ဝါဖာရင် (Warfarin)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

Anticoagulant (Vitamin K Antagonist)

အသုံးပြုနိုင်သောရောဂါများ

  • ‌သွေး ကျဲစေရန် 
  • သေွး ခဲ ခြင်း 

တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ

Maforan, Warf, Coumadin

အကျဥ်းချုပ်

Warfarin သည် သွေးကြောများအတွင်း သွေးစီးဆင်းမှုကို ပိုမိုလွယ်ကူစေသည့် ဆေးအမျိုးအစားတစ်ခုဖြစ်ပြီး anticoagulant ဟုခေါ်သည်။

သွေးခဲမှုကို လျော့နည်းစေသဖြင့် သွေးခဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကို ကာကွယ်ပေးပါသည်။

Warfarin သုံးစွဲနိုင်သည့် အခြေအနေများ သွေးခဲခြင်းသက်သာစေရန်နှင့် ပြန်ဖြစ်ခြင်းကာကွယ်ရန်

  • ခြေထောက်တွင် သွေးခဲခြင်း (DVT)
  • အဆုတ်တွင်း သွေးခဲခြင်း (pulmonary embolism)
  • သွေးခဲဖြစ်ပွားမည့် အန္တရာယ် မြင့်မားသူများတွင်

ထိုသူများတွင် 

  • နှလုံးခုန်မမှန်ခြင်း (atrial fibrillation)
  • အဆုတ်တွင်း သွေးခဲခြင်း (pulmonary embolism)
  • သွေးခဲစနစ်ချို့ယွင်းမှု (thrombophilia)
  • ခွဲစိတ်ပြီးနောက် သွေးခဲဖြစ်နိုင်ခြေရှိသူများ

အချို့နိုင်ငံများတွင် ဆရာဝန်ဆေးညွှန်းဖြင့်သာရနိုင်သည်။

အရေးကြီးသောအချက်များ

  • ပုံမှန်အားဖြင့် ညဘက်တွင် တစ်ကြိမ် သောက်သုံးပါသည်။
  • ဘေးထွက်ဆိုးကျိုးများမှာ သွေးယိုလွယ်ခြင်းဖြစ်သည်။ နှာခေါင်းသွေးယိုခြင်း သွားဖုံးသွေးယိုခြင်း ရာသီသွေးဆင်းများခြင်း အညိုအမဲစွဲခြင်း
  • Warfarin သောက်နေစဉ် အနည်းဆုံး ၁၂ ပတ်လျှင် တစ်ကြိမ် သွေးစစ်ဆေးရန် လိုအပ်ပါသည်။
  • Iသောက်သုံးရမည့် ဆေးပမာဏကို အစားအသောက်၊ အခြားဆေးများ၊ လက်ရှိရောဂါများ တို့အပေါ် မူတည်၍ အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။
  • သင့်ဆရာဝန် သို့မဟုတ် ဆေးဆိုင်မှ သင့်အား သွေးကြဲဆေးသတိပေးကတ် ပေးနိုင်ပါသည်။ အမြဲ သင့်နှင့် သယ်ဆောင်ထားပါ။ ဆေးဘက်ဆိုင်ရာ သို့မဟုတ် သွားဘက်ဆိုင်ရာ ဆောင်ရွက်ချက်များ (ကာကွယ်ဆေးထိုးခြင်းနှင့် သွားစစ်ဆေးခြင်းအပါအဝင်) ပြုလုပ်မည့်အခါ သင့်ဆရာဝန် သို့မဟုတ် သွားဆရာဝန်အား ထိုကတ်ကို ပြသပါ။

ဘေးထွက် ဆိုးကျိုးများ

သွေးထွက်လွန်ခြင်းနှင့် ဘာလုပ်သင့်သလဲ

Warfarin သည် သွေးခဲမှုကို ကာကွယ်ပေးသော အကျိုးကျေးဇူးများရှိသော်လည်း၊ သွေးထွက်လွယ်ခြင်း ဆိုသည့် အားနည်းချက်ရှိပါသည်။ Warfarin သောက်နေစဉ် သင့်သွေးသည် ပုံမှန်ထက် ခဲဖို့ နှေးသွားပြီး ဒဏ်ရာရပါက သွေးပိုထွက်နိုင်ပါသည်။

သွေးထွက်လွယ်ခြင်းဆိုသည့် အန္တရာယ်ကလွဲ၍ Warfarin သည် အလွန်စိတ်ချရသောဆေး ဖြစ်ပြီး၊ နှစ်ပေါင်းများစွာ သောက်သုံးနိုင်ပါသည်။

သိပ်မပြင်းထန်သော သွေးထွက်ခြင်းများ

Warfarin သောက်နေစဉ် ပုံမှန်ထက် သွေးထွက်လွယ်ခြင်းများ ဖြစ်တတ်ပါသည်။

သွေးထွက်လွယ်ခြင်းများတွင် :

  • ဒဏ်ရာရပါက သွေးတိတ်ရန် ပုံမှန်ထက် နည်းနည်းပိုကြာခြင်း
  • တစ်ခါတစ်ရံ နှာခေါင်းသွေးလျှံခြင်း (မိနစ် ၁၀ အတွင်း က်သာသွားခြင်း)
  • သွားတိုက်စဉ် သွားဖုံးမှ သွေးထွက်ခြင်း
  • အညိုအမည်းစွဲလွယ်ပြီး ပုံမှန်ထက် ပိုကြာမှ ပျောက်ခြင်း

ဤသွေးထွက်များသည် အန္တရာယ်မရှိပါ၊ သူ့ဘာသာ သက်သာသွားလေ့ရှိပါသည်။ Warfarin ကို ဆက်သောက်ပါ၊ သို့သော် သွေးထွက်များပါက (သို့) မရပ်ပါက ဆရာဝန်ကို အသိပေးပါ။

သက်သာအောင် လုပ်ဆောင်နိုင်သည့်နည်းလမ်းများ :

  • ဒဏ်ရာများ – သန့်ရှင်းသော အဝတ်ဖြင့် ၁၀ မိနစ်ကြာ ဖိထားပါ။
  • နှာခေါင်းသွေးလျှံခြင်း – ထိုင်လျက် (သို့) မတ်မတ်ရပ်ပါ (လှဲမနေပါနှင့်)။ နှာခေါင်းပေါက်အထက်နားကို ၁၀-၁၅ မိနစ်ကြာ ညှပ်ထားပါ။ ကိုယ်ကို အနည်းငယ်ကိုင်း၍ ပါးစပ်ဖြင့် အသက်ရှူပါ။ နှာခေါင်းအပေါ်ဘက်တွင် ရေခဲအိတ် (သို့) ရေခဲထုပ်ကို အုပ်ထားပါ။
  • သွားဖုံးသွေးယိုခြင်း – နူးညံ့သော သွားပွတ်တံနှင့် ဖယောင်းသုတ်ထားသော သွားပွတ်ကြိုးကို သုံးပါ။
  • အညိုအမည်းစွဲခြင်း – အန္တရာယ်မရှိသော်လည်း အလှပျက်နိုင်ပါသည်။ တစ်နေ့ကို ၁၀ မိနစ်စီ၊ တစ်နေ့ အကြိမ်‌ရေများစွာ ရေခဲအိတ်ကပ်ပေးပါ။  

သွေးထွက်ခြင်းကို ဘယ်လိုကာကွယ်မလဲ?

Warfarin သောက်နေစဉ် ထိခိုက်ဒဏ်ရာရနိုင်သော အလုပ်များ ကို သတိထားဆောင်ရွက်ပါ။

အောက်ပါနည်းလမ်းများကို လိုက်နာပါ :

  • အပြင်းအထန် အားကစားနည်းများ (ဥပမာ - ဘောလုံး၊ ရပ်ဘီ၊ ဟော်ကီ၊ မြင်းစီးခြင်း) ကို ရှောင်ပါ။
  • ဓား၊ ကတ်ကြေး၊ ဥယျာဉ်လုပ်ငန်းသုံးကိရိယာများ ကိုင်တွယ်ရာတွင် လက်အိတ် ဝတ်ဆင်ပါ။
  • ရေစွတ်ပြီးဓားရိတ်ခြင်း (သို့) ဖယောင်းဖြင့် အမွေးရိတ်ခြင်းကို ရှောင်ပါ လျှပ်စစ်ရိတ်စက် (သို့) အမွေးချွတ်ခရင်မ် ကို အစားထိုးသုံးပါ
  • တစ်နေ့လျှင်သွားတုအံကပ်များကို ချွတ်ထားပါ (သွားဖုံးအနားပေးရန်) သက်တောင့်သက်သာမရှိသော သွားတုအံကပ် များ ကို မတပ်ပါနှင့်
  • မည်သည့်ဆေးကုသမှု (သို့) ခွဲစိတ်မှုမဆို မပြုလုပ်မီ Warfarin သောက်နေကြောင်း ဆရာဝန်/သွားဆရာဝန်ကို ပြောပါ ကာကွယ်ဆေးထိုးခြင်း၊ သွားနှင့်ခံတွင်းသန့်ရှင်းရေး စသည့် ပုံမှန်လုပ်ငန်းစဉ်များတွင်လည်း အသိပေးပါ

အဖြစ်များသော အခြားဘေးထွက်ဆိုးကျိုးများ

ဤဘေးထွက်ဆိုးကျိုးများသည် များသောအားဖြင့် သိပ်မပြင်းထန်ပါ။ :

  • အရေပြားအနီကွက်ထခြင်း (Mild Rash)
  • ဆံပင်ကျွတ်ခြင်း (Hair Loss)

Talk to your doctor or pharmacist if these side effects bother you or do not go away.


ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ

ပြင်းထန်သော သွေးထွက်လွန်ခြင်း

Warfarin သောက်နေစဉ် ရုတ်တရက် (သို့) ထိခိုက်ဒဏ်ရာမရှိဘဲ သွေးထွက်လွန်ခြင်း ဖြစ်နိုင်ပြီး၊ ဤအခြေအနေသည် အရေးပေါ်ဆေးကုသမှု လိုအပ်ပါသည်။

INR (သွေးခဲနှုန်း) စစ်ဆေးမှု ချက်ချင်းပြုလုပ်ရန် လိုအပ်ပါသည်။

ဆေးကုသမှု အမြန်ခံယူရန် လိုအပ်သော လက္ခဏာများ:

  • သွေးထွက်များမဟုတ်သော်လည်း မရပ်ဘဲ (သို့) ရပ်ပြီးပြန်စဖြစ်ခြင်း
  • ပန်းရောင်/အနီ/အညိုရောင် ဆီး (သို့) အနက်ရောင် ဝမ်း
  • အကြောင်းမရှိဘဲ အညိုအမည်းစွဲခြင်း (ပုံမှန်ထက် ကြီးမားခြင်း၊ တဖြည်းဖြည်းကြီးလာခြင်း)
  • ရုတ်တရက် ပြင်းထန်သော ခါးနာခြင်း
  • ဓမ္မတာလာစဉ် သွေးဆင်းများခြင်း (သို့) ဓမ္မတာမလာချိန်တွင် သွေးဆင်းခြင်း
  • သွေးဆုံးပြီးနောက် မိန်းမကိုယ်မှ သွေးထွက်ခြင်း

အရေးပေါ်အခြေအနေ - ဆေးရုံအရေးပေါ်ဌာနသို့ အမြန်သွားပါ၊ :  

  • နှာခေါင်းသွေးလျှံပြီး ၁၀ မိနစ်ကျော်သည်အထိ မရပ်ပါက
  • အန်ဖတ် (သို့) ချောင်းဆိုးသွေးပါပါက

ဤလက္ခဏာများရှိပါက Warfarin ကို ချက်ချင်းရပ်ပြီး ဆေးကုသမှုခံယူပါ။ 

ဦးနှောက်အတွင်း သွေးယိုခြင်း (အလွန်ရှားပါး) 

ဦးနှောက်အတွင်း သွေးယိုခြင်း သည် အလွန်ရှားပါးပြီး အရေးပေါ် အခြေ အနေဖြစ်ပါသည်။ 

အရေးပေါ်လက္ခဏာများ - ချက်ချင်းလူနာတင်ယာဉ်ခေါ်ပါ၊

  • ရုတ်တရက် ပြင်းထန်ခေါင်းကိုက်ခြင်း
  • တက်ခြင်း (သို့) ခန္ဓာကိုယ် တုန်လှုပ်ခြင်း
  • မျက်စိအမြင်ဝေဝါးခြင်း (သို့) ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်း
  • လက်မောင်း/ခြေထောက်များ ထုံကျဉ်ခြင်း
  • စကားပြောမပီသခြင်း
  • သတိလစ်ခြင်း (သတိမကောင်းခြင်း)
  • ရင်ဘတ်အောင့်ခြင်း (သို့) အသက်ရှူကြပ်ခြင်း
  • သွေးများပန်းထွက်ခြင်း (သို့) အနီးတစ်ဝိုက်တွင် သွေးအိုင်ဖြစ်နေခြင်း
  • အားနည်းခြင်း၊ ပျို့အန်ခြင်း

ဓာတ်ပြုမှု

Warfarin နှင့် အခြားဆေးများ/ဖြည့်စွက်စာများ ဓာတ်ပြုနိုင်မှု

သတိထားရမည့် အခြားဆေးများ

Warfarin (သွေးကျဲဆေး) သောက်သုံးနေသူများအနေဖြင့် အခြားဆေးဝါးများ သို့မဟုတ် သဘာဝဖြည့်စွက်စာမျာနှင့် တွဲသောက်ပါက သွေးအလွန်အကျွံကျဲခြင်း (သို့) သွေးခဲမှုမထိန်းနိုင်ခြင်း ဖြစ်နိုင်သည်။

သင့်သွေးမှာ အခြားဆေးဝါးတွေရဲ့ သက်ရောက်မှုရှိမရှိ စစ်ဆေးဖို့ သွေးစစ်ဖို့လိုအပ်နိုင်ပါတယ်။

Warfarin သောက်နေရင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူနဲ့ မတိုင်ပင်ဘဲ အခြားဆေးအသစ်တွေ မသောက်ပါနဲ့။

Warfarin ကို သက်ရောက်စေနိုင်တဲ့ ဆေးဝါးတချို့မှာ:

  • နှလုံးဆေးများ Amiodarone, Quinidine, Propafenone
  • နာကျင်ကိုက်ခဲမှုသက်သာဆေးများ (NSAIDs) Ibuprofen, Aspirin
  • ပြင်းထန်သော အကိုက်အခဲပျောက်ဆေး Tramadol
  • ကိုလက်စထရောကျဆေးများ Bezafibrate, Gemfibrozil, Clofibrate, Cholestyramine
  • ပဋိဇီဝဆေးများ (Antibiotics) Erythromycin, Co-trimoxazole, Norfloxacin
  • မှိုရောဂါကုဆေး Miconazole gel (ပါးစပ်မှိုစွဲခြင်းအတွက်)

Warfarin နှင့် သောက်သုံးနိုင်သော အကိုက်အခဲပျောက်ဆေးများ

Paracetamol ကို Warfarin နှင့်အတူ သောက်သုံးနိုင်ပါသည်။ သို့သော် နာကျင်မှုသက်သာစေရန် အထိရောက်ဆုံးနှင့် အနည်းဆုံးပမာဏ ကိုသာ သောက်ပါ။ ၂၄ နာရီအတွင်း ၅၀၀ mg ဆေးပြား ၄ လုံးထက် ပိုသောက်ပါက (သို့) ရက်အနည်းငယ်ထက် ပိုကြာစွာ သောက်ပါက သင့်သွေးခဲမှုနှုန်း နှေးကွေးစေနိုင်ပြီး သွေးယိုစီးနိုင်ခြေ မြင့်တက်စေနိုင်ပါသည်။

Paracetamol သောက်ပြီး ၃ ရက် (သို့) ၄ ရက်ကြာသည်အထိ နာကျင်မှုမသက်သာပါက ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

Aspirin နှင့် Ibuprofen တို့ကို Warfarin နှင့်အတူ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်ပါနှင့်။ ၎င်းတို့သည် သွေးယိုစီးနိုင်ခြေကို ပိုမိုမြင့်တက်စေပါသည်။

Warfarin နှင့် သဘာဝဆေးဖက်ဝင်ပစ္စည်းများ (ဆေးဖက်ဝင်အပင်များ၊ ဗီတာမင်ဖြည့်စွက်စာများ)

စိတ်ကျရောဂါအတွက် သုံးသော St John's wort (ဆေးဖက်ဝင်အပင်ဆေး) ကို Warfarin နှင့်အတူ မသောက်ပါနှင့်။ ၎င်းသည် ဘေးထွက်ဆိုးကျိုးများကို ပိုမိုဆိုးရွားစေနိုင်ပါသည်။

Warfarin စသောက်မည်ဆိုပါက ဗီတာမင် K ဖြည့်စွက်စာများ သောက်နေလျှင် ဆရာဝန်ကို အသိပေးပါ။ Warfarin သောက်နေစဉ် ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဗီတာမင် K ဖြည့်စွက်စာများ စသောက်ခြင်းကို ရှောင်ပါ။

အခြားသော ဆေးဖက်ဝင်အပင်များ၊ ဖြည့်စွက်စာများ သည် Warfarin နှင့် ဘေးကင်းစွာ တွဲသောက်နိုင်ကြောင်း အတည်ပြုထားခြင်း မရှိပါ။ ၎င်းတို့ကို ဆေးဝါးများကဲ့သို့ စနစ်တကျ စမ်းသပ်စစ်ဆေးထားခြင်း မရှိပါ။

ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူကို သင်သောက်နေသော အခြားဆေးများ (ဆေးဖက်ဝင်အပင်များ၊ ဗီတာမင်များ၊ ဖြည့်စွက်စာများ အပါအဝင်) အကြောင်း အသိပေးရန် အရေးကြီးပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
25 November 2024
မက်တိုကလိုပရာမိုက် (Metoclopramide)
Medicine Guide