ရှောင်ရန်အချက်များ
မျက်လုံးတစ်ဝိုက်ကို မဖိ မပွတ်ပါနှင့်။
အကျဥ်းချုပ်
မျက်လုံးအနက်သည် မျက်လုံးပတ်လည်မှာ အညိုအမည်း စွဲခြင်းနှင့် ရောင်သောအခြေအနေဖြစ်ပြီး၊ ၎င်းသည် မျက်လုံးပတ်လည်တွင် အထိုးခံရခြင်း သို့မဟုတ် ပြုတ်ကျမှုကြောင့် ဖြစ်ပေါ်သည်။ ၎င်းသည် ၂ နှစ်မှ ၃ ရက်အတွင်း ကောင်းမွန်လာသင့်သည်။
အရေးပေါ်ရှေးဦးသူနာပြုနည်း
မျက်လုံးအနက်ကြောင့် နာကျင်မှု ကို လျော့နည်းစေနိုင်ရန် သင်တတ်နိုင်သော လုပ်ဆောင်ချက်များ
မျက်လုံးအနက်ကြောင့် နာကျင်မှု သို့မဟုတ်ရောင်ခြင်းရှိပါက သင်ကိုယ်တိုင် လုပ်ဆောင်နိုင်သော အရာများ ရှိပါသည်။
Do:
- မျက်လုံးပတ်လည်ကိူု ၁၀ မှ ၂၀ မိနစ်အတွင်း အကြိမ်ကြိမ် ပြန်လုပ်ခြင်းဖြင့် ရေခဲထုပ် (သို့မဟုတ် အနည်းငယ် အေးထားသောပဲအိတ်) ကို အနည်းငယ်ထား၍ အသာအယာကပ်ပေးပါ။ ပထမ ၁ မှ ၂ ရက်အတွင်း ပုံမှန်အားဖြင့် ပြန်လုပ်ပါ။
- နာကျင်မှုရှိပါက နာကျင်မှု သက်သာစေသော ဆေးများဖြစ်သော ပါရာဆီတမောလ် သို့မဟုတ် အိုင်ဘူပရိုဖင် များကို သောက်ပါ။
- ပထမ ၂ ရက်အပြီး၊ အသာအယာ ရေ နွေးဝတ်ဖြင့် မျက်လုံးပတ်လည်အတွင်း မနက်ပိုင်းတွင် ပုံမှန်အားဖြင့် အသုံးပြုပါ။
Don’t:
- ဆရာဝန်မှမညွှန်ကြားပဲ အက်စပီရင် မ သောက်ရပါ၊ ၎င်းသည် အညိုအမဲစွဲခြင်းကို ပိုမိုဆိုးကျိုး ဖြစ်စေနိုင်သည်။
- မျက်လုံးတစ်ဝိုက်ကို မဖိ မပွတ်ပါနှင့်
- အရေပြားပေါ် ကို ရေခဲ တိုက်ရိုက်မတင်ပါနှင့်
When To Seek Medical Help
ဤအခြေအနေများရှိပါကအရေးပေါ်ဆေးဝါးအကူအညီရှာဖွေပါ (ဥပမာ Emergency Department) :
- သင့်မျက်လုံးထဲတွင် သွေးမြင်ပါက
- သင့်ပျူပီလ် (မျက်လုံးအလယ်ရှိ မျက်စံ) အစား ပုံမှန်မ ဖြစ်ပါက
- ခေါင်းထိ ခိုက်မိပြီး မျက်လုံးတစ်ဝိုက်အညို အမဲဖြစ်ပါက
- ခေါင်းထိ ခိုက်မိပြီး သတိလစ် , အန်ခြင်း ဖြစ်ပါက
- သင့်အမြင်တွင် ပြဿနာများရှိပါက၊ ထိုကဲ့သို့သော အမြင်နှစ်ထပ် ဖြစ်ခြင်း ၊ အမြင်ပျက်ခြင်း၊ အလင်းတန်းမြင်ခြင်း၊ အရိပ်မြင်ခြင်း သို့မဟုတ် အလင်း စူးစူးကိုကြည့် လျှင် နာကျင်မှုရှိပါက
- မျက်လုံးကစားလို့မရတော့ ပါက
အရေးပေါ် သို့ ကိုယ် တိုင်ကားမမောင်းသွားပါနှင့်။ အခြားတစ်ယောက်အား မောင်းခိုင်းခြင်း သို့မဟုတ် အရေးပေါ််ကားခေါ် ရန် အကူ အညီတောင်းပါ။
ဤအခြေအနေများရှိပြီး မျက်လုံးအနက်ရှိပါက အရေးပေါ်ဆေးဝါးအကူအညီရှာဖွေပါ (GP ဆရာဝန်ကို ပြပါ) :
- ခေါင်းကိုက်မသက်သာခြင်း , အမြင် ဝေဝါးခြင်း
- မျက် လုံးတစ်ဝိုက်နွေး နေခြင်း ပြည်ရှိခြင်း
- ကိုယ်ပူချိန်မြင့်ခြင်း , ကိုယ် ပူ၍ ချမ်းတုန်ခြင်း
- you're taking blood-thinning medicine (such as warfarin)
- သွေးမတိတ်ရော ဂါရှိခြင်း
GP ဆရာဝန်ကို ပြပါ:
- မျက်လုံးအနက်သည် ၃ ပတ်အတွင်း မပျောက်သွားပါက
အခြား မျက်လုံးထိ ခိုက်မှုများ
အောက်ပါအကြောင်းအရာများအတွက် အခြား အချက်အလက်စာမျက်နှာများ ရှိပါသည်:
- မျက်လုံးထိခိုက်မှုရှိပါက ဘာလုပ်ရမည် eye injury
- မျက်လုံးအနီရောင်ရှိပါက ဘာလုပ်ရမည် red eye
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.
Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
11 January 2025
Start writing here...