Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Biguanide
ပါဝင်သောအကြောင်းအရာများ
အသုံးပြုနိုင်သောရောဂါများ
- အမျိုးအစား ၂ ဆီးချိုရောဂါ
တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ
Panfor, Glucophage, Metabet, Glucomet, Glycomet, Metfor, Metformin Denk, Panfor-SR, Metformin Stella
အကျဥ်းချုပ်
မက်ဖော်မင်း သည် အမျိုးအစား ၂ ဆီးချိုရောဂါ (type 2 diabetes) နှင့် ကိုယ်ဝန်ဆောင်အချိန် ဆီးချိုရောဂါ (gestational diabetes) အတွက်ကုသရန် အသုံးပြုသောဆေးဖြစ်သည်။ ထို့အပြင်၊ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေမြင့်မားသူများအတွက် ကာကွယ်ရန်လည်း အသုံးပြုသည်။
အမျိုးအစား ၂ ဆီးချိုရောဂါ ဆိုသည်မှာ ကိုယ်ခန္ဓာမှာ အင်းဆူလင်လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်း သို့မဟုတ် ထုတ်လုပ်သည့်အင်ဆူလင်ကောင်းစွာအလုပ်မလုပ်နိုင်ခြင်းကြောင့် သွေးတွင်းသကြား (hyperglycaemia) မြင့်တက်ခြင်းဖြစ်စေသည့် ရောဂါတစ်မျိုးဖြစ်သည်။
မက်ဖော်မင်းသည် ကိုယ်ခန္ဓာတွင်း အင်ဆူလင်ကို ထိန်းညှိမှုအားလုံးကောင်းစေရန်ကူညီခြင်းအားဖြင့် သွေးတွင်းသကြားအဆင့်ကို လျှော့ချသည်။
ဤဆေးကို ဆီးချိုရောဂါကုသရန် သောက်ရန်ညွှန်ကြားခြင်းသည် အစားအသောက်နှင့် လေ့ကျင့်ခန်း ဖြင့်သွေးတွင်းသကြားကို ထိန်းချုပ်၍ မရသောအခါ ဖြစ်သည်။
တခါတလေ၊ မက်ဖော်မင်း သည် သားဥအိမ်ရေအိတ်တည်ခြင်း (polycystic ovary syndrome - PCOS) လက္ခဏာများကို ကုသရန် အသုံးပြုလေ့ရှိသည်။ သို့သော် PCOS အတွက် တရားဝင်လက်မှတ်မရသေးသော ဆေးဖြစ်သည်။
PCOS ကိုကုသရာတွင် မက်ဖော်မင်းသည် အင်ဆူလင်နှင့် သွေးသကြားအဆင့်ကို လျှော့ချခြင်းဖြင့်သားဥကြွေခြင်းကိုပုံမှန်ဖြစ်စေပြီး ဓမ္မတာ မှန်သွားစေသည်။
အရေးကြီးသောအချက်များ
- ဆီးချိုရောဂါရှိသူများအားလုံးတွင် လက္ခဏာများမရှိတတ်သော်လည်း၊ မက်ဖော်မင်းကို သောက်သည့်အခါ သိသာမှုမရှိဘဲဖြစ်တတ်သည်။ဆေးကို ဆက်သောက်ရန်အရေးကြီးပါသည်။
- မက်ဖော်မင်းကို အစာနှင့်အတူ သောက်သုံးပါက ဘေးထွက်ဆိုးကျိုးများ လျှော့နည်းနိုင်သည်။
- အဓိကဘေးထွက်ဆိုးကျိုးများမှာ ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းနှင့် အစားအသောက်ပျက်ခြင်းဖြစ်သည်။ ဗီတာမင် B12 အားနည်းမှုလည်း အချို့သူများတွင် ဖြစ်တတ်သည်။
- မက်ဖော်မင်းသည် အခြားဆီးချိုဆေးများကဲ့သို့ ကိုယ်အလေးချိန်တက်စေခြင်းမရှိပေ။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.