Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
Drug Class
Antiepileptic
Common Uses
- Epilepsy
- Bipolar Disorder
Common Brand Names
Lamictal, Lamight, Epigen, Lamosyn, Lamoga
Overview
Lamotrigine သည် epilepsy (တက်ခြင်း) ကိုကုသရန် အသုံးပြုသော ဆေးဖြစ်ပြီး၊ bipolar disorder (စိတ်အတက်အကျမြန်ခြင်း) ရောဂါရှိသော လူများတွင် စိတ်ဖိစီးမှု (depression) ကို ကာကွယ်ရန်လည်း အထောက်အကူဖြစ်သည်။
အတက်ရောဂါဆိုသည်မှာ ဦးနှောက်တွင် လျှပ်စစ်လှုပ်ရှားမှုများဖြစ်လာခြင်းဖြင့် ဦးနှောက်၏ အလုပ်လုပ်နည်းကို နာရီအချို့ အချိန်ကာလအတွင်း ထိခိုက်စေသော အခြေအနေ ဖြစ်ပါသည်။ Lamotrigine သည် ဤလျှပ်စစ်လှုပ်ရှားမှုများကို လျော့ချပြီး အတက်ရောဂါ မဖြစ်အောင် ကာကွယ်ပေးပါသည်။
Lamotrigine ကိုအချို့နိုင်ငံများတွင်ဆရာဝန်ဆေးစာဖြင့် သာရနိုင်ပါသည်။
Important Facts
- Lamotrigine ကို တစ်နေ့လျှင် 1 သို့မဟုတ် 2 ကြိမ် သောက်သုံးပါသည်။ အစာနှင့်အတူ သို့မဟုတ် အစာမရှိဘဲ သောက်နိုင်ပါသည်။
- Lamotrigine သည် အကျိုးသက်ရောက်မှုရှိရန် 6 ပတ် အထိ အချိန်ယူနိုင်ပါသည်။ ဤကာလအတွင်း တက်ခြင်း သို့မဟုတ်စိတ်ဓာတ်ကျခြင်း ရှိနေနိုင်ပါသည်။
- Lamotrigine ၏ အများဆုံး မကြာခဏ ဖြစ်သော ဆိုးကျိုးများမှာ အသားအရေ ယားယံခြင်း (skin rashes) နှင့် ခေါင်းကိုက်ခြင်း(headaches) ဖြစ်ပါသည်။
- Lamotrigine နှင့်အတူ အရက် သောက်နိုင်ပါသည်၊ သို့သော် အိပ်ငိုက်ခြင်း သို့မဟုတ် ပင်ပန်းခြင်း ခံစားရနိုင်ပြီး၊ အရက်နှင့် hangover များသည် epilepsy ရှိသူများတွင် တက်ခြင်း ဖြစ်စေနိုင်ပါသည်။
- Lamotrigine ကိုမရပ်မီသင်၏ ဆရာဝန်နှင့် ညွှန်ကြားချက်ရယူရန် လိုအပ်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.