ရှောင်ရန်အချက်များ
သင့်ရဲ့ ထိခိုက်သောမျက်လုံး(များ)ကို မထိပါနှင့်၊ မပွတ်ပါနှင့်။
အကျဥ်းချုပ်
မျက်လုံးနီခြင်းသည် ပုံမှန်အားဖြင့် စိုးရိမ်စရာ မရှိပါ၊ အများအားဖြင့် သဘာဝအတိုင်း ပိုမိုကောင်းမွန်သွားနိုင်ပါသည်။ သို့သော် အချို့အခါများတွင် ပြင်းထန်သွားနိုင်ပြီး ဆေးဘက်ဝင်အကူအညီရရန် လိုအပ်နိုင်ပါသည်။
ဖြစ်ပွားရသောအကြောင်းအရင်း
မျက်လုံးနီခြင်း ဖြစ်နိုင်စရာ အကြောင်းရင်းများသည် များစွာကွဲပြားနိုင်ပါသည်။
သင့်တွင် ရှိသော အခြေအနေများအပေါ်မူတည်၍၊ အကြောင်းရင်းကို ခန့်မှန်းနိုင်ပါသည်။ အောက်တွင် သာမန်တွေ့ရသည့် အခြေအနေများနှင့် ၎င်းတို့၏ အသေးစိတ်လက္ခဏာများကို ဖော်ပြထားပါသည်။ ဒါသည် ပြည့်စုံသောစာရင်း မဖြစ်ပါ။
Symptoms | ဖြစ်နိုင်သည့် အကြောင်းရင် |
---|---|
မျက်လုံးဖြူပိုင်းတွင် အနီရောင်ဖြစ်ခြင်း | သွေးကြောပေါက်ခြင်း |
မျက်လုံးတွင်ပူလောင်သလိုခံစားရခြင်းစူးခြင်း၊ မျက်လုံးကပ်ခြင်း။ | မျက်သားရောင်ခြင်း |
မျက်လုံးနာခြင်း၊ဝါးခြင်း သို့မဟုတ် မျက်ရည်ကျခြင်း။ | မျက်သားခြောက်ခြင်း |
မျက်ခွံယားခြင်း၊ နာခြင်း သို့မဟုတ် အနီရောင်ဖြစ်ခြင်း။ | မျက်ခွံွံာင်ခြင်း |
မျက်လုံးထဲတွင် တစ်စုံတစ်ရာ ရောက်နေသလို ခံစားရခြင်း။ | မျက်တောင်စူးခြင်း |
မျက်ခွံ ရောင်ခြင်း, လှုပ်ခြင်း, အလုံးဖြစ်ခြင်း | မျက်ခွံပြဿနာများ |
အရေးပေါ်ရှေးဦးသူနာပြုနည်း
အမြင်ထိခိုက်ခြင်းမရှိပါက၊ မျက်လုံးထဲမှာ နာကျင်မှုမရှိပါက၊ သင့်မျက်လုံးမှာ အရေးကြီးသော အခြေအနေမဖြစ်ပါ။ အနည်းငယ်ရက်အတွင်း သဘာဝအနေဖြင့် အခြေအနေကောင်းမွန်လာနိုင်သည်။
အခြေအနေကောင်းမွန်သည်အထိ::
- မျက်လုံးကို မထိမပါနှင့်
- မျက်ကပ်မှန် မတပ်ပါနှင့်
ဆေးဘက်ဆိုင်ရာ အကူအညီ ဘယ်အချိန်မှာ ရယူသင့်သလဲ။
အနီရောင်မျက်လုံးရှိပြီးအောက်ပါအခြေအနေများရှိပါက အရေးပေါ်ဆေးဝါးအကူအညီကို (ဥပမာ Emergency Department) ခေါ်ယူပါ:
- သင်၏အမြင်တွင် ပြောင်းလဲမှုများ , လှိုင်းများ, အလင်းတန်းများ, အမြင်ကွယ်ခြင်း
- အလင်းကို ကြည့်ရန် မဖြစ်နိုင်သော နာကျင်မှု
- ပြင်းထန်သောခေါင်းကိုက်ခြင်းနှင့် နေထိုင်မကောင်းခြင်း
- မျက်လုံးမှာ နီညိုရောင်ဖြစ်ခြင်း
- မျက်လုံးထိခိုက်ခြင်း ထိုးမိခြင်း
- မျက်စံသည် တစ်ခြားတစ်ဖက်ထက်ကြီးနေခြင်း
- မျက်လုံးထဲတွင် အရာတစ်ခုခုဝင်ခြင်း
အရေးပေါ်ဆေးရုံသို့ ကိုယ်တိုင်ကားမမောင်းပါနှင့်။ အခြားသူတစ်ဦးကို မေးပါ သို့မဟုတ်ဆေးရုံကားခေါ်ရန် အကူအညီတောင်းပါ။
အောက်ပါအခြေအနေများရှိပါက အရေးပေါ်ဆေးဝါးအကူအညီရှာဖွေပါ
- သင့်ကလေး၏မျက်လုံးအနီရောင်ရှိပြီး ၂၈ ရက်မပြည့်သေးပါက
- မျက်လုံးနာကျင်ပြီး အနီရောင်ရှိပါက
- မျက်လုံးအနီရောင်ရှိပြီး မျက်ကပ်မှန်တပ်ထားပါက – မျက်လုံးပိုးဝင်ခြင်းဖြစ်နိုင်သည်
GP ဆရာဝန်ကိုပြပါ:
- သင့်မျက်လုံးအနီရောင်က ရက်အနည်းငယ်ထက်ပိုပြီး ဖြစ်ပါက
- သင့်ကလေး ၂ နှစ်အောက်ရှိပြီး မျက်လုံးအနီရောင်ရှိပါက
သင့် GP ဆရာဝန်သည် မျက်လုံးအနီရောင်ဖြစ်ရခြင်း၏ အကြောင်းကို ရှာဖွေမရပါက၊ မျက်စိအထူးကု(အော့ဖ်သမိုလောဂျစ်) ထံသို့ ပို့နိုင်ပါသည်။
အခြား မျက်လုံးထိ ခိုက်မှုများ
အောက်ပါအကြောင်းအရာများအတွက် အခြား အချက်အလက်စာမျက်နှာများ ရှိပါသည်:
- မျက်လုံးထိခိုက်မှုရှိပါက ဘာလုပ်ရမည်eye injury
- မျက်လုံးအနက်ရှိပါက ဘာလုပ်ရမည်black eye
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit ourTerms & Conditionspage.
Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
11 January 2025
Start writing here...