Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Nucleoside Reverse Transcriptase Inhibitor
ပါဝင်သောအကြောင်းအရာများ
အသုံးပြုနိုင်သောရောဂါများ
- HIV (Human Immunodeficiency Virus) ကူးစက်နိုင်ခြေကို လျှော့ချပေးခြင်း
တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ
Truvada
This medicine is also commonly known as:
Pre-Exposure Prophylaxis (PrEP)
အကျဥ်းချုပ်
PrEP ဆေးသည် HIV (Human Immunodeficiency Virus) ကူးစက်နိုင်ခြေကို လျှော့ချပေးသော ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။
PrEP ၏ အလုပ်လုပ်ပုံမှာ HIV ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်အတွင်းဝင်ရောက်ခြင်းနှင့် ပွားများခြင်းမှ တားဆီးပေးခြင်းဖြစ်သည်။ ခန္ဓာကိုယ်တွင် PrEP ၏ ပမာဏ လုံလောက်စွာရှိမှသာ HIV မှ ကာကွယ်နိုင်မည်ဖြစ်သဖြင့် ဆေးကို မှန်ကန်စွာ သောက်သုံးရန် အရေးကြီးပါသည်။
PrEP ကို HIV ကူးစက်နိုင်ခြေမြင့်မားသော လူမှုအသိုင်းအဝိုင်းများ (သို့မဟုတ်) ထိုသူများနှင့် လိင်ဆက်ဆံသူများက သောက်သုံးနိုင်ပါသည်။
သင့်အနေဖြင့် PrEP သောက်သုံးခြင်းဖြင့် အကျိုးရှိနိုင်ပါသည်:
- HIV မရှိသော ယောက်ျားတစ်ဦးဖြစ်ပြီး အခြားယောက်ျားများနှင့် ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်း
- HIV ရှိသူ (သို့မဟုတ်) ယခင်လက်တွဲဖော်နှင့် နေထိုင်ခြင်း
- HIV ဖြစ်ပွားမှုမြင့်မားသော နိုင်ငံမှ လက်တွဲဖော် (သို့) ယခင်လက်တွဲဖော်ရှိခြင်း
- လက်တွဲဖော်၏ HIV ရောဂါအခြေအနေကို မသိဘဲ ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်း
- လိင်ပြောင်းထားသူ (သို့) လိင်အမျိုးအစားမခွဲသူများဖြစ်ပြီး ကွန်ဒုံးမသုံးဘဲ လိင်မှုကိစ္စမကြာခဏပြုလုပ်ခြင်း
- ငွေ၊ မူးယစ်ဆေး၊ နေရာထိုင်ခင်း (သို့) အခြားအကြောင်းများအတွက် လိင်ဆက်ဆံခြင်း
- ဆေးထိုးသွင်းခြင်း (ဥပမာ - မူးယစ်ဆေးထိုးသွင်းခြင်း)
PrEP ဆေးပြားတွင် Tenofovir Disoproxil နှင့် Emtricitabine ဆေးနှစ်မျိုးပါဝင်ပြီး ဤဆေးများကို HIV ကုသရာတွင်လည်း အသုံးပြုပါသည်။
အရေးကြီးသောအချက်များ
- PrEP သည် အခြားလိင်မှတစ်ဆင့်ကူးစက်သော ရောဂါများ (STIs) မှ မကာကွယ်ပေးနိုင်ပါ။
- PrEP ၏ ဘေးထွက်ဆိုးကျိုးများမှာ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်ပူခြင်း၊ အစာမကြေခြင်း၊ ခေါင်းကိုက်ခြင်း၊ အားနည်းခြင်းနှင့် အိပ်မပျော်ခြင်းတို့ဖြစ်နိုင်ပြီး ပထမရက်အနည်းငယ်အတွင်း ပျောက်ကင်းတတ်ပါသည်။
- PrEP သောက်စဉ် ဗိုက်နာခြင်းကဲ့သို့ဘေးထွက်ဆိုးကျိုးများခံစားရပါက အစာစားပြီးမှ သောက်သုံးခြင်းဖြင့် သက်သာစေနိုင်ပါသည်။
- PrEP ကို အများစုအနေဖြင့် နေ့စဉ်သောက်သုံးနိုင်သော်လည်း အချို့သူများအတွက် လိင်ဆက်ဆံမည့်အချိန်နှင့် နီးကပ်စွာ (ဆေးအပိုသောက်၍) သောက်သုံးနိုင်သည်။
- မိန်းမကိုယ်မှတစ်ဆင့် လိင်ဆက်ဆံသူများအတွက် PrEP ကို နေ့စဉ်သောက်ပါက ၇ ရက်ကြာမှ အပြည့်အဝကာကွယ်မှုရရှိမည်။ စအိုမှတစ်ဆင့် လိင်ဆက်ဆံသူများအတွက် PrEP ကို လိုအပ်မှသာသောက်ပါက ပထမဆေးပမာဏ နှစ်ဆသောက်ပြီး ၂ နာရီအကြာတွင် ကာကွယ်မှုစတင်ရရှိမည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.