ရှောင်ရန် အချက်များ
တစ်စုံ တစ်ဦး သည် သတိ မရှိ တုံ့ပြန်ခြင်းမရှိ ပဲဖြစ်ပါက အရေးပေါ်သို့ချက်ချင်းခေါ် ဆိုပါ။
ဦး ခေါင်းထိခိုက်မှုရှိပါက တစ်ယောက်တည်း မထားပါနှင့်။
မှတ်ချက်: ၎င်းစာမျက်နှာသည် ပညာရေးရည်ရွယ်ချက်များအတွက် ပထမဦးဆုံး ကုသမှု လုပ်ဆောင်မှုများအကြောင်းကို အကျဉ်းချုပ် ပေးထားပါသည်။ ၎င်းသည် အပြည့်အစုံ လမ်းညွှန်လွှာ မဟုတ်ပဲ ပရော်ဖက်ရှင်နယ် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို အစားထိုးမထားပါ။
မည်သည့်စိုးရိမ်မှုများအတွက် မဆို မိမိ၏ ဆေးဘက်ဆိုင်ရာ ပံ့ပိုးသူနှင့် အမြဲဆွေးနွေးပြီး၊ အရေးပေါ်အခြေအနေများတွင် အရေးပေါ် ဝန်ဆောင်မှုများကို ဆက်သွယ်ပါ။
အကျဥ်းချုပ်
ဦးခေါင်း ထိခိုက်ခြင်းများအားလုံးမှာ အရေးကြီးပြီး အလျင်အမြန်ဖြေရှင်းရန် လိုအပ်ပါသည်။
ဦးခေါင်းထိခိုက်ခြင်းသည် ဦးနှောက်တစ်ရှူး ထိခိုက်ခြင်းများ သို့မဟုတ် ဦးခေါင်းခွံ အက်ခြင်း လည်ပင်းနှင့် ကျောရိုးများပေါ်တွင် ထိခိုက်ခြင်းများ ဖြစ်စေနိုင်သည်။
သင်သို့မဟုတ် သင့်ကလေးသည် ခေါင်းထိခိုက်ခြင်းဖြစ်ပြီးနောက် လက္ခဏာများရှိပါက ဆေးဘက်ဆိုင်ရာ ကူညီမှုကို ရယူရန် လိုအပ်ပါသည်။ သင်မှာ ဦးနှောက်အသေးစားထိခိုက်မှုဖြစ်နိုင်ပြီး ရက် သတ္တပတ် အနည်းငယ်ကြာနိုင်ပါသည်။
အရေးပေါ်ပထမဆုံးကူညီမှု အဆင့်များ
- လူနာ သည် တုံ့ပြန်မှုရှိပါက ထိုင်စေပြီး ထိခိုက်ရာနေရာတွင်ရောင် ရမ်းခြင်းလျော့ကျအောင် ရေခဲ တင်ပေးပါ၊ ရေခဲအိတ်ကို ပုဝါ တစ်ခုခုဖြင့် ပတ်ပြီး အသုံးပြုနိုင်သည်။
- ဤသို့လုပ်နေစဉ်တွင် လူနာ၏ တုံ့ပြန်မှုအဆင့်ကို အကဲဖြတ်ရန် ကြိုးပမ်းပါ။:
- သတိရှိနေလား, မျက်စိပွင့် နေလား
- သင်စကားပြောတဲ့အခါ တုံ့ ပြန်မှု ရှိလား , ပြောတဲ့ စကားတွေကို နားလည်လား
- နာကျင်မှု ကိုတုံ့ပြန်နိုင်လား
သင်သည် မျက်ခုံးချိုင့်အနားရှိ မျက်စိကို ဖိ၍ ၁၀ စက္ကန့်အကြာမှာ လက်မဖြင့် ဖိပါက၊ သူတို့၏ မျက်လုံးများကို သတိပြု၍ ဖွင့်ခြင်း သို့မဟုတ် တုံ့ပြန်မှု ရှိပါသလား။ - အထက်ပါအရာများအားလုံးတွင် တုံ့ပြန်မှုမရှိပါက၊ သူတို့သည် တုံ့ပြန်မှုမရှိပါက သို့မဟုတ် စိုးရိမ်မိပါက၊ ချက်ချင်း ဆေးဝါးအကူအညီခေါ်ရန် ဖုန်းဆက်ပါ။
- သူတို့၏ တုံ့ပြန်မှုအဆင့်ကို ဆက်လက်စောင့်ကြည့်ပါ။
- ထိခိုက်မှုရှိခဲ့သောသူသည် သတိရှိပြီး တုံ့ပြန်နေပါက၊ သူတို့၏ ဦးခေါင်းထိခိုက်မှုသည်အနည်းသာ ဖြစ်နိုင်ပါသည်။ သင်သို့မဟုတ် အခြားသော တာဝန်ရှိသူတစ်ဦးသည် သူတို့ပြန်လည်သက်သာသည် အထိ သူတို့နှင့်အတူ စောင့်ကြည့်ပါ။
- သင့်အနေဖြင့် သူတို့သည် သတိ မရှိပါက သို့မဟုတ် တုံ့ပြန်မှုမရှိပါက သို့မဟုတ် သူတို့သည် သတိမရှိသောကြောင့် ဦး ခေါင်းထိခိုက်မှုသည် ပို၍ ပြင်းထန်နိုင်ပါသည်။ အရေးပေါ်ကူညီမှုအတွက် ဆေးရုံကို ဖုန်းခေါ်၍ ထိခိုက်မှုအကြောင်းကိုရှင်းပြပါ။
- ဘယ် အချိန်မှာမဆို သူတို့သည်အသိမရှိတော့ပါက၊ အသက်ရှူ လမ်းကြောင်းကိုဖွင့်ပြီး၊ အသက်ရှူမှု ကို စစ်ဆေးပြီး၊ မ တုံ့ ပြန်နိုင်သော အခြေအနေသို့ ရောက်နေသူတစ်ဦးကို ကုသရန်ပြင်ဆင်ပါ။
သူတို့၏ထိခိုက်မှုသည် အားကစားလုပ်ခြင်း ကြောင့်ဖြစ်ပါက၊ ဆရာဝန် ခွင့်ပြုချက်မရခင်အထိ အားကစားလုပ်ခြင်းကို နားထားရပါမည်။
အကြံပြုသည်မှာ ခေါင်းထိခိုက်မှုသည် ပိုမိုဆိုးလာပါက သို့မဟုတ် အောက်ပါများတွင် တစ်ခုခုနှင့် က်ဆိုင်ပါက ကျန်းမာရေးကူညီမှု ရယူရန် အကြံပြုပါ။:
- ၆၅ နှစ်နှင့် အထက်ရှိသူများ
- ဦးနှောက် ခွဲစိတ်မှု လုပ်ဖူးထားသူများ
- သွေးကြဲ ဆေးသောက်နေသူများ
- မူးယစ်ဆေးသုံးသူ အရက်သောက်သူများ
- ပြုစု စောင့်ရှောက်ပေး မည့် သူမရှိသူများ
ဆေးဘက်ဆိုင်ရာ အကူအညီ ဘယ်အချိန်မှာ ရယူသင့်သလဲ။
ခေါင်းထိခိုက်ပြီး လူတစ်ဦးတွင် အောက်ပါလက္ခဏာများရှိပါက အရေးပေါ် ဆေးရုံ ကားခေါ် ပါ။
- သတိလစ်ပြီး သတိပြန်မလည်လာပါက
- နိုးကြားရန်ခက်ခဲခြင်း မျက်စိဖွင့်ရန်ခက်ခဲခြင်း ဖြစ်ပါက
- တက်ခြင်း
- ၁မီတာ အထက် သို့မဟုတ် လှေကား ၅ ထစ် လောက်ကနေ ပြုတ်ကျပါက
- အမြင် အကြား အာရုံ တစ်ခုခု ပြဿနာရှိပါက
- မျက်စိကိုတိုက်ရိုက်မထိ ခိုက်ပဲ မျက်လုံး အနက်ရောင် ဖြစ် လာပါက
- နားရွက် သို့မဟုတ် နှာခေါင်း မှ အရည် ကြည်များထွက်ပါက
- နားရွက်မှ သေွး ထွက်ခြင်း နားရွက် နောက်ဘက်တွင် အညိုအမဲ စွဲခြင်း
- ကိုယ် အစိတ်အပိုင်း တွင် ထုံခြင်း
- အရေးအပြော စွမ်းရည်၊ နားလည်ခြင်း၊ လမ်းလျှောက်ခြင်း၊ ဟန်ချက်ထိန်းခြင်းတို့တွင် ပြဿနာရှိခြင်း
- ခေါင်းကိုအပြင်းအထန် ထိခိုက်မိခြင်း (ဥပမာ-ကားအက်စီးဒင့် ၊ စက်ဘီးမှောက်ခြင်း)
- ခေါင်းထိခိုက်ပြီး အတွင်းမှာတစ်ခုခုရှိနေပါက , ချိုင့်ဝင်နေပါ က
သင် သို့မဟုတ် သင်၏ကလေးသည် ခေါင်းထိခိုက်ပြီးနောက် အောက်ပါအချက်များရှိပါက ဆေးရုံသို့ သွားပါ:
- သတိလစ်ပြီး သတိပြန်ရလာပါက
- အန်ပါက
- အကိုက်အခဲ ပျောက်ဆေးသောက်သော်လည်း ခေါင်းကိုက်ခြင်းမပျောက်ပါက
- အပြု အမူ များပြောင်းလဲပါက , စိတ်ဆတ်ခြင်း , ပတ်ဝန်းကျင်မှ အဖြစ် အပျက်များကို စိတ်ပါဝင်းစားမှု လျော့ နည်းခြင်း ( အထူး သ ဖြင့် အသက် ၅ နှစ်အောက် ကလေးများ)
- အငိုသန်ခြင်း(ကလေးငယ်များတွင် )
- မှတ် ဉာဏ် ဆိုင်ရာပြဿနာများ
- ခေါင်းမထိခိုက်ခင် အရက်သောက်ခြင်း , မူးယစ်ဆေးသုံးခြင်းများရှိခြင်း
- သေွးမတိတ် ရောဂါရှိသူ (သို့) သွေးကြဲဆေး သောက် သူဖြစ်ပါက
- အရင် က ဦးနှောက်ခွဲ စိတ်မှု ပြလုပ်ဖူးပါက
ဦးနှောက်အသေးစား ထိခိုက်မှု ဖြစ်ပါက လက္ခဏာများသည် ၂၄ နာရီအတွင်း ပြ နိုင်ပါသည်။ တစ်ခါတစ်ရံ သုံးပတ်ထိကြာအောင် လက္ခဏာမပြတာမျိုးလည်းရှိနိုင်ပါသည်။
မည်သူမဆို မတော်တဆ မဖြစ်ပဲ ထိခိုက်မှုရှိသည်ဟု သင်ထင်မြင်ပါက အရေး ပေါ် ဌာန (Emergency Department) သို့ သွားသင့်ပါသည်။
ပြန်လည်သက်သာခြင်း
အနည်းငယ်သာ ထိခိုက်မှုရှိသော ဦးခေါင်းထိခိုက်မှုကို မည်သို့ ပြုစုရမည်နည်း
သင်သည် ဆေးရုံမှ အနည်းငယ်သာ ထိခိုက်မှုရှိသော ဦးခေါင်းထိခိုက်မှုဖြင့် အိမ်ပြန်လာရပါက သို့မဟုတ် ဆေးရုံသို့ သွားရန် မလိုအပ်ပါက သင်၏ ကိုယ်တိုင် (သို့) သင့်ကလေးကို အိမ်တွင် ပြုစုနိုင်ပါသည်။
သင်သည် ဦးနှောက်အသေးစား ထိခိုက်ခြင်း (concussion) အခြေအနေကြောင့် ခေါင်းကိုက်မှုအနည်းငယ် (သို့) ကိုယ်မသက်သာခြင်း၊ မူးဝေခြင်းကဲ့သို့သော လက္ခဏာများကို တစ်ပါတ် ၂ ပတ်အထိ ခံစားရနိုင်ပါသည်။
လုပ်ရန် :
- ရောဂါဖြစ်နေသည့်နေရာတွင် ရေခဲအိတ် (သို့) ရေခဲထားသော ပဲအိတ်ကို ပုဝါဖြင့် ထုပ်ပေးပြီး မကြာခဏ အချိန်တိုတိုဖြင့် ကပ် ပေးပါ။ ယင်းသည် မဖြစ်မနေဖြစ်သော ရောင်ရမ်းမှုကို လျော့ချနိုင်ပါသည်။
- သက်သာရန် အနားယူပါ။ စိတ်ဖိစီးမှုမှ ရှောင်ကြဉ်ပါ။ သင် (သို့) သင့်ကလေးသည် ပင်ပန်း နေပါက နိုးကြားစွာနေရန်မလို အပ်ပါ။
- ခေါင်းကိုက်ခြင်းအတွက် ပါရာဆီတမောလ် (paracetamol) ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို သုံးနိုင်ပါသည်။
- သင် (သို့) သင့်ကလေးကို အနည်းဆုံး ၂၄ နာရီလောက် တစ်ဦးတစ်ယောက်ဖြင့်အတူရှိနေရန် သေချာစေပါ။
မလုပ် :
- သင့်ကိုယ်ခန္ဓာ မသက်သာလာမချင်း မောင်းနှင်ခြင်း၊ အလုပ်သို့ ပြန်သွားခြင်း သို့မဟုတ်ကျောင်းသို့ ပြန်သွားခြင်းများ မပြုလုပ်ပါနှင့်။
- အနည်းဆုံး ၃ ပတ်အထိ တိုက်ခိုက်မှုပါဝင်သည့် အားကစားများ မဆော့ပါနှင့်။ ကလေးများအတွက်လည်း ရက်အနည်းငယ်အထိ ကြမ်းတမ်းသည့်ကစားမှုများကို ရှောင်ရှားပါ။
- သင့်ကိုယ်ခန္ဓာ သက်သာလာမချင်း မူးယစ်ဆေးများ သို့မဟုတ် အရက်မသောက်ပါနှင့်။
- ဆရာဝန်၏ အကြံပြုချက်မရှိဘဲ အိပ်စက်ဆေးများ မသုံးပါနှင့်။
GP ကို သွားရောက်ပြသပါ - :
- သင် သို့မဟုတ် သင့်ကလေး၏ လက္ခဏာများ ၂ ပတ်ထပ်မံကျော်လွန်လျှင်
- မောင်းနှင်ခြင်း၊ အလုပ်/ကျောင်းသို့ ပြန်သွားခြင်း သို့မဟုတ် အားကစားပြန်ဆော့ခြင်းများ လုပ်ဆောင်ရန်သေချာမှုမရှိလျှင်
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.
Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
05 January 2025
Start writing here...