Drinking Water: What’s Safe and How to Make It Safer

Disaster Guide

ဤလမ်းညွှန်သည် - ✔ ဘေးအန္တရာယ်ဖြစ်ပြီးနောက် မည်သည့်ရေမျိုးကို သောက်သုံးရန် ဘေးကင်းသည်ကို ရှင်းပြသည် ✔ မသန့်ရှင်းသောရေကို ကျိုချက်ခြင်း သို့မဟုတ် နေရောင်ခြည်နည်းဖြင့် ဘေးကင်းအောင်ပြုလုပ်နည်းများကို ဖော်ပြသည် ✔ ဝမ်းလျှောခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းကဲ့သို့ ရေမှတစ်ဆင့်ကူးစက်သောရောဂါများကို ကာကွယ်နည်းများကို ညွှန်ပြသည်

မသန့်ရှင်းသောရေသောက်သုံးမိပါက ပြင်းထန်သောရောဂါများ ဖြစ်ပွားနိုင်ပါသည်။ ဤလမ်းညွှန်ကို အသုံးပြု၍ မိမိနှင့် မိသားစုကို ကာကွယ်ပါ။

ဘေးအန္တရာယ်ဖြစ်ပြီးနောက် သောက်သုံးရန် ဘေးကင်းသောရေ

ဘေးအန္တရာယ်ဖြစ်ပြီးနောက် ဘုံပိုင်းရေပိုက်မှရေသည် သောက်သုံးရန် မသင့်တော်ပါ။

  • ဖြစ်နိုင်လျှင် ပုလင်းဖြည့်ရေသန့် (ဘူးသန့်) ကိုသာ သောက်သုံး၊ ချက်ပြုတ်၊ သွားတိုက်ရန် အသုံးပြုပါ
  • ပုလင်းဖြည့်ရေ မရှိပါက အောက်ပါနည်းလမ်းများဖြင့် ရေကိုဘေးကင်းအောင်ပြုလုပ်ပါ
ဓာတုပစ္စည်း (ပိုးသတ်ဆေး၊ လောင်စာ၊ စက်ရုံအညစ်အကြေး) ပါဝင်သောရေကို ကျိုချက်/ပိုးသတ်/စစ်ခြင်းဖြင့် မသန့်စင်နိုင်ပါ

ရေကိုဘေးကင်းအောင်ပြုလုပ်နည်း

ကျိုချက်ခြင်း (အထိရောက်ဆုံးနည်း):

ဘေးကင်းအောင် ရေကို ကျို ချက်ပြီး မှ သောက် ပါ

  1. If the water is cloudy, first filter it through a clean cloth, paper towel, or coffee filter, or let it settle. Then, use only the clear water.
  2. ရေကို ၁ မိနစ်အထိ ဆူပွက်အောင်ကျိုပါ
    1. ကျိုပြီးရေကို အေးအောင်ထားပြီး.
      1. သန့် ရှင်း ခြောက်သွေ့ ပြီး အဖုံး လုံ သော ပုလင်းတွင် သိမ်းဆည်းပါ

      နေရောင်ခြည်ဖြင့်ပိုးသတ်ခြင်း

      နေရောင်ခြည်သည် သင့်ရေအရည်အသွေးကို မြှင့်တင်ပေးနိုင်ပြီး ရေထဲရှိ ရောဂါပိုးမွှားအရေအတွက်ကို လျှော့ချပေးနိုင်ပါသည်။

      1. If the water is cloudy, first filter it through a clean cloth, paper towel, or coffee filter, or let it settle. Then, use only the clear water.
      2. သန့်ရှင်းပြီး ကြည်လင်သော ပလတ်စတစ်ဘူးများကို ကြည်လင်သောရေဖြင့် ဖြည့်ပါ။
        1. ပုလင်းကို အလျားလိုက်ထားကာ နေရောင်တိုက်ရိုက်ကျရောက်သောနေရာတွင် အောက်ပါအတိုင်းထားပါ:
          • နေပူပါက ၆ နာရီ 
          • မိုးအုံ့ ပါက ၂ ရက်  

        မည်းနက်သောမျက်နှာပြင်ပေါ်တွင် ပုလင်းကိုအလျားလိုက်ထားပါ (နေရောင်ခြည်ပိုမိုထိရောက်စေရန်)

        ရေမှတစ်ဆင့်ကူးစက်နိုင်သောရောဂါများ ကာကွယ်နည်း

        မသန့်ရှင်းသောရေသည် ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း နှင့် သေဆုံးသည်အထိ ဖြစ်စေနိုင်ပါသည် (အထူးသဖြင့် ကလေးများနှင့် သက်ကြီးရွယ်အိုများ)။  

        ဤရောဂါများသည် လူထူထပ်သောခိုလှုံရာနေရာများတွင် အလျင်အမြန်ပျံ့နှံ့နိုင်ပါသည်။

        ဘေးကင်းစေရန် အချက်များ:

        1. ဘေးကင်းသောရေကိုသာသောက်ပါ

        • ပုလင်းဖြည့်ရေ၊ ကျိုချက်ထားရေ၊ ပိုးသတ်ထားရေ
        • မသန့်ရှင်းသောရေများကို ရှောင်ပါ

        2.လက်ကိုမကြာခဏဆေးပါ

        • အစာမစားမီ၊ ချက်ပြုတ်မီ
        • အိမ်သာသုံးပြီးနောက်
        • ဆပ်ပြာနှင့်သန့်သောရေဖြင့်ဆေးပါ။ သို့မဟုတ် လက် သန့်ဆေးရည် သုံးပါ။

        3. အစားအစာဘေးကင်းရေး

        • ရေလွှမ်းမိုးထားသောအစာများကို မစားပါနှင့်
        • အနံ့ဆိုးသော/ရေခဲသေတ္တာမရှိသောအစာများကို စွန့်ပစ်ပါ

        4. သန့်ရှင်းရေး

        • အိမ်သာကို ရေအရင်းအမြစ်များမှ ဝေးရာတွင်ထားပါ
        • မြစ်အနီးချောင်း အနီး တွင် အပေါ့ အလေးမစွန့်ပါ နှင့်

        5. မသန့်ရှင်းသောရေကိုရှောင်ပါ

        • ရေလွှမ်းမိုးထားသောနေရာများတွင် မရေချိုးပါနှင့်
        • မသန့်ရှင်းသောရေနှင့် ထိတွေ့မိပါက ရေ သန့်သန့် ဖြင့် ဆေးကြောပါ

        ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာများ

        မသန့်ရှင်းသောရေသည် ဝမ်းလျှောခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါသည်။ , which can lead to serious illness or even death — especially in babies, young children, and older adults. Spotting symptoms early can save lives.

        သတိပြုရန် လက္ခဏာများ :

        • တစ်နေ့လျှင် ၃ ကြိမ်ထက် ပိုဝမ်းလျှောခြင်း
        • ပါးစပ်၊ နှုတ်ခမ်း၊ လျှာခြောက်ခြင်း
        • မျက်လုံးချိုင့်ဝင်ခြင်း၊ ငိုလျှင်မျက်ရည်မထွက်ခြင်း
        • Very little or dark urine
        • အားနည်းခြင်း၊ မူးဝေခြင်း

        လက္ခဏာများဖြစ်ပေါ်ပါက:

        ချက်ချင်း ORS (ဓာတ်ဆားရည်) တိုက်ပါ အခြေအနေဆိုးလာပါက ဆေးကုသမှုခံယူပါ

        ပိုမိုသိရှိလိုပါက ရေဓာတ်ခန်းခြောက်ခြင်း အရေးပေါ်ပြုစုနည်း လမ်းညွှန် တွင်ကြည့်ပါ။ ရေဓာတ်ခန်းခြောက်ခြင်း အရေးပေါ်ပြုစုနည်း လမ်းညွှန် .

        ဓာတ်ဆားရည် (ORS) ပြုလုပ်နည်းနှင့် အသုံးပြုနည်းအတွက် ORS လမ်းညွှန် တွင်ကြည့်ပါ။ ORS လမ်းညွှန်.

        Food Safety
        Disaster Guide