ပြင်းထန်ဓာတ်မတည့်မှုတုံ့ပြန်ခြင်း (Anaphylaxis)

First Aid +
ရှောင်ရန် အချက်များ
Anaphylaxis (ပြင်းထန်ဓာတ်မတည့်မှု) ဖြစ်နိုင်သည်ဟု သံသယရှိပါက၊ သက်သာသွားသည်ဟု ခံစားရသည့်တိုင်အောင် မတ်တပ်မရပ်ပါနှင့် သို့မဟုတ် လမ်းမလျှောက်ပါနှင့်။
သတိပေးချက်: ဤစာမျက်နှာသည် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက်သာ ပထမအကူအညီလုပ်ဆောင်ချက်များကို အကျဉ်းချုပ်ဖော်ပြထားခြင်းဖြစ်ပါသည်။ ၎င်းသည် အပြည့်အစုံလမ်းညွှန်တစ်ခုမဟုတ်သလို ကျွမ်းကျင်သူ၏ ကျန်းမာရေးအကြံဉာဏ်ကို အစားထိုးရန်လည်း မဟုတ်ပါ။
ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အမြဲတမ်း ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။ အရေးပေါ်အခြေအနေများတွင် အရေးပေါ်ဝန်ဆောင်မှုများကို ချက်ချင်းဆက်သွယ်ပါ။

အကျဥ်းချုပ်

ပြင်းထန်ဓာတ်မတည့်မှုဆိုတာဘာလဲ?

အန်နဖိုင်လာစစ်သည် အသက်အန္တရာယ်ရှိသော ပြင်းထန်သောဓါတ်မတည့်မှု ဖြစ်သည်.အန်နဖိုင်လာစစ်သည် အလွန်မြန်မြန်ဖြစ်ပွားသော၊ အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ပြင်းထန်သောဓါတ်မတည့်မှု ဖြစ်သည်။ ယင်းသည် အစားအသောက်၊ ဆေးဝါး သို့မဟုတ် ပိုးမွှားကိုက်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။ သင်သို့မဟုတ် တစ်စုံတစ်ယောက်မှာ အန်နဖိုင်လာစစ်ဖြစ်နေသည်ဟု သံသယရှိပါက၊ ချက်ချင်း အရေးပေါ်ဆေးဘက်ဆိုင်ရာ အကူအညီတောင်းရန် ( လူနာတင်ယာဥ်) ခေါ်ရန် လိုအပ်ပါသည်။

လက္ခဏာများ

အန်နဖိုင်လာစစ်၏လက္ခဏာများသည် အလွန်မြန်မြန် ဖြစ်ပွားနိုင်သည်။

ယင်းသည် သင်ဓါတ်မတည့်သော အစားအသောက်၊ ဆေးဝါး သို့မဟုတ် ပိုးမွှားကိုက်ခြင်းနှင့် ထိတွေ့ပြီး မိနစ်ပိုင်းအတွင်း စတင်ပေါ်ထွက်လာနိုင်ပါသည်။

လက္ခဏာများတွင် အောက်ပါအရာများ ပါဝင်နိုင်ပါသည်:

  • လည်ချောင်းနှင့် လျှာ ရောင်၍ဖောင်းခြင်း
  • အသက်ရှုရခက်ခဲခြင်း သို့မဟုတ် အသက်ရှုမြန်ခြင်း
  • အစာ မျို ရခက်ခြင်း၊ လည်ချောင်းအစ် သောခံစားမှု သို့မဟုတ် အသံဝင် ခြင်း
  • အသက်ရှူစဉ်အသံထွက်ခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အသက် ရှူသံပြင်းခြင်း
  • ပင်ပန်းမောပန်းမှု သို့မဟုတ် စိတ်ရှုပ်‌ထွေးခြင်း
  • မူးဝေခြင်း , သတိလစ် ခြင်း
  • ကိုယ်အေးလက်အေး ဖြစ်ခြင်း
  • အရေပြား၊ နှုတ်ခမ်း သို့မဟုတ် လျှာမှာ ပြာရောင်၊ မီးခိုးရောင် သို့မဟုတ် ဖြူနုရောင် ဖြစ်ခြင်း – အရောင်နုသော အရေပြားရှိသူများအတွက်၊ လက်ဖဝါးများ သို့မဟုတ် ခြေဖဝါးများတွင် ပိုမိုမြင်သာနိုင်သည်

ဖောင်းသော သို့မဟုတ် ယားသော အနာဖုများဖြစ်ခြင်း

အရေးပေါ်ရှေးဦးသူနာပြုနည်း

သင် သို့မဟုတ် တစ်စုံတစ်ယောက်မှာ အန်နဖိုင်လာစစ်ဖြစ်နေသည်ဟု သံသယရှိပါက အောက်ပါအဆင့်များကိုလိုက်နာပါ:

  1. အက်ဒရီနာလင်း အော်တို-အင်ဂျက်တာ (ဥပမာ- EpiPen) အသုံးပြုပါ  လမ်းညွှန်ချက်များသည် အင်ဂျက်တာဘေးဘက်တွင်ပါဝင်ပါသည်။ 
  2. အရေးပေါ်ယာဉ်ခေါ်ရန် ဖုန်းဆက်ပါ  
  3. လဲပါ – ခြေထောက်များမြှောက်နိုင်ပြီး၊ အသက်ရှုခြင်းအခက်အခဲရှိလျှင် ဖြည်းဖြည်းထထိုင်ခြင်း သို့မဟုတ် ပခုံးမြှောက်ခြင်းပြုလုပ်နိုင်သည်။ ကိုယ်ဝန်ဆောင်သူများသည် ဘယ်ဘက်ခြမ်းကိုလဲရန် လိုအပ်သည်။
  4. ပိုးမွှားကိုက်ခံရလျှင် – အဆိပ်ထိုးချန်ခဲ့သောအဆိပ်ကို ရှင်းလင်းထုတ်ပယ်ရန် ကြိုးစားပါ။
  5. ၅ မိနစ်အကြာ သင့်လက္ခဏာများ မတိုးတက်ပါက – ဒုတိယအက်ဒရီနာလင်း အော်တို-အင်ဂျက်တာ ထပ်မံအသုံးပြုပါ။

မည်သည့်အချိန်တွင်မျှ မတ်တပ်မရပ်၊ လမ်းမလျှောက်ပါနှင့်  – သက်သာသော်လည်း မလှုပ်ရှားပါနဲ့။

ဆေးဘက်ဆိုင်ရာ အကူအညီ ဘယ်အချိန်မှာ ရယူသင့်သလဲ။

အောက်ပါလက္ခဏာများဖြစ်ပွားပါက ချက်ချင်း အရေးပေါ်လူနာယာဉ်ခေါ်ရန် လိုအပ်ပါသည်:

  • နှုတ်ခမ်း၊ ပါးစပ်၊ လည်ချောင်း သို့မဟုတ် လျှာ ရုတ်တရက် ဖောင်းခြင်း
  • အသက်ရှုမြန်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း (အသက်ရှူသံထွက်ခြင်း၊ လည်ပင်းအစ်ခြင်း သို့မဟုတ် လေထိုးလိုက်သကဲ့သို့ ခံစားရခြင်း)
  • လည်ချောင်းငင်နေခြင်း သို့မဟုတ် အစားမျိုရခက်ခဲခြင်း
  • အရေပြား၊ နှုတ်ခမ်း သို့မဟုတ် လျှာမှာ ပြာရောင်၊ မီးခိုးရောင် သို့မဟုတ် ဖြူနုရောင် ဖြစ်ခြင်း – အရောင်နုသော အရေပြားရှိသူများအတွက်၊ လက်ဖဝါးများ သို့မဟုတ် ခြေဖဝါးများတွင် ပိုမိုမြင်သာနိုင်သည်
  • မူးဝေခြင်း , စိတ်ရှုပ်ထွေးခြင်း
  • သတိလစ် ခြင်း
  • ကလေးငယ်တစ်ဦးကိုယ်ခန္ဓာ အားနည်း၍ တုန့်ပြန်မှုမရှိခြင်း (ခေါင်း ဘေးသို့၊ နောက်သို့ သို့မဟုတ် ရှေ့သို့ လဲကျနိုင်သည်၊ မိမိခေါင်းထောင် ရန် သို့မဟုတ် မျက်နှာသို့ ဦးတည်ကြည့်ရန် ခက်ခဲနိုင်သည်)

ကုသမှု

အန်နဖိုင်လာစစ်ကို ချက်ချင်းဆေးရုံတွင် ဆေးဝါးကုသမှု လိုအပ်ပါသည်။

ကုသမှုတွင် အောက်ပါအရာများ ပါဝင်နိုင်သည် :

  • အက်ဒရီနာလင်း ကို တိုက်ရိုက် ထိုးဆေး သို့မဟုတ် သွေးကြောမှ တဆင့် ထည့်ခြင်း
  • အောက်စီဂျင် ပေးခြင်း
  • ရေဓာတ်ဖြည့်ရန် သွေးကြောမှတဆင့် အရည်ပေးခြင်း

ဆေးရုံတွင် များသောအားဖြင့် ၂ နာရီမှ ၁၂ နာရီအထိ တင်နေရန် လိုအပ်နိုင်သော်လည်း၊ နောက်ထပ်ကြာရှည်နေရနိုင်ပါသည်။

ဆေးရုံမှ မဆင်းခင် , နောထပ် အန်နဖိုင်လာစစ် ဖြစ်နိုင်မှု အတွက် အက်ဒရီနာလင်း အော်တို-အင်ဂျက်တာ ၂ ခု ခံယူရမည်။

အက်ဒရီနာလင်း အော်တို-အင်ဂျက်တာသည် မိမိကိုယ်တိုင် ထိုးနိုင်ရန် ပြုလုပ်ထားသည့် အထူးစက်ဖြစ်သည်။

ထိုးသွင်းရန် အချိန်နှင့် အသုံးပြုနည်းကို ရှင်းပြပေးမည်။

ဓါတ်မတည့်မှု အထူးကု ဆရာဝန်ထံ သွားရောက် စစ်ဆေးရန်နှင့် အကြံဉာဏ်များ ရယူရန် လွှဲပြောင်းပေးနိုင်သည်။

ကာကွယ်ရန်အချက်များ

အန်နဖိုင်လာစစ်ကို မဖြစ်ရအောင် ကာကွယ်နိုင်သည့် နည်းလမ်းများနှင့် ကြိုတင်ပြင်ဆင်နိုင်မှုများ:

  • မိမိဓါတ်မတည့်သော အစားအစာ၊ ဆေးဝါး သို့မဟုတ် အခြားအရာများကို ရှောင်ရှားရန်,အစားအစာဓါတ်မတည့်မှုရှိပါက အစားအစာအမှတ်တံဆိပ်များကို စုစည်းဖတ်ရှုခြင်း,စားသောက်ဆိုင်များတွင် ဝန်ထမ်းများအား မိမိဓါတ်မတည့်မှုအကြောင်း သေချာအသိပေးခြင်း
  • အက်ဒရီနာလင်း အော်တို-အင်ဂျက်တာ ၂ ခု ကို အမြဲသယ်ဆောင်ထားရန်
  • ထိုအင်ဂျက်တာ၏ သက်တမ်းကုန်ဆုံးမည့် ရက်စွဲများကို မကြာခဏ စစ်ဆေးရန်, သက်တမ်းကုန်မီ အသစ်များကို ပြန်လဲယူရန်
  • အသုံးပြုနည်းကို မကြာခဏ လေ့ကျင့်ရန်,ထိုးဆေးမပါသော စမ်းသပ်ရန် အသုံးပြုနိုင်သည့် အင်ဂျက်တာ (Trainer Injector) ကို အသုံးပြုခြင်း ထိုသင်ကြားမှုအတွက် ထုတ်လုပ်သူ၏ ဝဘ်ဆိုဒ်မှ အော်ဒါပြုလုပ်နိုင်ခြင်း
  • မိသားစုဝင်များ၊ မိတ်ဆွေများ၊ အလုပ်သင်များ သို့မဟုတ် ပြုစုသူများအား အက်ဒရီနာလင်း အော်တို-အင်ဂျက်တာကို မည်သည့်အခါ နှင့် မည်သို့ အသုံးပြုရမည်ကို သင်ကြားပေးပါ
  • အန်နဖိုင်လာစစ်ဖြစ်နိုင်သည်ဟု သံသယရှိလျှင် လက္ခဏာများ မသိသာသေးသော်လည်း အက်ဒရီနာလင်း အော်တို-အင်ဂျက်တာကို ချက်ချင်းအသုံးပြုပါ
  • ဆေးဘက်ဆိုင်ရာ သတိပေးပစ္စည်း (Medical Alert Jewellery) ဝတ်ဆင်ပါ လက်ကောက် သို့မဟုတ် ဆွဲကြိုးပေါ်တွင် မိမိဓါတ်မတည့်မှုအကြောင်း အသိပေးထားခြင်း အရေးပေါ် ဖြစ်လာလျှင် အခြားသူများ သတိပြုနိုင်စေရန်
  • အက်ဒရီနာလင်း အော်တို-အင်ဂျက်တာကို အလွန်ပူသောနေရာ (နေရောင် တိုက်ရိုက် )အေးသောနေရာ (ရေခဲသေတ္တာထဲ) တွင် မထားပါနှင့် ပုံမှန်အပူချိန်တွင် သင့်လျော်သောနေရာတွင် သိုလှောင်ပါ

ဖြစ်ပွားရသောအကြောင်းအရင်း

အန်နဖိုင်လာစစ်သည် မိမိ၏ခန္ဓာကိုယ်က ဓါတ်မတည့်သော အရာ တစ်ခုခုအပေါ် ပြင်းထန်စွာတုံ့ပြန်သောအခါ ဖြစ်ပွားပါသည်။

အချို့သော ဓါတ်မတည့်မှုများ သည် အန်နဖိုင်လာစစ် ဖြစ်နိုင်သည်:

  • အစားအစာများ -  အ စေ့အဆံများ, နွားနို့, ဥအမျိုးမျိုး, ငါး ,နှမ်း
  • ဆေးဝါးများ – ပိုးသတ်ဆေးများ (သောက်ဆေးသို့မဟုတ် ထိုးဆေး)၊ အကိုက်အခဲပျောက်ဆေး(NSAIDs)  non-steroidal anti-inflammatory drugs (NSAIDs)
  • အင်းဆက်များကိုက်ခြင်း
  • မေ့ဆေး , ထုံဆေ
  • latex ရာဘာ (အချို့သော လက်အိတ်များနှင့် ကွန်ဒုံးများတွင် တွေ့နိုင်သည်)

တစ်ခါတစ်လေ အန်နဖိုင်လာစစ် ဖြစ်ပွားသည့်အကြောင်းရင်း ကို မသိနိုင်သော အခါမျိုးများလည်း ဖြစ်နိုင်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
05 January 2025

Start writing here...

အရိုးကျိုးခြင်း (Fractures (Broken Bones))
First Aid +