Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
အကျဥ်းချုပ်
ဆီးချိုရောဂါသည် သွေးတွင်းသကြားဓာတ်မြင့်တက်စေသော အခြေအနေဖြစ်ပါသည်။
အဓိကအမျိုးအစား (၂) မျိုးရှိသည် :
- အမျိုးအစား-၁ ဆီးချို –ခန္ဓာကိုယ်က အင်ဆူလင်ထုတ်သောဆဲလ်များကို တိုက်ခိုက်ဖျက်ဆီးသည့် တစ်သက်တာရောဂါ
- အမျိုးအစား-၂ ဆီးချို – အင်ဆူလင်လုံလောက်စွာမထုတ်နိုင်ခြင်း (သို့) အင်ဆူလင်ကို ခန္ဓာကိုယ်က အပြည့်အဝမတုံ့ပြန်ခြင်း
အမျိုးအစား-၁ ထက် အဖြစ်များသည်
ကိုယ်ဝန်ဆောင်ဆီးချို (Gestational Diabetes) ကိုယ်ဝန်ဆောင်စဉ်ဖြစ်ပွားပြီး များသောအားဖြင့် ကလေးမွေးပြီးနောက် ပျောက်ကင်းသည်
ဆီးချိုမဟုတ်သော သွေးတွင်းသကြားဓာတ်မြင့်ခြင်း (Pre-Diabetes)
သွေးတွင်းသကြားဓာတ်သည် ပုံမှန်ထက် မြင့်နေသော်လည်း ဆီးချိုရောဂါအဆင့်မရောက်သော အခြေအနေဖြစ်သည်။
အမျိုးအစား-၂ ဆီးချိုဖြစ်နိုင်ခြေ မြင့်မားသော်လည်း နေထိုင်မှုပုံစံပြောင်းခြင်းဖြင့် လျှော့ချနိုင်သည်
နှစ်စဉ် သွေးသကြားဓာတ်စစ်ဆေးရန် အကြံပြုထားသည်
ဆီးချိုရောဂါကို အစောပိုင်းတွေ့ရှိပါက နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်သည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
သွေးတွင်းသကြားဓာတ်ကို အင်ဆူလင် (အစာအိမ်နောက်ရှိ ပန်ကရိယမှထုတ်သော ဟော်မုန်း) က ထိန်းညှိပေးသည်။
အစာခြေပြီး သွေးထဲသို့သကြားဓာတ်ဝင်လာပါက အင်ဆူလင်က သကြားဓာတ်ကို ဆဲလ်များအတွင်းသို့ပို့ကာ စွမ်းအင်အဖြစ်ပြောင်းလဲပေးသည်
ဆီးချိုရောဂါတွင် အင်ဆူလင်မလုံလောက်ခြင်း (သို့) အင်ဆူလင် အလုပ်မလုပ်ခြင်းကြောင့် သကြားဓာတ်စွမ်းအင်အဖြစ်မပြောင်းနိုင်ပါ
အမျိုးအစား-၁ ဆီးချိုအတွက် ကာကွယ်နည်းမရှိပါ
အမျိုးအစား-၂ ဆီးချိုအတွက် ကျန်းမာရေးနှင့်ညီညွတ်သောအစား၊ ပုံမှန်လေ့ကျင့်ခန်းနှင့် ကိုယ်အလေးချိန်ထိန်းခြင်းဖြင့် ကာကွယ်နိုင်သည်
ဖြစ်နိုင်ခြေမြင့်စေသော အချက်များ
အောက်ပါအချက်များရှိပါက အမျိုးအစား-၂ ဆီးချိုဖြစ်နိုင်ခြေ ပိုများပါသည်:
- အဝလွန်ခြင်း
- ကျန်းမာရေးနှင့်မညီသော အစားအသောက်
- မိသားစုတွင် အမျိုးအစား-၂ ဆီးချိုရာဇဝင်ရှိခြင်း
- အာရှ၊ အာဖရိကန် သို့မဟုတ် ကာရီဘီယံ မျိုးနွယ်ဖြစ်ခြင်း
- စတီးရွိုက်ဆေးများ ကြာရှည်သောက်သုံးခြင်း
- သွေးတိုးရောဂါရှိခြင်း
- ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးခြင်း
ဆီးချိုရောဂါနှင့်နေထိုင်ခြင်း
ဆီးချိုရောဂါရှိပါက အောက်ပါတို့ကို ပြုလုပ်ရန် လိုအပ်ပါသည် - ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ခြင်း ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း သွေးစစ်ဆေးမှုအပါအဝင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ခံယူခြင်း
အင်တာနက်ပေါ်ရှိ BMI ကျန်းမာရေးကိုယ်အလေးချိန်တွက်စက်ဖြင့် သင့်တော်သောကိုယ်အလေးချိန်ရှိ/မရှိ စစ်ဆေးနိုင်ပါသည်
ဆေးလိပ်ဖြတ်ရန် ကြိုးစားပါ (ဆေးလိပ်သောက်ပါက)အရက်သောက်သုံးမှုကို လျှော့ချပါ
အမျိုးအစား-၁ ဆီးချို တစ်သက်လုံး အင်ဆူလင်ထိုးဆေးများ ပုံမှန်ထိုးရန် လိုအပ်ပါသည်
အမျိုးအစား-၂ ဆီးချို အချိန်ကြာလာသည်နှင့်အမျှ ပိုဆိုးလာနိုင်ပြီး ဆေးပြား သို့မဟုတ် ထိုးဆေးများ လိုအပ်နိုင်ပါသည်
ကိုယ်အလေးချိန်လျှော့ချခြင်းဖြင့် အချို့သူများတွင် ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ပါသည် (သွေးတွင်းသကြားဓာတ် ပုံမှန်ပြန်ဖြစ်ခြင်း)
ကယ်လိုရီနည်းသောအစားအစာများ ဖြင့် လျှော့ချနိုင်သော်လည်း ဆရာဝန်နှင့် အရင်တိုင်ပင်ရန် အရေးကြီးပါသည်
ဆရာဝန်ပြသင့်သည့်အချိန်
Vအောက်ပါ ဆီးချိုရောဂါ၏ အဓိကလက္ခဏာများ ခံစားရပါက အမြန်ဆုံး GP ဆရာဝန်နှင့် ပြသပါ :
- အလွန်အမင်းရေငတ်ခြင်း
- ပုံမှန်ထက်ဆီးခဏခဏသွားခြင်း (အထူးသဖြင့် ညဘက်)
- အလွန်ပင်ပန်းနွမ်းနယ်ခြင်း
- ကိုယ်အလေးချိန်နှင့် ကြွက်သားများကျဆင်းခြင်း
- လိင်အင်္ဂါတစ်ဝိုက်ယားယံခြင်း (သို့) မှိုပိုးဝင်ခြင်းမကြာခဏဖြစ်ခြင်း
- မျက်စိမှုန်ဝါးခြင်း
အမျိုးအစား-၁ ဆီးချိုသည် ရက်သတ္တပတ်အနည်းငယ်အတွင်း အလျင်အမြန်ဖြစ်ပေါ်နိုင်ပါသည်
ကုသမှုမခံယူမီ ကိုယ်အလေးချိန်ကျဆင်းမှု ဖြစ်လေ့ရှိပါသည်
အမျိုးအစား-၂ ဆီးချိုသ် လက္ခဏာမပြဘဲ နှစ်ပေါင်းများစွာ ရှိနေတတ်ပါသည် အစောပိုင်းလက္ခဏာများ မပြတတ်ပါ (သို့) ယေဘုယျလက္ခဏာများသာ ဖြစ်တတ်ပါသည်
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.