တက်ခြင်း  (Seizure (Fit))

First Aid +
ရှောင်ကြဉ်ရမည့်အချက်များ
ဒဏ်ရာရသူကို ထိန်းသိမ်းခြင်း သို့မဟုတ် သူတို့အား ချက်ချင်းအန္တရာယ်မရှိပါက ရွေ့လျားခြင်း မပြုလုပ်ပါနှင့်။
သူတို့၏ ပါးစပ်ထဲသို့ ဘာမှ မထည့်ပါနှင့်။

အကျဥ်းချုပ်

အတက်ရောဂါ သည် ဦးနှောက်တွင် လျင်မြန်စွာ လျှပ်စစ်လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်ပြီး၊ အချိန်တိုင်းတွင် အကြောင်းအရာများ ပုံမှန်ပြောဆိုမှုကို ထိနိုင်သည်။ ၎င်းကြောင့် ဦးနှောက်၏ သတင်းအချက်အလက် ပေးပို့မှုအဆင်ပြေမှုကို ယာယီ ထိခိုက်ခြင်း ဖြစ်လာပါသည်။

လူကြီး များတွင် တက်ခြင်း (ဖစ် သို့မဟုတ် convulsion) ဖြစ်ပေါ်ရသော အကြီးမားဆုံး အကြောင်းအရင်းမှာ အီပီလပ်စီ (epilepsy) ဖြစ်ပါသည်။ အီပီလပ်စီ သည် ဦးနှောက်ကို ထိခိုက်စေပြီတက်ခြင်းများကို အကြိမ်ကြိမ် ဖြစ်ပေါ်စေသော ရောဂါတစ်ခု ဖြစ်သည်။ ၎င်းတို့ သည် တစ်ခါတည်း၊ ရုတ်တရက် ဖြစ်ပေါ်ပါသည်။ epilepsy.

သို့သော် တက်ခြင်း သည် ဦးနှောက်ဒဏ်ရာ၊ အရက်အဆိပ်သင့်ခြင်း၊ အောက်ဆီဂျင်လျော့ခြင်း၊ သောက်သုံးသည့်ဆေးများ၊ အလွန်အကျွံ အပူအအေး၊ သို့မဟုတ် ဆီးချိုရောဂါရှိသူတွင် သွေးချိုကျခြင်း ('hypo') ဖြစ်၍ သွေးချိုအတော်လေးနိမ့်နေခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်နိုင်ပါသည်။

လက္ခဏာများ

အတက်ရောဂါ လက္ခဏာများမှာ :

  • ရုတ်တရက် သတိလစ်ခြင်း
  • လှုပ်ရှားမှုများမထိန်းနိုင်ခြင်း တုန်ခြင်း 
  • ကိုယ်ခန္ဓာ တောင့်တင်းခြင်း 
  • အသက်ရှူကြပ်ခြင်း 
  • နှုတ်ခမ်း မီးခိုးပြာရောင် ဖြစ်လာခြင်း
  • သွားရည်ကျခြင်း , လျှာ သို့မဟုတ် နှုတ်ခမ်းကိုက်မိခြင်းကြောင့် သွေးထွက်ခြင်း 
  • ဆီး ဝမ်း မထိန်းနိုင်ခြင်း

အရေးပေါ်ရှေးဦးသူနာပြုနည်း

တက် နေသူတစ်ဦးကိုတွေ့ပါက အကူအညီပေးရန် လုပ်ဆောင်နိုင်သော အချက်အလက်များ ရှိပါသည်။ .

ကြောက်မက်ဖွယ် ဖြစ်နိုင်ပေမယ့် အနှောင့်အယှက်မဖြစ်ပါနှင့်။  

နေသူနှင့်အတူရှိပါက:

  • မိမိကိုယ်ရဲ့ အန္တရာယ်ကိစ္စများ (ဥပမာအားဖြင့် လမ်းပေါ် သို့မဟုတ်  မီးဖိုနား) ထဲတွင် ရှိနေပါက သူတို့ကို ရွှေ့ပါ။
  • မြေ ပြင်ပေါ်ကျ နေပါက ခေါင်းကို တစ်ခုခုဖြင့် ခံပေးပါ။ 
  • သူ၏လည်ပင်းနားရှိသည့်တင်းကြပ်သော အဝတ်အစားများ (ဥပမာအားဖြင့် ကော်လာ သို့မဟုတ် လည်ပင်းစည်း ) ကိုဖွင့်၍ အသက်ရှူ ရ ပိုမိုကောင်းမွန်စေရန် အကူအညီပေးပါ။ loosen any tight clothing around their neck, such as a collar or tie, to aid breathing
  • တက်တာ ရပ်သည်အထိ ဘေးတစောင်းထားပါ။  – ဤစာမျက်နှာတွင် အသေးစိတ်ကြည့်နိုင်သည်။ recovery position
  • သက်သာသည်အထိ အတူ နေပြီး တည်ငြိမ်စွာ စကားပြောပေးပါ။ 
  • တက်သည့် အချိန် အစ နှင့် အဆုံးကိုမှတ်ထားပါ။ 
  • သူတို့၏ တုံ့ပြန်မှုအဆင့်ကို ကြည့်ပြီး သူတို့သည် အကြောင်းအရာတစ်ခုခုကို မတုံ့ပြန်ပါက အရေးပေါ်အကူအညီအတွက် ဆေးရုံကား ခေါ်ရန် ပြင်ဆင်ပါ။ CPR အကူအညီရယူရန် စာမျက်နှာကို ကြည့်ပါ။   cardiopulmonary resuscitation (CPR).

ဝှီးချဲ ပေါ်တွင်ရှိနေပါက ဘရိတ်ကို ဆွဲထားပြီး ခါးပတ်များကိုဖြုတ်ထားပါ။ ညင်သာစွာဖေးမပေးပြီး ခေါင်းကို ဂရုတစိုက်ထားပါ။ ရွှေ့ ရန်မကြိုးစားပါနှင့်။ 

သင့်လက် ချောင်းများကို ပါးစပ်ထဲထည့် ရန်မကြိုးစားပါနှင့်။ အစာနှင့် အရည်များ မပေးသင့်ပါ။ 

ဆေးဘက်ဆိုင်ရာ အကူအညီ ဘယ်အချိန်မှာ ရယူသင့်သလဲ။

အရေးပေါ်ဆေးဝါးအကူအညီ (ဥပမာ- အရေးပေါ်ဌာန) ကို ခေါ်ဆိုပါ :

  • တက်ခြင်းသည် ပထမဆုံး အကြိမ် ဖြစ်နေပါက၊
  • တက်ခြင်းသည် ပုံမှန်ထက်ကြာပြီး သူတို့အတွက် သာမာန်လိုဖြစ်နေပါက 
  • တက်ခြင်းသည် ၅ မိနစ်ထက် ပိုကြာပါက , ပုံမှန်အားဖြင့် ဘယ်လောက်ကြာကြာတက်လဲမသိပါက 
  • သတိအပြည့်အဝ ပြန်မရပါက , ဆက်တိုက်တက်ပြီး သတိပြန်မရပါက 
  • တက်နေစဥ် ထိခိုက်မှု ရှိခဲ့ပါက
  • တက်ပြီး နောက် အသက်ရှူရခက်ခဲ့ပါက

အတက်ရောဂါ ရှိသူများသည်တက်တဲ့အချိန်တွင် အမြဲတမ်းဆေးရုံသို့ သွားရန် သို့မဟုတ် အရေးပေါ်် လူနာ တင်ယာဥ် ခေါ်ရန် မလိုအပ်ပါ။

သူတို့မှာ ဆရာဝန်များနှင့် မိသားစုနှင့် သဘောတူညီထားသော(care plan) ရှိပြီးတက်ခဲ့ပါက လိုက်နာရန်အချက်များနှင့် ဆေးဝါးများကို သိပြီးသားဖြစ်ပါသည်။ 

အတက်ရောဂါ ရှိသူများသည် ဆေးဝါးပညာရှင်များနှင့် အခြားသူများသိရှိရန် အထူးကဒ် စ်ခုသို့မဟုတ်လက်ပတ် တစ်ခု ဝတ်ဆင်ထားနိုင်ပြီး အတက်ရောဂါ ကြုံရာတွင် ၎င်းတို့ကို သိရှိသူများအတွက် အသိပေးသည့် အချက်အလက်အဖြစ်ပါဝင်ပါသည်။epilepsy .

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
05 January 2025

Start writing here...

ပန်းနာရင်ကျပ်ရုတ်တရက်ထခြင်း (Asthma Attacks)
First Aid +