Diverticular disease and diverticulitis

Patient Guide
2025- ဇွန် 14 by
Diverticular disease and diverticulitis
Zwe Htoo
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

Diverticular ရောဂါနှင့် Diverticulitis တို့သည် အူမကြီး (အူ) ကို ထိခိုက်စေသော အခြေအနေများဖြစ်ပြီး ဗိုက်အောင့်ခြင်းနှင့် အခြားလက္ခဏာများကို ဖြစ်စေသည်။ ၎င်းတို့သည် အူနံရံများတွင် ဖောင်းကြွလာသော အသေးစားအိတ်ငယ်များ (diverticula) ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အချက်အလက်:

Diverticulosis ဆိုသည်မှာ အူတွင် diverticula များရှိသော်လည်း လက္ခဏာမပြသော အခြေအနေဖြစ်သည်။

လူအများစုသည် အသက်ကြီးလာသည်နှင့်အမျှ diverticula အချို့ရှိလာကြသော်လည်း အများစုမှာ လက္ခဏာမပြကြပါ။

လက္ခဏာများ

Diverticular ရောဂါ၏ လက္ခဏာများတွင် ပါဝင်သည် :

  • ဗိုက်၏ ဘယ်ဘက်အောက်ပိုင်းတွင် နာကျင်မှု (လူနည်းစုတွင် ညာဘက်တွင်နာနိုင်သည်)
  • အစာစားပြီးနောက် ပိုဆိုးလာပြီး မစင်သွား သို့မဟုတ် လေလည် ပြီးနောက် သက်သာသွားသော ဗိုက်နာ  
  • ဝမ်းချုပ်ခြင်း
  • ဝမ်းလျှောခြင်း
  • မစင်တွင် သွေးပါခြင်း
  • ဗိုက်ဖောင်းခြင်း

အူပိုးဝင် သို့မဟုတ် ရောင်ရမ်းပါက ၎င်းကို Diverticulitis ဟုခေါ်သည်။ ထိုအခါ:

  • ပြင်းထန်ပြီး ဆက်တိုက်ဗိုက်အောင့်ခြင်း
  • အဖျားတက်ခြင်း
  • စအိုမှ သွေးယိုခြင်း သို့မဟုတ် အချွဲထွက်ခြင်း

အချက်အလက်:

Diverticular ရောဂါနှင့် Diverticulitis ၏ လက္ခဏာများသည် အခြားအခြေအနေများ (ဥပမာ - အူလမ်းကြောင်းရောဂါ-IBS) နှင့် ဆင်တူနိုင်သည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်သည် သင့်လက္ခဏာများ၏ အကြောင်းရင်းကို ရှာဖွေရန် မေးခွန်းများမေးမြန်းမည်။ သွေးစစ်ဆေးမှု သို့မဟုတ် မစင်နမူနာပေးရန် လိုအပ်နိုင်သည်။

Diverticular ရောဂါ သို့မဟုတ် Diverticulitis ရှိမရှိ အတည်ပြုရန်နှင့် အခြားအခြေအနေများကို ဖယ်ထုတ်ရန် နောက်ထပ်စစ်ဆေးမှုများ လိုအပ်နိုင်သည်။ ထပ်မံပြုလုပ်ရနိုင်သော စစ်ဆေးမှုများ:

  • a colonoscopy or flexible sigmoidoscopyကိုလိုနိုစကုပ်နှင့် ဖလက်စီဘယ်ဆစ်ဂမွိုက်ဒိုစကုပ် - အူအတွင်းကို ကင်မရာပါသော ပြွန်ငယ်ဖြင့် စစ်ဆေးခြင်း
  • CT စကန်

ကုသမှုများ

Diverticular ရောဂါလက္ခဏာများကို သက်သာစေရန် ကုသမှုများ :

  • Paracetamol ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ
  • ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းအတွက် အမျှင်ဓာတ်များသော ဝမ်းနှုတ်ဆေးများ
  • ဗိုက်အောင့်ခြင်းအတွက် ကြွက်သားပြေလျော့ဆေး (antispasmodics)

Diverticulitis ကုသမှု:

  • ပိုးဝင်ခြင်းကြောင့်ဖြစ်ပါက ပဋိဇီဝဆေးများ
  • Paracetamol ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ

Diverticular ရောဂါနှင့် Diverticulitis အတွက် လုပ်ဆောင်နိုင်သည်များ

Diverticular ရောဂါ သို့မဟုတ် Diverticulitis ရှိပါက နောင်တွင် လက္ခဏာများ ပိုဆိုးမလာစေရန် လုပ်ဆောင်နိုင်သည်များရှိပါသည်။

လုပ်သင့်သည်များ

  • ဂျုံကြမ်း၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်သော ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများ စားပါ (ရှောင်ရန်အထူးအစားအစာမရှိပါ)
  • အမျှင်ဓာတ်နည်းပါက တဖြည်းဖြည်းချင်း တိုးစားပါ (ရေများများလည်း သောက်ပါ)
  • ဆေးလိပ်သောက်ပါက ဖြတ်ပါ
  • ကျန်းမာသော ကိုယ်အလေးချိန်ထိန်းပါ

မလုပ်သင့်သည်များ

  • NSAIDs (ibuprofen စသည်) သို့မဟုတ် ဘိန်းပါသော အကိုက်အခဲပျောက်ဆေး (codeine စသည်) မသောက်ပါနှင့် - ၎င်းတို့က ဗိုက်ပြဿနာများ၊ ဝမ်းချုပ်ခြင်းနှင့် အူပေါက်ခြင်းအန္တရာယ်ကို မြင့်တက်စေနိုင်သည်

နောက်ဆက်တွဲဆိုးကျိုးများ  

အချို့အခြေအနေများတွင် Diverticulitis သည် အောက်ပါပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေနိုင်ပါသည်:

  • အူတွင် ပြည်တည်နာ (abscess) ဖြစ်ခြင်း
  • အူပိတ်ဆို့ခြင်း
  • အူမှ အခြားအင်္ဂါ (ဆီးအိမ်စသည်) သို့ ပေါက်သွားသော fistula ဖြစ်ခြင်း
  • အူပေါက်ခြင်း (perforation) - peritonitis ဟုခေါ်သော ပြင်းထန်သည့် ပိုးဝင်မှုကို ဖြစ်စေနိုင်ပါသည်

ဤပြဿနာများကို တစ်ခါတစ်ရံတွင် ပဋိဇီဝဆေးများ သို့မဟုတ် ခွဲစိတ်ကုသမှုဖြင့် ကုသနိုင်ပါသည်။

ဥပမာ - ပြည်တည်နာကို စုပ်ထုတ်ရန် သို့မဟုတ် ပိုးဝင်နေသော အူအစိတ်အပိုင်းကို ဖယ်ထုတ်ရန် ခွဲစိတ်ကုသမှု လိုအပ်နိုင်ပါသည်။

အချို့လူနာများတွင် ကိုလိုစတိုမီ (colostomy) (အူကို ဗိုက်တွင်ဖောက်ထားသော အပေါက်မှ ထုတ်ပြီး မစင်အိမ်သွင်းရန် အိတ်တပ်ခြင်း) ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။

ဆရာဝန်ပြသရန် အချိန်

အောက်ပါအခြေအနေများတွင် အရေးပေါ်ဆရာဝန်နှင့် ချက်ချင်းပြသပါ:

  • ဝမ်းတွင် သွေး သို့မဟုတ် အချွဲပါခြင်း
  • ပိုဆိုးလာသော သို့မဟုတ် မပျောက်သော ဗိုက်အောင့်ခြင်း
  • အဖျားတက်ခြင်း၊ ပူနွေးခြင်း သို့မဟုတ် ချမ်းတုန်ခြင်း
  • အန်ပြီး အရည်များ မျိုမချနိုင်ခြင်း
  • ၇ ရက်ထက်ပိုကြာ ဝမ်းလျှောခြင်း သို့မဟုတ် ၂ ရက်ထက်ပိုကြာ အန်ခြင်း

အောက်ပါအခြေအနေများတွင် အရေးပေါ်ယာဉ်ခေါ်ပါ သို့မဟုတ် အရေးပေါ်ဌာနသို့ သွားပါ :

.

  • ပြင်းထန်ဗိုက်အောင့်ခြင်းနှင့် အန်ခြင်း၊ ဗိုက်ဖောင်းခြင်း သို့မဟုတ် မစင်မသွား/လေမလည် နိုင်ခြင်း
  • စအိုမှ အလွန်အမင်းသွေးထွက်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း၊ အသားဖြူဖပ်ဖပ်ဖြစ်ခြင်း၊ အဖျားအလွန်တက်ခြင်း/ကျခြင်း၊ အသက်ရှူမဝခြင်း/မြန်ခြင်း - ၎င်းတို့သည် sepsis ၏ လက္ခဏာများ ဖြစ်နိုင်ပါသည်


Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
22 May 2025