Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Anticoagulant (Factor Xa Inhibitor)
ပါဝင်သောအကြောင်းအရာများ
အသုံးပြုနိုင်သောရောဂါများ
- သွေးကြဲစေရန်
- သွေးခဲမှု
တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ
Rivaxo, Xaroban, Xarelto, Rivoxan, Rivaxab
အကျဥ်းချုပ်
Rivaroxaban သည် သွေးကြဲဆေး (anticoagulant) အမျိုးအစားဆေးဖြစ်သည်။
ဤဆေးသည် သွေးကြောများတွင်း သွေးလည်ပတ်မှုကို လွယ်ကူစေသည်။ ထိုကြောင့် အန္တရာယ်ရှိသော သွေးခဲမှု (blood clot) ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေသည်။
သွေးခဲမှု ဖြစ်နိုင်ခြေ မြင့်မားသူများတွင် အောက်ပါအခြေအနေများပါဝင်နိုင်သည် :
- နှလုံးစည်းချက်မမှန်ခြင်း (atrial fibrillation)
- မကြာသေးမီက တင်ပါးဆုံရိုးဒူးရိုး ခွဲစိတ်ထားသူများ
- နှလုံးအောင့်ခြင်း
- နှလုံးသွေးကြောရောဂါ (coronary heart disease)
- သွေးလွှတ်ကြောရောဂါ (peripheral arterial disease)
ထို့အပြင် သွေးခဲမှုကြောင့် ကျန်းမာရေးပြဿနာများဖြစ်ပေါ်သူများကိုလည်း ကုသရန် အသုံးပြုသည်။ ဥပမာ :
- လေဖြတ်ခြင်း (stroke)
- နှလုံးရုတ်တရက်ဖောက်ခြင်း (heart attack)
- ခြေထောက်တွင်း သွေးခဲခြင်း (deep vein thrombosis, DVT)
- အဆုတ်တွင်း သွေးခဲခြင်း (pulmonary embolism)
Rivaroxaban သည်အချို့နိုင်ငံများတွင် ဆရာဝန်ဆေးစာဖြင့်သာ ဝယ်ယူနိုင်ပါသည်။
အရေးကြီးသောအချက်များ
- Rivaroxaban ကို နေ့စဉ် ၁ ကြိမ် သို့မဟုတ် ၂ ကြိမ် သောက်လေ့ရှိသည်။
- အစာစားပြီးပြီးချင်း ဆေးကို သောက်ရန် အရေးကြီးသည်။ ၎င်းက ကိုယ်ခန္ဓာမှ ဆေးအတိုင်းအတာအားလုံးကို စုပ်ယူရန် ကူညီပါသည်။
- အများဆုံးတွေ့ရသော ဘေးထွက်ဆိုးကျိုးများမှာ သွေးယိုတတ်ခြင်းဖြစ်ပြီး၊ ဥပမာ - နှာခေါင်းသွေးယိုခြင်း၊ရာသီသွေးဆင်းများခြင်း၊ သွားဖုံးသွေးယိုခြင်း နှင့် အနာတရဖြစ်ခြင်း တို့ ပါဝင်သည်။
- Rivaroxaban သောက်သည့်အခါ အရက်သောက်နိုင်ပါသည်။ သို့သော် အရက်ကို အလွန်အကျွံ သောက်ခြင်း၊ အထူးသဖြင့် တစ်ချိန်ထဲအများအပြားသောက်ခြင်း (binge drinking) သည် သွေးယိုခြင်းကို ပိုမိုဖြစ်စေနိုင်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.