Homemade Oral Rehydration Solution (ORS) Recipe

Disaster Guide

ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များတွင် လူများသည် ဝမ်းလျှောခြင်း၊ အန်ခြင်း သို့မဟုတ် အဖျားရှိခြင်းတို့ကြောင့် နာမကျန်းဖြစ်နိုင်ပါသည်။ ဤအခြေအနေများသည် အထူးသဖြင့် သန့်ရှင်းသောရေရှားပါးသည့်အခါတွင် ရေဓာတ်ခန်းခြောက်မှုကို အလျင်အမြန်ဖြစ်စေနိုင်ပါသည်။

ဤလမ်းညွှန်ချက်သည် သင့်အား ကူညီနိုင်မည်ဖြစ်သည်:

  • ရေဓာတ်ခန်းခြောက်မှု၏ လက္ခဏာများကို သိရှိရန်
  • ORS (ဓာတ်ဆားရည်) ၏ မှန်ကန်သောပမာဏကို ပေးနည်း
  • ဆေးခန်း သို့မဟုတ် ဆေးရုံသို့ မည်သည့်အချိန်တွင် သွားရမည်ကို သိရှိရန်

ရေဓာတ်ခန်းခြောက်မှု၏ လက္ခဏာများ

ကလေးများနှင့် လူကြီးများတွင်:

  • ရေငတ်ခြင်း
  • ဆီးအရောင်ရင့်ပြီး အနံ့ပြင်းခြင်း
  • ပုံမှန်ထက် ဆီးနည်းခြင်း
  • ခေါင်းမူးခြင်း၊ ခေါင်းပေါ့ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်း
  • ပါးစပ်၊ နှုတ်ခမ်းနှင့် လျှာခြောက်ခြင်း
  • မျက်လုံးချိုင့်ဝင်ခြင်း

ကလေးငယ်များတွင်:

  • ဦးခေါင်းပေါ်ရှိ နူးညံ့သောနေရာ (fontanelle) ချိုင့်ဝင်ခြင်း
  • မျက်လုံးချိုင့်ဝင်ခြင်း
  • ငိုသည့်အခါ မျက်ရည်နည်းခြင်း သို့မဟုတ် မထွက်ခြင်း
  • ဆီးသွားနည်းခြင်း
  • ငိုက်မျဉ်းခြင်း သို့မဟုတ် စိတ်တိုလွယ်ခြင်း

တစ်စုံတစ်ဦး၏ ရေဓာတ်ခန်းခြောက်မှုအခြေအနေကို စစ်ဆေးနည်း 

ဤသည်များသည် ရေဓာတ်ခန်းခြောက်မှု၏ လက္ခဏာအားလုံးမဟုတ်ပါ — ပါးစပ်ခြောက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆီးနည်းခြင်း ကဲ့သို့သော ရှေ့ပြေးလက္ခဏာများ ပထမဦးစွာပေါ်လာနိုင်ပါသည်။

တစ်စုံတစ်ဦး ရေဓာတ်ခန်းခြောက်နေသည်ဟု သံသယရှိပါက ORS ကို ချက်ချင်းတိုက်ပါ။ အောက်ပါဇယားများသည် မည်မျှနှင့် မည်မျှအရေးတကြီးလိုအပ်သည်ကို ဆုံးဖြတ်ရာတွင် ကူညီပေးပါလိမ့်မည်။


🔴 ပြင်းထန်ရေဓာတ်ခန်းခြောက်ခြင်း  – အရေးပေါ်အကူအညီလိုအပ်ပါသည်

လက္ခဏာများစစ်ဆေးရန်နည်းလမ်း
အလွန်အားနည်းခြင်း သို့မဟုတ် သတိလစ်ခြင်းထိုင်၍မရ၊ စကားမပြောနိုင်၊ တုံ့ပြန်မှုမရှိ
မျက်လုံးအလွန်ချိုင့်ဝင်ခြင်းမျက်လုံးများ နက်ရှိုင်းစွာချိုင့်ဝင်နေခြင်း
အရည်မသောက်နိုင်ခြင်းငြင်းဆန်ခြင်း သို့မဟုတ် အန်ထုတ်ခြင်း
အရေပြားဆွဲဆန့်စစ်ဆေးခြင်း (လက်ဖမိုးရှိ အရေပြားကို ညင်သာစွာဆွဲယူပြီး ပြန်လွှတ်ပါ) အရေပြားပြန်မဆန့်ခြင်း (၂ စက္ကန့်ထက်ပိုကြာ)
အားနည်းသောနှလုံးခုန်နှုန်းလက်ကောက်ဝတ်တွင် နှလုံးခုန်နှုန်းမခံစားရခြင်း

❗ ဆေးခန်း/ဆေးရုံသို့ အမြန်သွားပါ - သွေးကြောထဲသို့အရည်သွင်းကုသမှုလိုအပ်ပါသည်။သတိရှိပါက ORS တိုက်ပါ။


လက္ခဏာ ၂ ခုထက်ပိုရှိပါက ကုသမှုစတင်ပါ။

🟡 အလယ်အလတ်ရေဓာတ်ခန်းခြောက်ခြင်း –  ORS ကိုအခုပဲစတင်တိုက်ပါ!

လက္ခဏာများစစ်ဆေးရန်နည်းလမ်း
စိတ်တိုလွယ်ခြင်းဂနာမငြိမ်ဖြစ်ခြင်း၊ ငိုခြင်း၊ မတည်ငြိမ်ခြင်း
မျက်လုံးချိုင့်ဝင်ခြင်းမျက်လုံးများ နက်ရှိုင်းစွာချိုင့်ဝင်နေခြင်း
အလွန်ရေငတ်ခြင်းရေကိုအငမ်းမ ရသောက်ခြင်း
အရေပြားဆွဲဆန့်စစ်ဆေးခြင်း (လက်ဖမိုးရှိ အရေပြားကို ညင်သာစွာဆွဲယူပြီး ပြန်လွှတ်ပါ) ဝမ်းဗိုက်ကိုညှစ်ကြည့်ပါက အရေပြားနှေးကွေးစွာပြန်ဆန့်ခြင်း (၂ စက္ကန့်အတွင်း)

✅ ORS ကိုအခုပဲ ၄ နာရီကြာတိုက်ပါ။ အောက်ပါဇယားကိုအသုံးပြုပါ။

အလယ်အလတ်ရေဓာတ်ခန်းခြောက်ခြင်းအတွက် ORS ပမာဏ

ORS ပမာဏသည် အသက်အရွယ်၊ ကိုယ်အလေးချိန်နှင့် ရေဓာတ်ခန်းခြောက်မှုအဆင့်ပေါ်မူတည်ပါသည်။

အောက်ပါဇယားများကို အသုံးပြု၍ မည်မျှတိုက်ရမည်နှင့် မည်သည့်အချိန်တွင် တိုက်ရမည်ကို သိရှိပါ။


🟡 အလယ်အလတ်ရေဓာတ်ခန်းခြောက်ခြင်းအတွက် ORS တိုက်နည်း:

ORS ကို ၄ နာရီအတွင်း တဖြည်းဖြည်းချင်းတိုက်ပါ:

အသက်ခန့်မှန်းကိုယ်အလေးချိန်၄ နာရီအတွင်း ORS ပမာဏ  (၁ ခွက် = ၂၀၀ မီလီလီတာ)
၄ လအောက်၅ ကီလိုအောက်၁-၂ ခွက် (၂၀၀-၄၀၀ မီလီလီတာ)
၄-၁၁ လ၅-၇.၉ ကီလို၂-၃ ခွက် (၄၀၀-၆၀၀ မီလီလီတာ)
၁၂-၂၃ လ
၈-၁၀.၉ ကီလို၃-၄ ခွက် (၆၀၀-၈၀၀ မီလီလီတာ)
၂-၄ နှစ်၁၁-၁၅.၉ ကီလို၄-၆ ခွက် (၈၀၀-၁၂၀၀ မီလီလီတာ)
၅-၁၄ နှစ်၁၆-၂၉.၉ ကီလို၆-၁၁ ခွက် (၁၂၀၀-၂၂၀၀ မီလီလီတာ)
၁၅+ နှင့် လူကြီး၃၀+ ကီလို၁၁-၂၀ ခွက် (၂၂၀၀-၄၀၀၀ မီလီလီတာ)
📌 ၁ ခွက် = ၂၀၀ မီလီလီတာ (သာမန်ပလတ်စတစ်ခွက်)

🕒 ၄ နာရီပြည့်ပါက ပြန်စစ်ဆေးပါ

  • ၄ နာရီအကြာတွင် သက်သာလာပါက → ရေဓာတ်မဆုံးရှုံးစေရန် ဝမ်းတစ်ကြိမ်သွားတိုင်း ORS တိုက်ပါ။ အထက်ပါ "ရေဓာတ်ခန်းခြောက်မှုကာကွယ်ခြင်း" လမ်းညွှန်ချက်အတိုင်းလိုက်နာပါ။
  • ၄ နာရီအကြာတွင် ရေဓာတ်ခန်းခြောက်သည့်လက္ခဏာများ ဆက်ရှိနေပါက →အလားတူ ORS ပမာဏကို ထပ်မံတိုက်ပါ။
  • ❗ပိုဆိုးလာပါက (သောက်ရန်အားမရှိ၊ အလွန်အိပ်ငိုက်၊ တုံ့ပြန်မှုမရှိ) → ဆေးခန်းကို အမြန်သွားပါ!

ရေဓာတ်ခန်းခြောက်မှုကာကွယ်ခြင်း/အနည်းငယ်ဝမ်းလျှောခြင်းအတွက် ORS တိုက်နည်း

ORS ပမာဏသည် အသက်အရွယ်၊ ကိုယ်အလေးချိန်နှင့် ရေဓာတ်ခန်းခြောက်မှုအဆင့်ပေါ်မူတည်ပါသည်။

အောက်ပါဇယားများကို အသုံးပြု၍ မည်မျှတိုက်ရမည်နှင့် မည်သည့်အချိန်တွင် တိုက်ရမည်ကို သိရှိပါ။


🟢 ရေဓာတ်ခန်းခြောက်မှုကာကွယ်ခြင်း/အနည်းငယ်ဝမ်းလျှောခြင်းအတွက် ORS တိုက်နည်း
(ရေဓာတ်ခန်းခြောက်သည့်လက္ခဏာများ မပြသေးပါက)

ဝမ်းတစ်ကြိမ်သွားတိုင်း ORS တိုက်ပါ:

အသက်တစ်ကြိမ်တိုက်ရန် ORS ပမာဏ
👶၂ နှစ်အောက်၅၀-၁၀၀ မီလီလီတာ (၁၀-၂၀ စားပွဲ ဇွန်း)
🧒 ၂-၁၀ နှစ်၁၀၀-၂၀၀ မီလီလီတာ (၁/၂-၁ ခွက်)
👨 ၁၀ နှစ်အထက် နှင့် လူကြီး၂၀၀-၄၀၀ မီလီလီတာ (၁-၂ ခွက်)

ORS ကိုကိုယ်တိုင်ဖျော်စပ်နည်း

အသင့်သုံး ORS အိတ်ရှိပါက - အိတ်ပေါ်ရှိညွှန်ကြားချက်အတိုင်း ရေနှင့်ရောဖျော်ပါ။

ORS အိတ်မရှိပါက - အိမ်တွင်လွယ်ကူစွာဖျော်စပ်နိုင်ပါသည်:

သန့်ရှင်းသောခွက်ထဲတွင်:

  1. သန့်ရှင်းသောရေ ၁ လီတာ(ရေမသန့်ပါက ကျိုချက်အေးစေပါ - အထူးသဖြင့်ကလေးငယ်များအတွက်)
  2. ဆား ၁/၂ လက်ဖက်ရည်ဇွန်း  
  3. သကြား  လက်ဖက်ရည် ဇွန်း ၆ဇွန်း
  4. ပါဝင် ပ စ္စည်းများ အားလုံးပျော်ဝင်သည်အထိ မွှေပါ  
  • အရသာသည် မျက်ရည်ကဲ့သို့ အနည်းငယ်ငန်ရမည်
  • သာမန်ရေအစား ဆန်ဆေးရေ သုံးနိုင်သည်
  • အရသာကောင်းစေရန် သစ်သီးဖျော်ရည် (သို့) ငှက်ပျောသီးအနှစ် အနည်းငယ်ထည့်နိုင်သည် (မဖြစ်မနေ မလိုအပ်ပါ)
  • ဝမ်းတစ်ကြိမ်သွားတိုင်း နည်းနည်းချင်းစီတိုက်ပါ
  • ORS ကို ဖျော်ပြီးပြီးချင်း တိုက်ပါ၊ ၈ နာရီအတွင်းသာသုံးပါ
  • ချက်ချင်းအာနိသင် ရနိုင်ပြီး၃-၄ နာရီအတွင်း ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်သည်
  • အန်ပါက ၁၀ မိနစ်ခန့်ရပ်ပြီး နည်းနည်းချင်းစီ ဆက်တိုက်ပါ . 

ကလေးငယ်များအတွက် အထူးညွှန်ကြားချက်များ

  • မိခင်နို့/ဖော်မြူလာနို့ ကို ပုံမှန်ထက် ပိုမိုတိုက်ပါ
  • နို့မှုန့်ကို ရေပိုရော၍မတိုက်ရ
  • အစာစားနိုင်ပါက သန့်ရှင်းသောရေနှင့် ORS ကို နည်းနည်းချင်းစီမကြာခဏတိုက်ပါ
  • အားဖြည့်အချိုရည်၊ ဆိုဒါ၊ သစ်သီးဖျော်ရည်များ ရှောင်ပါ- လ က္ခဏာများပိုဆိုးနိုင်သည်
  • ဇွန်း (သို့) ဆေးထိုးပြွန်ဖြင့် နည်းနည်းချင်းစီတိုက်ပါ

ဆေးကုသမှု ချက်ချင်းခံယူရမည့် အခြေအနေများ

❗  အောက်ပါလက္ခဏာများရှိပါက အရေးပေါ်ဆေးကုသမှုခံယူပါ -

  • အလွန်ပင်ပန်း၊ ငိုက်မျဉ်း သို့မဟုတ် စိတ်ရှုပ်ထွေးနေပါက
  • ၁-၂ ရက်ကြာသည်အထိ မသက်သာပါက
  • အရည်မသောက်နိုင်/အဆက်မပြတ်အန်နေပါက
  • ဆီးအရောင်ရင့်ခြင်း သို့မဟုတ် ဆီးနည်းခြင်း (ကလေးငယ်များတွင် ဆီးသွားနည်းခြင်း)
  • အသက်ရှူမြန်/နှလုံးခုန်မြန်ခြင်း
  • ကလေးငယ်တွင် မျက်လုံးချိုင့်ဝင်ခြင်း သို့မဟုတ် ဦးခေါင်းပေါ်ရှိ နူးညံ့သောနေရာချိုင့်ဝင်ခြင်း
  • ကလေးငယ်ငိုသည့်အခါ မျက်ရည်မထွက်ခြင်း
  • မတ်တတ်ရပ်လျှင် ခေါင်းမူးခြင်း (ပျောက်မသွားပါက)

ရေဓာတ်ခန်းခြောက်ခြင်း ကာကွယ်နည်းများ

  • ရေများများသောက်ပါ (အထူးသဖြင့် ပူအိုက်သောရာသီနှင့် နေမကောင်းစဉ်)
  • ရေဓာတ်ပါသောအစားအစာများ (ဥပမာ - စွပ်ပြုတ်၊ သစ်သီးများ) စားပါ
  • ကလေးများနှင့် သက်ကြီးရွယ်အိုများကို မတောင်းသည့်တိုင် မကြာခဏရေတိုက်ပါ
  • အလွန်ပူပြင်းသောရာသီတွင် ချွေးထွက်များခြင်းသည် အပူဒဏ်ကြောင့်မောပန်းခြင်းနှင့် အပူလျှပ်ခြင်း ကဲ့သို့သော ပြင်းထန်သည့်အခြေအနေများကို ဖြစ်စေနိုင်ပါသည်။ ။  အပူဒဏ်ကြောင့်မောပန်းခြင်းနှင့် အပူလျှပ်ခြင်း -သတိပြုရမည့်လက္ခဏာများနှင့် ဘာလုပ်ရမည်ကို page.တွင် ဖတ်ရှုပါ

ရေဓာတ်ခန်းခြောက်ခြင်းဆိုင်ရာ နောက်ထပ်အချက်အလက်များအတွက် ရေဓာတ်ခန်းခြောက်ခြင်းလမ်းညွှန် ကို ဤနေရာတွင် ကြည့်ရှုပါ။

Preventing Infections
Disaster Guide