ရေဓာတ်ခန်းခြောက်ခြင်း (Dehydration)

First Aid +
ရှောင်ရန်အချက်များ
သင့်တွင် ရေဓာတ်ခမ်းခြောက် ခြင်း၏ လက္ခဏာများရှိပါက ရေသောက်ခြင်းကို မြန်မြန်ဆန်ဆန် မလျော့ချပါနှင့်၊ ၎င်းသည် အလွန်လျင်မြန်စွာ ဆိုးဝါးနိုင်ပြီး အရေးကြီးသော ပြဿနာများဖြစ်ပေါ်နိုင်ပါသည်။

အကျဥ်းချုပ်

ရေဓာတ်ခမ်းခြောက် ခြင်း (Dehydration) သည် သင့်ရဲ့ကိုယ်ခန္ဓာသည် သင့်ရရှိသော ရေထက် ပိုသော ရေများကို လျော့သွားခြင်းကို ဆိုလိုပါသည်။ ကုသမှုမရှိပါက ၎င်းသည် ပိုမိုဆိုးရွားလာပြီး အရေးကြီးသောပြဿနာတစ်ခုဖြစ်လာနိုင်ပါသည်။

ကလေးများ၊ လူငယ်များနှင့် အသက်အိုများသည် ရေဓာတ်ခမ်းခြောက်ခြင်းပို၍ ခံရနိုင်ပါသည်။

လက္ခဏာများ

လူကြီးများနှင့် ကလေးများတွင် ရေဓာတ်ခမ်းခြောက် ခြင်း၏လက္ခဏာများမှာ:

  • ရေဆာခြင်း
  • အဝါရင့် ရောင် အနံ့ ပြင်း သော ဆီး 
  • ဆီးသွားနည်းခြင်း 
  • မူး‌ေဝခြင်း 
  • ပင်ပန်းခြင်း 
  • အာခြောက်ခြင်း 
  • မျက်တွင်းကျခြင်း

ကလေးငယ် တွင် ရေဓာတ်ခမ်းခြောက် ခြင်း၏လက္ခဏာများမှ:

  • ဦးခေါင်းထိပ်တွင် (fontanelle)ဖြစ်ခြင်း 
  • မျက်တွင်းကျခြင်း
  • ငိုသည့်အခါ မျက်ရည်မထွက်ခြင်း 
  • ဆီးသွားနည်းခြင်း 
  • မူးဝေခြင်း စိတ်မကြည်ခြင်း 

ဖြစ်ပွားရသောအကြောင်းအရင်း

ရေဓာတ်ခမ်းခြောက်ခြင်းသည် အောက်ပါအခြေအနေများတွင် ပိုမိုဖြစ်ပေါ်နိုင်ပါသည်:

  • ဆီးချို diabetes
  • ဝမ်း လျှောခြင်း နေမကောင်းဖြစ်ခြင်း 
  • နေပူထဲတွင် အချိန်ကြာမြင့်စွာနေခြင်းheatstroke
  • အရက်အလွန်အကျွံ သောက်ခြင်း 
  • လေ့ကျင့်ခန်းလုပ်ပြီးနောက် ချွေးထွက်လွန်ခြင်း 
  • ကိုယ်ပူချိန်မြင့်ခြင်း 
  • ဆီးဆေးများသောက်ခြင်း 

အရေးပေါ်ရှေးဦးသူနာပြုနည်း

ရေဓာတ်ခမ်းခြောက်ခြင်းကို  လုပ်ဆောင်နိုင်သည့်အရာများ

  • ရေဓာတ်ခမ်းခြောက်ခြင်းလက္ခဏာများရှိပါက သင့်အား ရေများ များသောက်ရန် လိုအပ်ပါသည်။
  • သင့်ကို မသက်သာခြင်း သို့မဟုတ် နေထိုင်မကောင်း ခြင်းရှိပါက ရေ သောက်ရန် အဆင်မပြေဖြစ်နိုင်သည်။ ထို့ကြောင့် နည်းနည်းစီ မကြာခဏသောက်ရန်ကြိုးစားပါ။ 
  • သင် သည့်နာမကျန်းဖြစ်နေ ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း ရှိနေပါက ရေဓာတ်ဆုံးရှုံးနေခြင်းဖြစ်ပါက သင့်ခန္ဓာကိုယ်သို့ ကုန်ဆုံးသွားသော ချိုရည်၊ ဆားများနှင့် သတ္တု ဓာတ်များ ပြန်လည်ဖြည့်ဆည်းရန် လိုအပ်ပါသည်။ ဆေးဝါးပညာရှင်က သင့်အတွက် သို့မဟုတ် သင့်ကလေးအတွက် ရေပြန်လည်ဖြည့်ဆေး (oral rehydration solution) ကို အကြံပေးနိုင်ပါသည်။ ဤဆေးများကို ရေဖြင့် ‌ဖျော်ပြီး  သောက်ရန် အဆင်ပြေပါသည်။
  • သင့်အတွက် သို့မဟုတ် သင့်ကလေးအတွက် သင့် တော်သော ဓာတ်ဆားကို ဆေး းဝါးပညာရှင်အားမေးမြန်းပါ။
  • If you don't have access to Oral Rehydration Sachets (ORS), find out how to make ORS at home here.

သင့် ကလေးအားရေဓာတ်ပြည့်ဝစွာ ထားခြင်း 

သင့်ကလေး၏ ရေဓာတ်ခမ်းခြောက် မှုကို ပြန်လည်ကုသပြီးနောက်၊ သူ၏ရေဓာတ်အဆင့်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရန် အရေးကြီးပါသည်။

လိုက်နာရန် :

  • သင့်ကလေးကို နို့ တိုက်ကျွေး ဆဲ ဖြစ်ပါက သို့မဟုတ် နို့အစားထိုး သုံးစွဲနေပါက - ပုံမှန်ထက် နည်းနည်းများသော ပမာဏကို ပိုမိုကြာရှည်သော အကြိမ်များဖြင့် ပေးပါ။
  • သင့်ကလေးသည် နို့အစားထိုး စားနေသော်လည်း သို့မဟုတ် အစားအစာများစားနေပါက အပိုရေနည်းနည်းများပေးပါ။
  • ဆုံးရှုံးသောရေများကိုပြန်လည်ဖြည့်ဆည်းရန် အမြဲမကြာခဏ နည်းနည်းပမာဏဖြင့် ရေဓါတ်ပြန်လည်ဖြည့်ဆေးကို ပေးပါ - ဆေးဝါးပညာရှင် ကို အမျိုးအစားတစ်ခု ရွေးပေးရန် မေးပါ။
  • ကလေးငယ်များကို သူတို့၏ပုံမှန်စားသုံးထုံးစံအစားအစာများကို ပေးပါ။

ရှောင်ရန် :

  • နို့အစားထိုး ဖော် မြူလာကို  အားနည်းအောင်  မပြောင်းပါနှင့်။
  • ကလေးငယ်များကို အသီးဖေျာ် ရည် သိုမဟုတ်အချို ရည်များ မပေးပါနှင့် - ၎င်းသည် အန်ခြင်းသို့မဟုတ် ဝမ်းလျှောခြင်းကို ဆိုးရွားစေနိုင်ပါသည်။

ဆေးဘက်ဆိုင်ရာအကူအညီ ဘယ်အချိန်မှာ ရယူသင့်သလဲ။

ဆရာဝန်ကို အရေးပေါ်နှင့်တွေ့ဆုံရန် လိုအပ်ပါသည်၊:

  • ပုံမှန်မဟုတ်ပဲ အလွန်ပင်ပန်းနေပါက ( ကလေးများတွင် အမြဲအိပ်ငိုက်ပါက)
  • သင်ကို ချောက်ချားနှင့် ချက်ချင်းမသိမသာခံစားရသည်
  • မတ်တပ်ရပ်လိုက်လျှင် မူးဝေခြင်း 
  • အဝါရင့်ရောင် ဆီးသွားပြီး ဆီးသွားနည်းပါက
  • သင် (သို့) သင့် က‌လေးတွင် အသက်ရှူမြန်ခြင်း နှလုံးခုန် မြန်ခြင်းဖြစ်ပါက 
  • ကလေးငိုလျှင် မျက်ရည်မထွက် တော့ သောအခါ 
  • က‌ေလးဦးခေါင်းထိပ်တွင် ချိုင့်ရာ  (sunken fontanelle)ဖြစ်သော အခါ 

င်းများသည် အရေးပေါ်ကုသမှုလိုအပ်သော ပြင်းထန်သော ရေဓာတ်ခမ်းခြောက်မှု၏ လက္ခဏာများဖြစ်နိုင်သည်။

ကာကွယ်ရန်အချက်များ

ရေဓာတ်ခမ်းခြောက်ခြင်းအန္တရာယ်ကို လျှော့ချရန်

  • ရေများကို ပုံမှန်သောက်ခြင်းသည် ရေဓာတ်ခမ်းခြောက်ခြင်းအန္တရာယ်ကို လျှော့ချနိုင်ပါသည်။  
  • သင့်ကို့ရေဓာတ်ခမ်းခြောက်ခြင်းမဖြစ်စေရန် နေ့အချိန်တွင်းရေလုံ‌ေလာက်စွာသောက်သင့်ပါသည်။
  • ရေဓာတ်ခမ်းခြောက်ခြင်းအန္တရာယ်မြင့်သောအခါတွင် ပိုမိုသောက်ပါ။ ဥပမာအားဖြင့် သင်သည် ရေဓာတ်ခမ်းခြောက်ခြင်း အန္တရာယ် ရှိသည်၊ ပူပြင်းသောရာသီသို့မဟုတ် လေ့ကျင့်ခန်းများကြောင့် ‌ချွေးထွက်လွန်ပါက၊ သို့မဟုတ် ဝမ်းလျှောခြင်းရှိပါက။
  • အသက် ၅ နှစ်အောက် ကလေးများသည် ရေဓာတ်ခမ်းခြောက်ခြင်းမှ ကင်းဝေးရန် ရေများကို များပြားစွာသောက်သင့်ပါသည်။

သင်စောင့်ရှောက်သောသူအား အကူအညီပေးခြင်း

သင်စောင့်ရှောက်သောသူသည် သူတို့ရေသောက်နည်းအကြောင်းကို မသိနိုင်ပါ။

သင်သူတို့အား အကူအညီပေးနိုင်သည်မှာ:

  • စားချိန်များတွင် ရေသောက်ရန် ပေးခြင်း
  • ရေသောက်ခြင်းကို လူမှုရေးဖြစ်စေခြင်း၊ ဥပမာ "လက်ဖက်ရည်တစ်ခွက် သောက်ခြင်း"
  • ရေဓာတ်အများဆုံးပါဝင်သောအစားအစာများကို ပေးခြင်း – ဥပမာ၊ ဟင်းချိုရည် ၊ ရေခဲ မုန့် ဂျယ်လီနှင့် အသီးများ

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
11 January 2025

Start writing here...

မျက်လုံးနီခြင်း (Red Eye)
First Aid +