Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Proton Pump Inhibitor (PPI)
ပါဝင်သောအကြောင်းအရာများ
အသုံးပြုနိုင်သောရောဂါများ
- ရင်ပူခြင်း
- အက်စစ် ပြန်တက်ခြင်း
- အစာအိမ်အနာ
တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ
Barole, Rabirol, Rabium, Pariet, Rabepra, Rabesta, Rabi, Rabaris, Rabipam, Rabvit
အကျဥ်းချုပ်
Rabeprazole သည် အစာအိမ်အတွင်း အက်စစ်ဓာတ်ကို လျှော့ချပေးသည်။
အစာအိမ်အနာကို ကာကွယ်ရန်နှင့်ကုသရန်အသုံးပြုနိုင်သည်။
Zollinger-Ellison syndrome ဆိုသည့် အလွန်ရှားသော, ပန်ကရိယသို့မဟုတ် အူလမ်းကြောင်းအတွင်းရှိ အကြိတ်ကြောင့်ဖြစ်သော ရောဂါအတွက်လည်း ဆရာဝန်မှညွှန်ကြား၍ အသုံးပြုနိုင်သည်။
Rabeprazole ကို အချို့နိုင်ငံများ တွင် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ရနိုင်ပြီး, ဆေးပြားပုံစံဖြင့် ရရှိနိုင်ပါသည်။
အရေးကြီးသောအချက်များ
- တစ်ရက်တစ်ကြိမ်, မနက်အချိန်တွင် သောက်ရသော ဆေးဖြစ်သည်။
- ဆရာဝန်မှ ပိုမိုမြင့်မားသောပမာဏ (higher dose) ပေးခဲ့လျှင်, မနက်နှင့်ညနေအချိန် တစ်နေ့ ၂ ကြိမ် သောက်နိုင်သည်။၂-၃ ရက်အတွင်း အလုပ်လုပ်ပုံကို ခံစားရနိုင်သော်လည်း, အပြည့်အဝ အကျိုးသက်ရောက်မှုမှုရရန် ၄ ပတ်အထိ ကြာနိုင်သည်။
- ပုံမှန်ဖြစ်သောဘေးထွက်ဆိုးကျိုးများတွင် - ခေါင်းကိုက်ခြင်း ဝမ်းသွားခြင်း အန်ချင်ခြင်း သို့မဟုတ် အန်ခြင်း ဝမ်းချုပ်ခြင်း ဗိုက်နာခြင်း ဒီရောဂါများသည်, ဆေးသောက်မှုရပ်ပြီးနောက် မကြာမီသက်သာသွားနိုင်သည်။
- ကိုယ်ဝန်ရှိစဉ်တွင် Rabeprazole သောက်ရန်မသင့်တော်သော်လည်း, နို့တိုက်နေစဉ် ဆရာဝန်၏ ခွင့်ပြုချက်ဖြင့် သောက်နိုင်သည်။ဆရာဝန်နှင့်အရင်တိုင်ပင်ဆွေးနွေးပါ။
- အရက်ကို Rabeprazole နှင့်အတူ သောက်သုံးနိုင်သော်လည်း, ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်သည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.