မျက်လုံးထိခိုက်မှုများ (Eye Injuries)

First Aid +
ရှောင်ကြဉ်ရမည့်အချက်များ
မျက်လုံးကို ထိုးဖောက်ဝင်နေသော အရာဝတ္ထုများကို ဖယ်ရှားရန် မကြိုးစားပါနှင့်။

အကျဥ်းချုပ်

မပြင်းထန်သော မျက်လုံးထိခိုက်မှုများ (ဥပမာ- ရှန်ပူ သို့မဟုတ် ဖုန်မှုန့် မျက်လုံးထဲဝင်ခြင်း) သည် ပုံမှန်အားဖြင့် တစ်ရက်အတွင်းအလိုအလျောက် ပျောက်သွားနိုင်သည်။ သို့သော် မျက်လုံးထဲသို့ chemical ဝင်သွားခြင်း သို့မဟုတ် တစ်ခုခုမျက်လုံးထဲ ဝင်ခြင်း ဖြစ်ပါက ဆေးဝါးအကူအညီ ရှာဖွေပါ။

အရေးပေါ်ရှေးဦးသူနာပြုနည်း

အိမ်တွင် မျက်လုံးထိခိုက်မှုကို မည်သို့ကုသမလဲ

လုပ်ရန်:

  • မျက်လုံးထဲသို့ တစ်စုံတစ်ရာ ဝင်နေပါက သန့်ရှင်းသော ရေနှင့်ဆေးကြောပါ။
  • မျက်လုံးထဲသို့ အလှကုန်ပစ္စည်းများ သို့မဟုတ် အိမ်သုံးဓာတုပစ္စည်းများ ဝင်သွားပါက ထုတ်ကုန်အထုပ်ပေါ်ရှိ အကြံပြုချက်များကိုလိုက်နာပါ။
  • နာကျင်မှု သို့မဟုတ် အနာကို လျော့နည်းစေရန် ပါရာဆီတမောလ် သို့မဟုတ် အိုင်ဘူပရိုဖင် ကဲ့သို့သော နာကျင်မှုသက်သာဆေးများ  သောက်ပါ။ paracetamol or ibuprofen .

ရှောင်ရန်:

  • မျက်လုံးထဲသို့ ဝင်ပြီး သော အရာဝတ္ထုများကို မထုတ်ရန်။
  • မျက်လုံးသက်သာသည်အထိ မထိရန်၊ မပွတ်ရန်။
  • မျက်လုံးသက်သာသည်အထိ မျက်လုံးပတ်လည်တွင် မိတ်ကပ် မလိမ်းရန်။
  • မျက်လုံးသက်သာသည်အထိ  မျက် ကပ် မှန်များ (contact lenses) မတပ်ရန်။
မျက်လုံးကို မည်သို့ဆေးကြောမလဲ

လုပ်ရန်:

  1. သန့်ရှင်းသော ရေ (အပူမဖြစ်ရ) ကို အသုံးပြုပါ – သင့်အနားရှိသော ဘုံဘိုင်ရေ  ရေချိုးခန်းသုံး ရေ သို့မဟုတ် ရေသန့်ပုလင်း ကို သုံးနိုင်သည်။
  2. မျက်လုံးကို ဖွင့်ထားပါ။
  3. အနည်းဆုံး ၂၀ မိနစ် ကြာအောင် မျက်လုံးပေါ်သို့ ရေနှင့်ဆေးကြောပါ။
ရေးအား သိပ်မပြင်းအောင် သေချာစေပါ။

မည်သည့်အခါ ဆေးဝါးအကူအညီ ရှာဖွေရမလဲ

အရေးပေါ် ဆေးဝါးအကူအညီ (ဥပမာ - ဆေးရုံ အရေးပေါ်ဌာန) သို့ ခေါ်ဆိုရန် သို့မဟုတ် အမြန်ဆုံး ဆရာဝန်ထံ သွားရမည်၊ အောက်ပါ အခြေအနေများရှိပါက:

  • ဓာတုပစ္စည်းအပြင်းများ (ဥပမာ - ကြွေပြားသန့်စင်ဆေး၊ ချေးချွတ်ဆေး) မျက်လုံးထဲ ဝင်သွားပါက – ဆေးဝါးအကူအညီ ရလာမချင်း ရေနှင့် ဆက်လက်ဆေးကြောပါ။  
  • ချွန်ထက် သော အရာဝတ္ထုများ မျက်လုံးကို ချိုးဖောက် ထိုးဝင်သွားပါက
  • မြန်နှုန်းအမြင့်ဖြင့် မျက်လုံးကို တစ်စုံတစ်ရာ တိုက်မိခြင်း (ဥပမာ - လျှပ်စစ်ကိရိယာ သုံးနေစဉ်၊ မြက်ဖြတ်စက် သုံးနေစဉ်)
  • မျက်လုံးဒဏ်ရာရပြီးနောက် သင့်အမြင်အာရုံတွင် ပြောင်းလဲမှုများရှိပါက၊
  • ခေါင်းခြင်း၊ ကိုယ်အပူချိန်မြင့်ခြင်း သို့မဟုတ် အလင်းကို မကြည့်နိုင်ခြင်း
  • မျက်လုံးထိခိုက်ပြီးနောက် မအီမသာဖြစ်ခြင်း သို့မဟုတ် အန်ခြင်း
  • မျက်လုံးကို မလှုပ်နိုင်ခြင်း သို့မဟုတ် မဖွင့်နိုင်ခြင်း
  • မျက်လုံးမှ သွေး သို့မဟုတ် ပြည် ထွက် နေခြင်း
မိမိကိုယ်တိုင် မောင်းနှင်၍ ဆေးရုံ အရေးပေါ်ဌာနသို့ မသွားပါနှင့်။တစ်စုံတစ်ယောက်ကို မောင်းနှင်ပေးရန် မေးမြန်းပါ သို့မဟုတ် အမြန်လူနာတင်ယာဉ်ကို ခေါ်ဆိုပါ။

အရေးပေါ် ဆေးဝါးအကူအညီ ရယူရန် သို့မဟုတ် GP ဆရာဝန်ကို တွေ့ဆုံရန် :

  • မျက်လုံးထိခိုက်မှု ရှိပြီး ၂၄ နာရီကြာသော်လည်း မသက်သာခြင်း
  • မျက်လုံးထိခိုက်မှုအတွက် စိုးရိမ်မှုရှိခြင်း

အခြား မျက်လုံး ထိခိုက်မှု များ

အောက်ပါအကြောင်းအရာများအတွက် အခြား အချက်အလက်စာမျက်နှာများ ရှိပါသည်:

  • မျက်လုံးအီရှိပါက ဘာလုပ်ရမည် black eye
  • မျက်လုံးအီရှိပါက ဘာလုပ်ရမည် red eye

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
11 January 2025

Start writing here...

တက်ခြင်း  (Seizure (Fit))
First Aid +