စီတာဂလစ်ပတင် (Sitagliptin)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

Dipeptidyl Peptidase-4 (DPP-4) Inhibitor

အသုံးပြုနိုင်သောရောဂါများ

  • အမျိုးအစား ၂ ဆီးချိုရောဂါ

တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ

Januvia, Sitaglit, Trevia

အကျဥ်းချုပ်

Sitagliptin ဆီတာဂလစ်တင် သည် အမျိုးအစား ၂ ဆီးချိုရောဂါ (type 2 diabetes) ကို ကုသရန် အသုံးပြုသောဆေးဖြစ်သည်။

အမျိုးအစား ၂ ဆီးချိုရောဂါ ဆိုသည်မှာ ကိုယ်ခန္ဓာ အင်ဆူလင် လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်း သို့မဟုတ် ထုတ်လုပ်သည့် အင်ဆူလင် အလုပ်ကောင်းစွာမလုပ်နိုင် ခြင်းကြောင့် သွေးတွင်းသကြား (hyperglycaemia) မြင့်တက်မှု ဖြစ်စေသည့် ရောဂါဖြစ်သည်။

ဆီတာဂလစ်တင် ကို ကျန်းမာရေးနှင့် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဆောင်မှုတို့နဲ့ သွေးတွင်း သကြားအဆင့်ကို ထိန်းချုပ်မရသော လူနာများအတွက်ပေးသည့်ဆေးဖြစ်သည်

ဤဆေးသည် ကိုယ်ခန္ဓာမှ အင်ဆူလင် ထုတ်လုပ်မှုကို တိုးတက်စေသည်။ အင်ဆူလင်သည် သွေးတွင်းသကြားအဆင့်ကို ထိန်းချုပ်ရာတွင် အရေးပါသော ဟော်မုန်းဖြစ်သည်။

ဆီတာဂလစ်တင် ကို အချို့နိုင်ငံများတွင် ဆရာဝန်ဆေးညွှန်းဖြင့်သာ ရရှိနိုင်သည်။

အရေးကြီးသောအချက်များ

  • ဆီတာဂလစ်တင် သည် အချိန်အနည်းငယ်အတွင်း သက်သာစေပါသည်။ သွေးတွင်းသကြားအဆင့်ကို ထိန်းချုပ်ရန် နေ့စဉ် ဆေးသောက်ရန် လိုအပ်ပါသည်။
  • ဆီတာဂလစ်တင်ကို တစ်နေ့တစ်ကြိမ် သောက်ရန်လိုအပ်နိုင်ပါသည်။
  • ဤဆေး၏ ဖြစ်လေ့ရှိသောဘေးထွက်ဆိုးကျိုးမှာ ခေါင်းကိုက်ခြင်းဖြစ်သည်။
  • ဤဆေးသည် များသောအားဖြင့် ကိုယ်အလေးချိန်မတက်စေနိုင်ပါ။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
25 November 2024
ဂလိုင်ကလာဇိုက် (Gliclazide)
Medicine Guide