Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
Drug Class
Analgesic
ပါဝင်သောအကြောင်းအရာများ
အသုံးပြု နိုင်သောရောဂါများ
- နာကျင်ကိုက်ခဲခြင်း
- ဖျားနာခြင်း
တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ
Panadol, Tylenol Biogesic, Medigesic, Nophen, Para-Denk, Paracap, Cemol, Cetamol
ဤဆေးကို အောက်ပါနာမည်အဖြစ် လည်းသိကြသည်။
Acetaminophen
အကျဥ်းချုပ်
ပါရာဆီတမောလ် သည် ကိုက်ခဲခြင်း နှင့်အနာသက်သာစေသော ဆေးဝါးတစ်မျိုးဖြစ်ပြီး ကိုက်ခဲမှုများကို ကုသရာတွင် အသုံးပြုနိုင်ပါသည်။ ထို့အပြင် ကိုယ်အပူချိန် မြင့်မားခြင်းကိုလည်း လျှော့ချပေးနိုင်သည်။
ပါရာဆီတမောလ်ကို ဆေးဆိုင်များတွင် ဝယ်ယူနိုင်ပြီး၊ နာတာရှည်ကိုက်ခဲမှုရှိပါက ဆရာဝန်မှ ဆေးညွှန်းပေးနိုင်ပါသည်။ ယင်းဆေးသည် ဆေးပြား၊ ဆေးတောင့် ဆေးရည် ၊ ရေနှင့်ဖျော်သောက်ရသောမှုန့် နှင့် စအိုတွင်းထည့်ဆေးတောင့်အဖြစ် ရရှိနိုင်ပါသည်။
ပါရာဆီတမောလ်ကို အခြားကိုက်ခဲပျောက်ဆေးများ သို့မဟုတ်အအန်ပျောက်ဆေးများနှင့်အတူလည်းရရှိနိုင်ပါသည်။ ၎င်းကို အအေးမိခြင်းနှင့်တုပ်ကွေးရောဂါဆိုင်ရာ ဆေးဝါးအမျိုးမျိုးတွင်ပါရှိသည်။
၁၆ နှစ်အောက် ကလေးများအတွက် ပါရာဆီတမောလ်ကို အသုံးပြုနည်းအကြောင်း ဤ link မှာကြည့်နိုင်ပါသည်။ paracetamol for children.
အရေးကြီးသောအချက်များ
- ပါရာဆီတမောလ်သည် ၁ နာရီအတွင်း အကျိုးသက်ရောက်မှုပြုနိုင်သည်။
- သတ်မှတ်ထားသော သောက်ရန်ပမာဏမှာ ၅၀၀မီလီဂရမ် ဆေးပြား ၁ ခါ ၂ ပြား အထိ ၁ နာရီအတွင်း သောက်နိုင်ပြီး၊ တစ်နေ့ ၄ ခါအထိ သောက်နိုင်ပါသည်။ တစ်နေ့လုံးတွင် ဆေးပြား ၈ ပြားထက် မကျော်သောက်ရန် သတိပြုပါ။
- အခြားပါရာဆီတမောလ် ပါဝင်သော ဆေးဝါးများနှင့်အတူ မသောက်သုံးရန် သတိပြုရမည်၊
- ကိုယ်ဝန်ဆောင်စဉ်နှင့်နို့တိုက်စဉ်တွင် သတ်မှတ် အတိုင်းသောက်ပါကစိတ်ချရသည်။
- အသည်းနှင့်ပတ်သက်သော ရောဂါအခြေအနေများရှိပါက၊ ပါရာဆီတမောလ်နှင့်အတူ အရက်သောက်သုံးခြင်းသည် လုံခြုံမှုမရှိနိုင်ပါ။ သင်အသုံးပြုမည့်ဆေးဝါးအထုပ်တွင်ပါသော ညွှန်ကြားချက်ကို ဖတ်ရှုပါ သို့ မဟုတ် ဆရာဝန်ကိုမေးမြန်းပါ။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.