Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Osmotic Laxative
ပါဝင်သောအကြောင်းအရာများ
အသုံးပြုနိုင်သောရောဂါများ
- ဝမ်းချုပ်ခြင်း (ဝမ်းသွားရခက်ခြင်း)
- အသည်းရောဂါနှင့်ဆက်စပ်သော ဦးနှောက်လုပ်ဆောင်မှုကျဆင်းခြင်း
တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ
Osmowin, Actilac, Avolac, Duphalac, Lactulin
အကျဥ်းချုပ်
Lactulose (လက်ကျူးလိုစ်) သည် ဝမ်းချုပ်ခြင်း (ဝမ်းသွားရခက်ခြင်း) ကိုကုသရန် သောက်သုံးရသည့် ဝမ်းနှုတ်ဆေးတစ်မျိုးဖြစ်ပါသည်။
ပြင်းထန်သော အသည်းရောဂါကြောင့်ဖြစ်သည့် hepatic encephalopathy (အသည်းရောဂါနှင့်ဆက်စပ်သော ဦးနှောက်လုပ်ဆောင်မှုကျဆင်းခြင်း) ကိုလည်း ကုသရန် သောက်သုံးလေ့ရှိပါသည်။
Lactulose ကို ချိုသော ဆေးရည် (syrup) အဖြစ် သောက်သုံးရပါသည်။
တချို့နိုင်ငံများတွင် ဆရာဝန်ညွှန်ကြားချက်ဖြင့် ရနိုင်ပြီး၊ ဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။
အရေးကြီးသောအချက်များ
- Lactulose သည် အူထဲသို့ ရေဆွဲငင်ခြင်းဖြင့် ဝမ်းများကို ပျော့စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါသည်။
- အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ ဝမ်းလျှောခြင်း၊ ဗိုက်ဖောင်းခြင်းနှင့် လေထခြင်း တို့ဖြစ်သည်။ ယင်းတို့သည် များသောအားဖြင့် သိပ်မပြင်းထန်ဘဲ ကြာရှည်မခံပါ။
- Lactulose သည် အနည်းဆုံး ၂ ရက်မှ ၃ ရက်အထိ ကြာမှအကျိုးသက်ရောက်ပါသည်။ ၄ ရက် သို့မဟုတ် ၅ ရက်ကြာသည်အထိ ဝမ်းချုပ်ခြင်း မသက်သာပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
- Lactulose ၏ အရသာချိုလွန်းပါက၊ ဖျော်ရည် (သို့) ရေ နှင့် ရောဖျော်၍ သောက်နိုင်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.