အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများRespiratory tract infections (RTIs)

Patient Guide
2025- ဇူလိုင် 15 by
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများRespiratory tract infections (RTIs)
Zwe Htoo
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ (RTIs) ဆိုသည်မှာ နှာခေါင်း၊ လည်ချောင်း၊ လေပြွန်နှင့် အဆုတ်စသည့် အသက်ရှူခြင်းနှင့်သက်ဆိုင်သော ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် ဖြစ်ပွားသော ကူးစက်ရောဂါများကို ဆိုလိုပါသည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါအများစုသည် ကုသမှုမလိုဘဲ သက်သာသွားတတ်သော်လည်း တစ်ခါတစ်ရံတွင် ဆရာဝန်နှင့် ပြသရန် လိုအပ်နိုင်ပါသည်။


အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ အမျိုးအစားများ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (RTI) အမျိုးအစားများစွာရှိပြီး ၎င်းတို့ကို အပေါ်ပိုင်း RTI နှင့် အောက်ပိုင်း RTI အဖြစ် အများအားဖြင့် အုပ်စုဖွဲ့ထားပါသည်။

အပေါ်ပိုင်း RTI သည် နှာခေါင်းအတွင်းပိုင်း (ဆိုင်းနပ်စ်) နှင့် လည်ချောင်းကို ထိခိုက်စေပါသည်။ ခြားသတ်မှတ်ထားသော ရောဂါများမှာ:

  • သာမန်အအေးမိခြင်း (common cold)
  • ဆိုင်းနပ်စ်ရောင်ခြင်း (sinusitis)
  • အာသီးရောင်ခြင်း (tonsillitis)
  • အသံအိုးရောင်ခြင်း (laryngitis)

အောက်ပိုင်း RTI သည် လေပြွန်နှင့် အဆုတ်ကို ထိခိုက်စေပါသည်။ ၎င်းတွင် ပါဝင်သော ရောဂါများမှ:

  • လေပြွန်ရောင်ခြင်း (bronchitis)
  • လေပြွန်ငယ်ရောင်ခြင်း (bronchiolitis)
  • ရင်ဘတ်ပိုးဝခြင်း (chest infection)
  • အဆုတ်ရောင်ခြင်း (pneumonia)

တုပ်ကွေးနှင့် COVID-19 နှစ်မျိုးစလုံးသည် အပေါ်ပိုင်း (သို့) အောက်ပိုင်း RTI ဖြစ်နိုင်ပါသည်။

အောက်ပိုင်း RTI များသည် ကြာရှည်စွာ ခံစားရနိုင်ပြီး ပိုမိုပြင်းထန်နိုင်ပါသည်။

ရောဂါလက္ခဏာများ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည် :

  • ချောင်းဆိုးခြင်း (သလိပ်ထွက်နိုင်သည်)
  • နှာချေခြင်း
  • နှာခေါင်းပိတ်ခြင်း (သို့) နှာရည်ယိုခြင်း
  • လည်ချောင်းနာခြင်း
  • ခေါင်းကိုက်ခြင်း
  • ကြွက်သားများနာကျင်ခြင်း
  • အသက်ရှူမဝခြင်း၊ ရင်ဘတ်တင်းခြင်း (သို့) အသက်ရှူသံမြည်ခြင်း
  • အဖျားတက်ခြင်း
  • ယေဘုယျအားဖြင့် နေလို့မကောင်းခြင်း

ကုသမှုနည်းလမ်းများ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါအများစု (RTIs) သည် ၁ ပတ်မှ ၂ ပတ်အတွင်း သက်သာသွားတတ်ပါသည်။ သင့်ရောဂါလက္ခဏာများကို အိမ်တွင်ကုသနိုင်ပါသည်။

လုပ်သင့်သောအရာများ

  • အနားယူပါ။
  • သလိပ်ပျော်စေရန် ရေများများသောက်ပါ (ချောင်းဆိုးရာတွင် ပိုမိုလွယ်ကူစေသည်)။
  • ချောင်းဆိုးသက်သာစေရန် ပူပြင်းသော သံပရာရည်နှင့် ပျားရည်ကို သောက်ပါ (၁ နှစ်အောက်ကလေးများအတွက် မသင့်တော်ပါ)။
  • လည်ချောင်းနာပါက ဆားရည်နွေးနွေးဖြင့် ပလုပ်ကျင်းပါ (ကလေးများအတွက် မသင့်တော်ပါ)။
  • အိပ်စက်နေစဉ် ခေါင်းအုံးပိုထားကာ ခေါင်းမြှင့်၍ အိပ်ပါ (အသက်ရှူလွယ်စေပြီး သလိပ်ကျစေသည်)။
  • အဖျားကျစေရန်၊ လည်ချောင်းနာ၊ ခေါင်းကိုက်နှင့် ကြွက်သားနာကျင်မှုကို သက်သာစေရန် အကိုက်အခဲပျောက်ဆေးသောက်ပါ။

မလုပ်သင့်သောအရာများ

  • ကလေးများကို ရေ‌နွေးငွေ့ ရှူမိခြင်းမှ ကာကွယ်ပါ
  • အသက် ၁၆ နှစ်အောက်ကလေးများကို အက်စပရင် မတိုက်ပါနှင့်။
  • ဆေးလိပ်မသောက်ပါနှင့် (ရောဂါလက္ခဏာများ ပိုဆိုးစေနိုင်သည်)။

ဆေးဝါးအကူအညီ

ဆေးဝါးပညာရှင် သည် သင့်ရောဂါလက္ခဏာများကို သက်သာစေရန် ဆေးဝါးများ (နှာခေါင်းပိတ်ပျောက်ဆေး၊ နှာခေါင်းဖြန်းဆေး) အကြံပြုနိုင်ပါသည်။

ချောင်းဆိုးပျောက်ဆေးနှင့် လည်ချောင်းငုံဆေးပြားများကို ဝယ်ယူနိုင်သော်လည်း ၎င်းတို့၏ အကျိုးကျေးဇူးကို အတည်ပြုထားသော လေ့လာမှုများ နည်းပါးပါသည်။

တစ်ချို့ဆေးဝါးများတွင် ပါရာစီတမော (Paracetamol) နှင့် အိုင်ဗျူပရိုဖန် (Ibuprofen) ပါဝင်နိုင်ပါသည်။

ဤဆေးများကို သီးသန့်သောက်သုံးပါက သတ်မှတ်ထားသော ပမာဏထက် ပိုမသောက်မိစေရန် သတိထားပါ။

တစ်ချို့ဆေးများသည် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် မသင့်တော်ပါ။ သင့်အတွက် (သို့) သင့်ကလေးအတွက် အကောင်းဆုံးကုသမှုကို ဆေးဝါးပညာရှင်က အကြံပေးနိုင်ပါသည်။

ကူးစက်ရောဂါ၏ ကုသမှုသည် အကြောင်းရင်းပေါ် မူတည်ပြီး ကွဲပြားနိုင်ပါသည်။

အကယ်၍ သင့်ရောဂါသည် ဗိုင်းရပ်စ် (ဥပမာ - အအေးမိခြင်း) ကြောင့်ဖြစ်ပါက၊ ခန္ဓာကိုယ်က ရက်အနည်းငယ်အတွင်း သက်သာသွားမည်ဖြစ်ပြီး ပဋိဇီဝဆေး (Antibiotics) မလိုအပ်ပါ။

အကယ်၍ သင်၏ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း (RTI) သည် ဘက်တီးရီးယား (bacteria) ကြောင့်ဖြစ်ပါက (ဥပမာ- နမိုးနီးယား (pneumonia) ကဲ့သို့) GP (အထွေထွေရောဂါကု ဆရာဝန်) က ပဋိဇီဝဆေး (antibiotics) များကို ညွှန်းပေးနိုင်ပါသည်။ သင်နေထိုင်ကောင်းလာသော်လည်း ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးပမာဏ အပြည့်အဝ သောက်သုံးရန် သေချာပါစေ။

တစ်ခါတစ်ရံတွင် သင်၏ RTI ကို မည်သည့်အရာက ဖြစ်စေသည်ကို သိရှိနိုင်ရန် ချွဲ (mucus) နမူနာကို စစ်ဆေးရန် လိုအပ်နိုင်ပါသည်။

အရေးကြီးသော သတိပြုရန်:ပဋိဇီဝဆေး (Antibiotics) ၏ အသုံးပြုမှု
ပဋိဇီဝဆေးများကို ဘက်တီးရီးယားကူးစက်မှုများအတွက်သာ အသုံးပြုပါသည်။ ၎င်းတို့ကို ဗိုင်းရပ်စ်ကူးစက်မှုများအတွက် အသုံးမပြုရပါ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဗိုင်းရပ်စ်အတွက် အလုပ်မဖြစ်သောကြောင့်ဖြစ်ပါသည်။

ကာကွယ်ရန် အချက်များ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ မပြန့်ပွားအောင် ဘယ်လိုကာကွယ်မလဲ?

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ (RTIs) သည် ရောဂါရှိသူ၏ ချောင်းဆိုးခြင်း၊ နှာချေခြင်း တို့မှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်ပါသည်။

သူများကို ကူးစက်မှုလျော့နည်းစေရန်::

  • ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နှင့်နှာခေါင်းကို အုပ်ပါ (တံတောင်ဆစ်ဖြင့် အုပ်နိုင်သည်)။
  • လက်ကို မကြာခဏဆေးပါ (ဆပ်ပြာနှင့် ရေသုံးပါ)။
  • လက်ကို မကြာခဏဆေးပါ (ဆပ်ပြာနှင့် ရေသုံးပါ)။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

သင့်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ခဏခဏဖြစ်နေပါက (သို့) ကူးစက်နိုင်ခြေမြင့်မားပါက (ဥပမာ - အသက် ၆၅ နှစ်အထက်၊ နာတာရှည်ကျန်းမာရေးပြဿနာရှိသူများ) အောက်ပါတို့ကို လိုက်နာပါ: :

  • နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး (Flu vaccine) နှင့် ပတ်သက်၍ ဆရာဝန်နှင့် တိုင်ပင်ပါ။
  • အဆုတ်ရောင်ကာကွယ်ဆေး (Pneumococcal vaccine) ထိုးသင့်မထိုးသင့် မေးမြန်းပါ (ဤဆေးသည် အဆုတ်ရောင်ခြင်းကို ကာကွယ်ပေးနိုင်သည်)။
  • ဆေးလိပ်သောက်နေပါက ဖြတ်ပါ။


ဆရာဝန်နှင့်ပြသရန်အချိန်

အသက်ရှူလမ်းကြောင်း ပိုးဝင်တဲ့ လက္ခဏာတွေ ရှိပြီး အောက်ပါအခြေအနေတွေ ဖြစ်ပေါ်လာရင် GP (အထွေထွေရောဂါကု ဆရာဝန်) ကို ပြသသင့်ပါတယ်။ :

  • အလွန်နေမကောင်းဖြစ်နေခြင်း (သို့) လက္ခဏာများ ပိုဆိုးလာခြင်း
  • ၃ ရက်ထက်ပို၍ အဖျားကြီးနေခြင်း
  • ချောင်းဆိုးသွေးပါခြင်း (သို့) သွေးနှောသလိပ်ထွက်ခြင်း
  • ၃ ပတ်ထက်ကျော်သည်အထိ ချောင်းဆိုးနေခြင်း
  • ကိုယ်ဝန်ဆောင်ဖြစ်နေခြင်း
  • အသက် ၆၅ နှစ်အထက်ဖြစ်နေခြင်း
  • ကိုယ်ခံအားနည်းနေခြင်း (ဥပမာ - ဆီးချိုရောဂါရှိခြင်း၊ ကင်ဆာဆေးသွင်းကုသမှုခံယူနေခြင်း)
  • နာတာရှည်ကျန်းမာရေးပြဿနာများ (ဥပမာ - နှလုံး၊ အဆုတ်၊ ကျောက်ကပ်ရောဂါများ)

အဆုတ်ရောင်နိုင်သည့် လက္ခဏာများ ပြင်းထန်ပါက (ဥပမာ - အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း) ဆရာဝန်နှင့် အမြန်ပြသပါ။


Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
29 April 2025