖြစ်လည်း အသုံးပြုနိုင်သည်။

Hydrocortisone ကို ကျန်းမာရေးပြဿနာများစွာကို ကုသရန် အသုံးပြုသည်။ ၎င်းသည် သုံးစွဲသူ၏ ကျန်းမာရေးပြဿနာအပေါ်မူတည်ပြီး၊ ကိုယ်ခန္ဓာနှင့်အရေပြား အနာများအတွက် အရေပြားလိမ်းဆေး၊ ထိုးဆေး၊ သို့မဟုတ် ဆေးပြားများ စသည်ဖြင့် အမျိုးမျိုးသော ပုံစံများရှိပါတယ်။

နောက်ထပ်အချက်အလက်များ

အရေပြားပြဿနာများ : hydrocortisone cream, ointment သို့မဟုတ် lotion

သင် hydrocortisone ကို အသားရည်ပြဿနာအတွက် အသုံးပြုနေပါက၊ ဒါဟာ အများအားဖြင့် အရေပြားပြဿနာများအတွက် ခရင်မ်၊  ointment သို့မဟုတ် လိုးရှင်းအဖြစ် ဖြစ်လေ့ရှိသည်။ ထိုသို့အသုံးပြုနိုင်သော အသားရည်ပြဿနာများမှာ -

  • အရေပြားယားယံရောင်ရမ်းရောဂါနှင့် ဓာမတည့်ခြင်းကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်း (eczema and contact dermatitis - အရေပြားသည် ထိတွေ့ရာမှ တုန့်ပြန်မှု)
  • အပူကြောင့် ဖြစ်သောယားယံခြင်း
  • ပိုးကောင်ကိုက်ခြင်းနှင့် ထိုးခြင်းကြောင့်ဖြစ်သော တုန့်ပြန်မှုများ (reactions to insect bites and stings)
  • အရေပြားလေးဘက်နာ
  • nappy rash
လိပ်ခေါင်းနှင့် စအိုယား:ယံခြင်း: hydrocortisone cream, ointment, spray or suppositories

Hydrocortisone သည် creams, ointment, spray သို့မဟုတ် စအိုထဲထည့်သောsuppositories,စအိုတစ်ဝိုက်ယားယံခြင်းသက်သာစေရန်

  • လိပ်ခေါင်း
  • စအိုယားယံခြင်း

ပါးစပ်အနာများ: hydrocortisoneဆေးပြား (ပါးစပ်ထဲတွင်ပျော်ဝင်နိုင်သော)

ပါးစပ်ထဲတွင် ပျော် ဝင်နိုင် သော  ငုံဆေးပြားများသည် ပါးစပ်အတွင်း ဟိုက်ဒရိုကော့တီဇုန်းဆေးအာနိသင်ကိုရစေပါသည်။ ငုံဆေးပြားများသည် ပါးစပ်အနာများကြောင့် ဖြစ်သော နာကျင်မှုကို သက်သာစေပါသည်။

အဒရင်နယ် ဂလင်း  အခြေအနေများ : hydrocortisoneဆေးပြားများ

သင်၏ခန္ဓာကိုယ်မှ ကော်တီဆိုးမထုတ်နိုင်ပါက ဥပမာ- အက်ဒီဆင်ရောဂါ (Addison's disease) ရှိပါက၊ သို့မဟုတ် သင်၏အဒရင်နယ်ဆဲလ်များကို ဖယ်ရှားထားပြီးဆိုပါက၊ Hydrocortisone တက်ဘလက်ဆေးများ  သောက်နိုင်ပါသည်။

အဆိုပါ တက်ဘလက်ဆေးများကို Hypopituitarism ဟုခေါ်သော အလွန်ရှားပါးသောအခြေအနေတစ်ရပ်ကြောင့် Pituitary ဆဲလ်အပေါ် သက်ရောက်မှုရှိပါကလည်း ပေးနိုင်ပါသည်။

အဆစ်များနာကျင်ခြင်း : hydrocortisone ထိုးဆေး

ဟိုက်ဒရိုကိုတီဆုန်း ထိုးဆေးများကို တင်းနစ်မောင်းရိုးနာ၊ နာကျင်သောအရွတ်များနှင့် အဆစ်အိတ်ရောင်ရမ်းခြင်း (Bursitis) ကို ကုသရန် အသုံးပြုသည်။ ၎င်းသည် နာကျင်မှုနှင့် ရောင်ရမ်းခြင်း  ကို လျှော့ကျစေပါသည်။

ဘေးထွက်ဆိုးကျိုးများ

စတီရွိုက်ဆေးများကို အချိန်တိုတွင်း သို့မဟုတ်အနည်းဆုံးသောပမာဏဖြင့် သောက်သုံးပါက ပြင်းထန်သောဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

သို့သော် တစ်ခါတစ်ရံစတီရွိုက်ဆေးများသည် အစာစားချင်စိတ်မျာခြင်း၊ စိတ်နေအပြောင်းအလဲများနှင့် အိပ်စက်ရခက်မှု (အိပ်မပျော်ခြင်း) စသည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။ ၎င်းသည် အထူးသဖြင့် စတီရွိုက်ဆေးပြားများတွင် ပိုမိုတွေ့ရလေ့ရှိပါသည်။

ဘေးထွက်ဆိုးကျိုးများသည် ကုသမှုပြီးသည်နှင့် ပျောက်ကင်းနိုင်ပါသည်။ သို့သော် သင့်ဆရာဝန်နှင့် ဆွေးနွေးမှုမရှိဘဲ ဆေးကို မရပ်တန့်ပါနှင့်။ သင့်ဆရာဝန်သည် လိုအပ်ပါက ဆေးကို အနည်းငယ်လျော့ပေးရန် အကြံပေးပါမည်။ ရုတ်တရက်ဆေးကိုရပ်လိုက်ခြင်းက အခြားမလိုလားအပ်သောဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။(withdrawal symptoms).

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
25 November 2024
ဗင်လာဖက်ဆင် (Venlafaxine)
Medicine Guide