လီစီနိုပရီလ် (Lisinopril)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

Angiotensin-Converting Enzyme (ACE) Inhibitor

အသုံးပြု နိုင်သောရောဂါများ

  • သွေးတိုးရောဂါ
  • နှလုံးစွမ်းဆောင်ရည်ကျ ဆင်းခြင်း

တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ

Zestril, Lispril

အကျဥ်းချုပ်

လီဆီနိုပရစ် (Lisinopril) သည် သွေးတိုးရောဂါနှင့် နှလုံးစွမ်းဆောင်ရည်ကျသော ရောဂါများ (Heart Failure) ကို ကုသရန် အသုံးပြုသော ဆေးတစ်ခုဖြစ်သည်။

ထို့အပြင် နှလုံးရုတ်တရက်ထိခိုက်ခြင်း(Heart Attack) ခံပြီးနောက်နှင့် လေဖြတ်ပြီးနောက်ပိုင်းနှလုံးစွမ်းဆောင်ရည် ကောင်းစေရန် လည်းသုံးသည်။

လီဆီနိုပရစ် သည် သွေးကြောများကိုကျယ် စေခြင်းဖြင့် သွေးပေါင် (Blood Pressure) ကို ကျဆင်းစေပြီး သွေးလည်ပတ်မှုကို ပိုမိုလွယ်ကူကောင်းမွန်စေသည်။

ဆီးချိုကြောင့်ဖြစ်သောကျောက်ကပ်ရောဂါတွင်လည်း ရောဂါအခြေအနေကိုနှေးစေရန်သုံးသည်။

Lisinopril အချို့နိုင်ငံများ တွင် ဆရာဝန်ဆေးညွှန်းဖြင့်သာရနိုင်သည်။ 

အရေးကြီးသောအချက်များ

  • လီဆီနိုပရစ် သည် သွေးပေါင် (Blood Pressure) ကို ကျဆင်းစေပြီး သွေးလည်ပတ်မှုကို ပိုမိုလွယ်ကူကောင်းမွန်စေသည်။
  • ပထမဆုံးတစ်ကြိမ်သောက်ခြင်းတွင် အနည်းငယ်မူးဝေလာခြင်း၊ ဖြစ်နိုင်သည်၊ ထိုကြောင့် ပထမဆုံးအကြိမ်ကို ကို ညအိပ်ယာဝင်ချိန် တွင်သောက်ရန် အကြံပြုသည်။အကယ်၍ စတင်သောက်လိုက်ပြီးမူးဝေခြင်း မရှိပါက မည်သည့်အချိန်တွင်မဆို သောက်နိုင်ပါသည်။
  • တစ်ချို့သူများတွင် ချောင်း ခြောက် ဆိုးခြင်းဖြစ်နိုင်ပြီး ဖြစ်ပါက ဆရာဝန်ကိုပြောပြပြီး အခြားဆေးတစ်မျိုးကိုပြောင်းနိုင်ပါသည်။
  • ဆိုးဆိုးဝါးဝါးဝမ်းလျှောခြင်း အော့အန်ခြင်းဖြစ်ပါက ဆရာဝန်နှင့်ပြသပါ။သက်သာသည်အထိဆေးကိုရပ်ထားရန်လိုအပ်နိုင်ပါသည်။ 
  • အရက်နှင့်တွဲသောက်ပါက မူးဝေခြင်းဖြစ်နိုင်ပြီး ဆေးသောက်နေစဥ်အရက်ကိုရှောင်သင့်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
25 November 2024
မက်ထရိုနီဒါဇိုး (Metronidazole)
Medicine Guide