အရိုးကျိုးခြင်း (Fractures (Broken Bones))

First Aid +
ရှောင်ရန်အချက်များ
ဒဏ်ရာရသောနေရာ သို့မဟုတ် လူနာကို မရွှေ့ပါနှင့်။ လူနာသည်ရုတ်တရက် ကျရောက်နိုင်သော အန္တရာယ်တွင် မရှိလျှင် ဒဏ်ရာရနေသောအနေအထားတိုင်းထားပါ။
အရိုး ကျိုးသော နေရာကိုရိုက် ဖိအားမပေးပါနှင့်။
သတိပေးချက်: ဤစာမျက်နှာသည် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက်သာ ပထမအကူအညီလုပ်ဆောင်ချက်များကို အကျဉ်းချုပ်ဖော်ပြထားခြင်းဖြစ်ပါသည်။ ၎င်းသည် အပြည့်အစုံလမ်းညွှန်တစ်ခုမဟုတ်သလို ကျွမ်းကျင်သူ၏ ကျန်းမာရေးအကြံဉာဏ်ကို အစားထိုးရန်လည်း မဟုတ်ပါ။
ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အမြဲတမ်း ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။ အရေးပေါ်အခြေအနေများတွင် အရေးပေါ်ဝန်ဆောင်မှုများကို ချက်ချင်းဆက်သွယ်ပါ။

အကျဥ်းချုပ်

fractureဆိုတာ ဘာလဲ 

အရုိး ကျိုးသွား အက်သွားခြင်း ကို အရုိး ကျိုးခြင်း (fracture ) ဟုခေါ်သည်။open fractureအခြေအနေမှာOpen fracture ကတော့ အရိုးဟာ အရေပြားကို ဖောက်လာခြင်းဖြစ်သည်။ 

Closed fracture မှာတော့ အရိုးဟာ ကျိုးပေမယ့် အရေပြားကို ပေါက်လာခြင်းမရှိပါဘူး

ကျိုးသွားတဲ့ အရိုးက ကိုယ် တွင်းသွေး ယိုစီးခြင်းဖြစ်နိုင်ပြီး ရှော့ခ်ရ နိုင်ပါသည်။ 

လက္ခဏာများ

အရိုးကျိုးခြင်း၏လက္ခဏာများမှာ

  • ဒဏ်ရာရရှိတဲ့နေရာပတ်လည်မှာ နာခြင်း၊ ရောင်ခြင်း၊ အညိုအမဲစွဲခြင်း
  • လှုပ်လိုက်ရင်၊ ဖိလိုက်ရင် နာကျင်မှု ပိုဆိုးခြင်း
  • အရိုး မှာ တိုသွားခြင်း လိမ်ခြင်း၊ ကွေးခြင်း 
  • အရိုးကျိုးသောနေရာ အဆုံးတွင် အသံမြည် ခြင်း 
  • အရိုးကျိုးသောနေရာမှာ မလှုပ်ရှားနိုင်ခြင်း 
  • Open fractures တွေမှာ အရေပြားဖေါက်လာတဲ့ အရိုးကို မြင်နိုင်ခြင်း
  • အထူးသဖြင့် ပေါင်ရိုး တင်ပါးဆုံရိုး ဆီးခုံရိုးကျိုးသောအခ ါ ရှောခ့် လက္ခဏာများ ဖြစ်ခြင်း 

အရေးပေါ်ရှေးဦးသူနာပြုနည်း

လူတစ်ဦးတွင် အရိုးကျိုးခြင်း သို့မဟုတ် အဆစ်ကျိုးခြင်း ရှိသည်ကို သတ်မှတ်ရန် အခက်အခဲများရှိနိုင်သည်၊သင့် အနေဖြင့် သံသယရှိပါက အရိုးကျိုးသည့် ဒဏ်ရာ အ နေဖြင့် ကုသပါ။ 

  1. သတိလစ်ပြီး သွေး ထွက် လွန် နေပါက သွေး  တိတ်အောင် လုပ်ပြီး CPR လုပ်ပါ။   CPR. 
  2.  open fracture ဖြစ်ပါက  ဒဏ်ရာကို ပိုးသတ်အဝတ်ဖြင့် အုပ်ပြီး ဒဏ်ရာ တစ်ဝိုက်ကို ဖိအား ပေးပြီး သွေးထွက်ခြင်းကိုနည်းအောင်လုပ်ပါ။ ထို့နောက် ပတ်တီးစည်းပါ။
  3. လူနာသည် သတိ ရှိနေပါက   ဆေးရုံ သို့မရောက်မချင်း ကျိုးသည့် နေရာကို ငြိမ်နိုင်သမျှ ငြိမ် ငြိမ် ထားပါ။ ကျိုးသောအရိုးဆစ် နေရာရဲ့ အပေါ်နှင့် အောက်ကုိ ကိုင်ပြီး ငြိမ်အောင် ထားပါ။ 
    ထိခိုက်မှုရှိသောနေရာအပေါ် padding ထည့်၍ ထောက်ပံ့ မှု  ပေးပါ။
  4. ဒဏ်ရာရသောနေရာ သို့မဟုတ် လူနာကို မရွှေ့ပါနှင့်။ လူနာသည်ရုတ်တရက် ကျရောက်နိုင်သော အန္တရာယ်တွင် မရှိလျှင် ဒဏ်ရာရနေသောအနေအထားတိုင်းထားပါ။
  5. သင့်အနေဖြင့် အားလုံးကို စီမံပြီးနောက် ထိုသူကို ဆေးရုံသို့ သွားရန် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ပါ။

နာကျင်မှုမများပါက၊ သူ့ကို ကားဖြင့် ဆေးရုံသို့ သယ်ဆောင်နိုင်ပါသည်။ ကားမောင်းခြင်း ကို အခြားသူတစ်ယောက်က ပြုလုပ်နိုင်ပါက၊ သင့် အနေဖြင့်  ထိခိုက်သူကို ပြုစုစောင့်ရှောက်နိုင်ပါသည်။

အကယ်၍ အောက်ပါကိစ္စများရှိပါကအရေး ပေါ် လူနာတင်ယာဥ် ခေါ်ဆိုပါ:

  • သူတို့အတွက် အလွန်နာကျင်နေပြီး သက်သာရန် ဆေး လိုအပ်ပါက – ဆေးရုံကားခေါ်ပြီး၊ သူတို့ကို မလှုပ်ရှားပါနှင့်
  • သူတို့၏ခြေထောက်ကျိုးကြောင်း မြင်သာပါက – သူတို့ကို မလှုပ်ရှားပါနှင့်၊ သူတို့ကို ဖြစ်တဲ့အနေအထားတွင် ထားပြီး၊ ဆေးရုံကားခေါ်ဆိုပါ
  • သူတို့အတွက် အရိုးကျိုးခြင်း သို့မဟုတ် ကျောရိုးကျိုးကြောင်း သံသရရှိပါက – ဆေးရုံကားခေါ်ပြီး၊ သူတို့ကို မလှုပ်ရှားပါနှင့်

 ထိခိုက်ဒဏ်ရာရထားသော သူကို အစားအသောက် များ မ ပေးပါနှင့်၊ သူတို့သည် ဆေးရုံတက်ရာတွင် ထုံဆေး (အနာသက်သာဆေး ) လိုအပ်နိုင်ပါသည်။

ဆေးဘက်ဆိုင်ရာ အကူအညီ ဘယ်အချိန်မှာ ရယူသင့်သလဲ။

အောက်ပါအခြေအနေများရှိပါက အရေးပေါ်ဆေးဘက်အကူအညီ (ဥပမာ: အရေးပေါ်ဌာန) ခေါ်ယူပါ။ :

  • အရိုးသည် အပြင် သို့ထွက်နေပါက 
  • ကျောရိုး၊ လည်ပင်းရိုး၊ ဆီးခုံရိုးကျိုးသည်ဟု သံသယရှိပါက 
  • ခြေထောက်ကျိုးပါက 
  • ဆိုးရွားသော အရိုးကျိုးခြင်း ၊ မလှုပ်ရှားနိုင်တော့ခြင်း နာကျင်မှု ပြင်း ထန်ခြင်း 
  • ထိခိုက်သော နေရာတွင် ထုံ ခြင်း ခံစားမှုမရှိ ခြင်း 
  • ရှောခ့် လက္ခဏာများ

ဆေးဘက်ဆိုင်ရာအကူအညီ ရယူပါ:

  •  လက္ခဏာများ မပြင်းထန်သော်လည်း အရိုးကျိုးသည်ဟု သင်ထင်ပါက၊

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
05 January 2025

Start writing here...

ဦးခေါင်းဒဏ်ရာနှင့် ဦးနှောက်ထိခိုက်ခြင်း (Head Injury and Concussion)
First Aid +