Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Proton Pump Inhibitor (PPI)
ပါဝင်သောအကြောင်းအရာများ
အသုံးပြုနိုင်သောရောဂါများ
- ရင်ပူခြင်း
- အစာမကြေခြင်း
- အက်စစ်ပြန်ခြင်း
- အစာအိမ်နာ
တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ
Losec, Prilosec, Ocid, Pyrocalmm Omez
အကျဥ်းချုပ်
Omeprazole သည် အစာအိမ်ရှိ အက်စစ်ပမာဏကို လျှော့ချစေသည်။ ၎င်းကို အစာမကြေခြင်း၊ ရင်ပြည့်ခြင်းနှင့် အက်စစ်ပြန်ခြင်းကို ကုသရန် အထွေထွေသုံးနိုင်သည်။ ထို့အပြင် အစာအိမ်နာ ခြင်းကို ကာကွယ်ရန်နှင့် ကုသရန်လည်း သောက်သုံးပါသည်။
"Omeprazole" သည် "Proton Pump Inhibitor (PPI)" ဟုခေါ်သော ဆေးအမျိုးအစားတစ်ခုဖြစ်သည်။ Proton pump များမှာ အစာအိမ်အတွင်း အက်စစ်ထုတ်လုပ်ရန် အရေးပါသော အင်ဇိုင်းများဖြစ်ပြီး "Omeprazole" သည် ဤအင်ဇိုင်းများကို တားဆီးကာ အက်စစ်ပမာဏကို လျှော့ချစေသည်။
တခါတရံ "Omeprazole" ကို အလွန်ရှားပါးသော "Zollinger-Ellison Syndrome" ဟုခေါ်သောပန်ကရိယနှင့် အူလမ်းကြောင်း၌ ဖြစ်ပေါ်သောအကြိတ်ရောဂါအတွက် သောက်သုံးကြသည်။
အရေးကြီးသောအချက်များ
- "Omeprazole" သည် ၂ မှ ၃ ရက်အတွင်း အလုပ်လုပ်တတ်သော်လည်း၊ ၎င်း၏ဆေးအာနိသင်အပြည့်အစုံကို ရရှိရန် ၄ ပတ်အထိ ကြာနိုင်ပါသည်။
- ပုံမှန်အားဖြင့် "Omeprazole" ကို မနက်အချိန်တွင် တစ်နေ့တစ်ကြိမ်သာ သောက်သုံးကြသည်။ "Zollinger-Ellison Syndrome" ရှိပါက မနက်နှင့် ညအချိန် တစ်နေ့နှစ်ကြိမ် သောက်နိုင်ပါသည်။
- ပုံမှန် တွေ့ရှိရသော ဘေးထွက်ဆိုးကျိုးများမှာ ခေါင်းကိုက်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ဗိုက်နာခြင်းဖြစ်ပြီး၊ အများအားဖြင့် ဆေးကို ရပ်လိုက်သည့်အခါ သက်သာသွားပါသည်။
- သင်၏ကိုယ်တိုင်ကုသရန် အတွက် ဆေးဆိုင် မှ "Omeprazole" ဝယ်ယူသောက်သုံးပါက ဆရာဝန်နှင့်မတိုင်ပင်ဘဲ ၂ ပတ်ထက်ပို၍ မသောက်သင့်ပါ။
- အရက်သည် သင့်အစာအိမ်အက်စစ်ကို ပိုမိုထုတ်စေပြီး အစာအိမ်အလွှာကို ရောင်ရမ်းစေသောကြောင့် သင့်ရောဂါလက္ခဏာများ ပိုဆိုးတတ်သည်။ "Omeprazole" သောက်နေစဉ် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.